Thursday, November 17, 2016

ကျောက်ဖြူခရိုင်တွင်(၂၀၁၇)ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျောက်ဖြူခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေး ခန်းမ၌ နိုဝင်ဘာလ(၁၇) ရက်နေ့၊ နံနက်(၁၀း၃၀) တွင်(၂၀၁၇) ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲ အတွက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြု လုပ်ခဲ့ပါသည်။ အခမ်းအနားကို ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်မြတ်ထွန်းမှ အဖွင့် အမှာစကား ပြောခဲ့ပြီး၊ ခရိုင် ရွေးကောက်ပွဲအရာ ရှိဦးဌေးအောင်ခိုင်မှ (၂၀၁၇) ခုနှစ်ကြားဖြတ် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်း တင်ပြခဲ့ရာ၊ ခရိုင်ရွေး ကောက်ပွဲအဖွဲ့သည် ကျောက်ဖြူမြို့ပေါ်ရှိ လူများယုံကြည်အားကိုယ်သူများ ဖြစ်သော(၆)ဦးနှင့်ဌာန ဆိုင်ရာ (၉)ဦးဖြင့် ဖွဲ့စည်းလျှက်ရှိ ပါကြောင်း၊ ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအတွက် အမ်းမြို့ နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ် နေရာရှိပါကြောင်း၊ အမ်းမြို့နယ်တွင် ၁.၄.၂၀၁၇ ခုနှစ်တွင် (၁၈)နှစ် ပြည့်ပြီးသူများအား တစ်အိမ်တက်ဆင်း စာရင်းကောက်ခံလျှက် ရှိပါကြောင်း၊ မဲစာရင်းတွင် မိသားစု အလိုက်ဖော်ပြနိုင်ရန်အတွက် ဆောင်ရွက်လျှက်ရှိပါကြောင်း ပြောကြားခဲ့ပြီး၊ တက်ရောက် သူများမှ မေးမြန်းချက်များကို ကော်မရှင်ဥက္ကဌမှ ပြန်လည်ဖြေကြားခဲ့ပြီး၊ အခမ်းအနား (၁၁း၀၀) တွင် ပြီးစီးသွားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment