Wednesday, November 23, 2016

တပ်မတော်လေယာဉ်တစ်စီး အင်ဂျင်စက်နှိုး စမ်းသပ်စဉ် မီးလောင်မှုဖြစ်ပွား

ရန်ကုန်မြို့၊ မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်၌ ယနေ့(နိုဝင်ဘာ ၂၃ ရက်) နံနက် ၉ နာရီ ၄၀ မိနစ် က F-7 လေယာဉ်တစ်စီးကို စက်နှိုးစမ်းသပ်ရာ အင်ဂျင်မှတစ်ဆင့် စတင်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဖြစ်စဉ်မှာ ၎င်းလေယာဉ်ကို ပြင်ဆင်ရန် မြေပြင်၌ ရပ်နားထားရှိပြီး စက်နှိုးစမ်းသပ်စဉ် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မီးစတင်လောင်ကျွမ်းရခြင်း အကြောင်းအရင်းအား ဆက်လက် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ လေယာဉ်မီးလောင်မှုကို မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ မီးသတ်ယာဉ်များ၊ ရန်ကုန်လေဆိပ်မှ မီးသတ်ယာဉ်များဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၅၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့ပါသည်။

No comments:

Post a Comment