Monday, November 28, 2016

သတ်မှတ်ရက်ကျော်လွန်ချိန်အထိ ညဈေးတွင် ဈေးမရောင်းပါက ဆိုင်ခန်း ပြန်သိမ်းမည်

သတ်မှတ် ရက်ကျော်လွန်သည်အထိ ညဈေး တွင်မရောင်းသောဈေးသည်များ၏ ဆိုင်ခန်းကို သိမ်းယူသွားမည်ဖြစ် ကြောင်း သိရသည်။ ညဈေးတန်းသို့ပြောင်းရွှေ့ ရောင်းချရမည့်နောက်ဆုံးရက်ကို သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေး အဖွဲ့မှ ဈေး သည်များ အား လိုက်လံအသိပေးနေပြီဖြစ်ပြီး ကြောင်း ရန်ကုန်မြို့တော်စည်ပင်၊ စီမံရေးရာဌာနမှတာဝန်ရှိသူတစ်ဦး က နိုဝင်ဘာ ၂၆ ရက်တွင် ဒီမိုကရေ စီတူဒေးသို့ပြောသည်။ "အပြီးရွှေ့ပြောင်းရောင်းချဖို့ သတ်မှတ်တဲ့ရက်တွေကတော့ တစ်ခု နဲ့တစ်ခုတူချင်မှတူလိမ့်မယ်။ ဒီလမ ကုန်ခင်မှာတော့ အားလုံးရွှေ့ပြောင်း ရောင်းချကြဖို့စီစဉ်နေတာ။ ညဈေး မှာလာမရောင်းတဲ့ဆိုင်ခန်းတွေကို ပြန် သိမ်းမယ်။ ပြီးရင် လမ်းကြား ထဲဝင် ရောင်းရမယ့်ဈေးသည်တွေကို စိစစ်ပြီး တော့ အဲဒီဈေးသည်တွေကိုနေရာချ ထားပေးသွားမယ်။ ခုချိန်ထိတော့ လာမရောင်းသေးတဲ့စာရင်းတော့ အ တိအကျမရသေးဘူး " ဟု ၎င်း က ပြောသည်။

ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးအတွက် လမ်းမပေါ်မှဈေးသည်များ စနစ်တ ကျရောင်းချနိုင်ရန်ဆောင်ရွက်ရေး သည်လည်း အဓိကကျ သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်ရပ် မိရပ်ဖများပူးပေါင်းကာ ရန်ကုန်ည ဈေး ကို အကောင်အထည်ဖော်ခဲ့ ခြင်းဖြစ်ပြီး ညဈေးတွင်လိုက်ပါ ရောင်းချခွင့်မရဘဲ လမ်းကြားများတွင် ၀င်ရောက်ရောင်းချ ရမည့် ဈေး သည် များအတွက်လည်း နေရာစီစဉ်ပေး နိုင်ရန် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်ကော်မတီဝင်(၅)ဖြစ်သူ ဒေါ်သန်းမြင့်အောင်က ပြောသည်။
"ဈေးသည်ဆိုတာဈေးထဲမှာ ပဲရှိရမယ်။ လမ်းမဆိုတာ ကားသွားဖို့။ ပလက်ဖောင်းဆိုတာလူသွားလမ်း။ ည ဈေးဆိုင်ခန်းတွေမှာ သွားရောင်းချ ခွင့်ရတဲ့ ဈေးသည်တွေအနေနဲ့ နဂို နေရာမှာတော့ ရောင်းချခွင့်မရှိတော့ ဘူး " ဟု ၎င်း ကပြောသည်။
မြို့တွင်းလေးမြို့နယ်အတွင်း ဈေးသည်ခြောက်ထောင်ကျော်ရှိ သည့်အနက်နေရာအခက်အခဲရှိခြင်း ကြောင့် သစ်သီးနှင့် စားသောက်ဆိုင် စုစုပေါင်းတစ်ထောင့်ခြောက်ရာ ကျော်ကိုသာ နေရာပေးနိုင်ခြင်းဖြစ် ကြောင်း သိရသည်။
ညဈေးတွင် ရောင်းချခွင့်ရရှိ သည့်ဈေးသည်အချို့မှာ ညဈေးတွင် ၎င်း တို့ပြန်လည် ရရှိသည့်နေရာသည် ယခင်ကရောင်းချခဲ့ သည့် နေရာနှင့် နှိုင်း ယှဉ် လျှင်နေ ရာကျဉ်းသည့်အတွက် ညဈေးတွင်ရောင်း ချလိုခြင်းမရှိ ကြကြောင်း ဈေးသည်များထံမှ သိ ရသည်။
ယင်းနှင့်ပတ်သက်ပြီး သစ်သီး အရောင်းဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးဇော်မိုးက " ရထားတဲ့ဆိုင်ခန်းနေ ရာက အရမ်းကျဉ်းတော့ အဆင်မ ပြေ ဘူး။ သစ်သီးဆိုတာအမျိုးအစား ခွဲပြီးရောင်းရ တာ နေရာကျယ်ဖို့လို တယ်။ လက်ရှိရောင်းနေတဲ့နေရာက အဆင်ပြေ တယ်။ ဒီစနေ၊ တနင်္ဂနွေ မှာ သစ်သီးတွေကို လက်ရှိနေရာ မှာပဲရောင်းမယ်။ တနင်္လာနေ့မှ ည ဈေးမှာ အခြေ အနေကြည့်ပြီး ရောင်း မယ် " ဟုပြောသည်။
ညဈေးတွင်ရောင်းချခွင့်ရရှိ ထားသည့် ဈေးသည်များအပါအ၀င် ကျန်ဈေး သည်များအားလုံးအဓိက လမ်းမကြီး ၁၁ လမ်းပေါ် တွင် ရောင်း ချခြင်းမပြုရန် အသိပေးမှုများ ဆောင်ရွက်နေပြီဖြစ်ပြီး အဓိက လမ်း မကြီး ၁၁ လမ်းပေါ် တွင် ရောင်းချနေ သည့်ဈေး သည်များအား ဒီဇင်ဘာ လမှစတင်၍ စည်ပင်ဥ ပဒေ အတိုင်း ထိရောက်စွာ အရေးယူသွားမည်ဖြစ် ကြောင်း သိရသည်။
TTMT, ZLH

No comments:

Post a Comment