Saturday, November 26, 2016

လုံခြုံရေးတင်းကျပ်သော ရန်ကုန်တိုင်းအစိုးရ ရုံးဝင်းအတွင်း အသေးစားပေါက်ကွဲမှု ဖြစ်ပွား

 လုံခြုံရေးတင်းကျပ်သောရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးဝင်း အတွင်း ယမန်နေ့ညနေက အသေးစား ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားပြီး မပေါက်ကွဲသေးသည့် လက်လုပ်အ သေးစားဗုံးတစ်လုံး ထပ်မံတွေ့ရှိရာ ရန်ကုန်မြို့၌ ကိုးရက်အတွင်း အသေး စားပေါက်ကွဲမှု လေးနေရာဖြစ်ပွားခဲ့ သည်။ ရန်ကုန်မြို့တွင် အစိုးရရုံးများ အတွင်းပေါက်ကွဲမှု နှစ်ရက်ဆက် ဖြစ်ပွားခြင်းဖြစ်ပြီး နိုဝင်ဘာ ၂ ရက် ညနေကဖြစ်ပွားသည့် ပေါက်ကွဲမှု သည် သာမန်ပြည်သူများ ဝင်ထွက်သွားလာခွင့်မရှိဘဲ လုံခြုံရေးတင်းကျပ်ထားသည့် ရန်ကုန်တိုင်းအစိုးရရုံးဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်သည်။ ရန်ကုန်တိုင်း အစိုးရရုံးဝင်းအ တွင်းရှိ ဒုစရိုက်နှိမ်နင်းရေးရဲတပ် ဖွဲ့၏လူပျိုဆောင်အနီးနှင့် လူဝင် မှုကြီးကြပ်ရေးရုံးအနီးတွင် ပေါက် ကွဲခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ယခုပေါက်ကွဲမှုသည် ယခင် ရက်များက ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကဲ့သို့ပင် M-150 အချိုရည် ပုလင်းအတွင်း၌ ဓာတ်ငွေ့အရည် ထည့်ကာ ဖောက်ခွဲခြင်းဖြစ်သည်။
‘‘ပေါက်ကွဲမှု ဖြစ်ပွားတာ ဟုတ်ပါတယ်။ နှစ်လုံးပေါက်ကွဲ တာပါ။ အရင်ဖြစ်စဉ်တွေနဲ့အတူ တူပါပဲ။ လူထိခိုက်တာတော့မရှိ ပါဘူး’’ဟု ရန်ကုန်တိုင်းအစိုးရအ ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၇ရက်မှ ၂၅ ရက်အထိ ကိုးရက်အ တွင်း အစိုးရရုံးနှင့် ဈေးဝယ်ကုန် တိုက်များအပါအဝင် အသေးစား ပေါက်ကွဲမှုလေးနေရာ ဖြစ်ပွားခဲ့ ပြီး ပေါက်ကွဲမှု ၁၂ ကြိမ်ဖြစ်ပွားခဲ့ သည်။ နိုဝင်ဘာ ၂၄ ရက်က ရန် ကုန်မြို့ တောင်ဒဂုံမြို့နယ်ရှိ လူ ဝင်မှုကြီးကြပ်ရေးရုံးအတွင်း အ သေးစားပေါက်ကွဲမှု လေးကြိမ် ဖြစ်ပွားခဲ့သည်။
နိုဝင်ဘာ ၂၀ ရက် ညက လည်း ဒေါပုံမြို့နယ်ရှိ Capital Hypermarket ဈေးဝယ်စင်တာ တွင် မိနစ်ပိုင်းအတွင်း နေရာနှစ်ခု ၌ အသေးစား ပေါက်ကွဲမှုလေး ကြိမ်ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက် ည ၇ နာရီကျော်တွင် မရမ်းကုန်း မြို့နယ် ပြည်လမ်းနှင့် တော်ဝင် လမ်းထောင့် Ocean Center မြေညီထပ်ရှိ အများသုံးအမျိုးသား သန့်စင်ခန်းအတွင်းနှင့် ကားပါ ကင်တို့၌ ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။ ရန်ကုန်မြို့တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ် လာသောကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြသည်။
‘‘လုံခြုံရေးကတော့ ဗုံးတွေ မပေါက်ခင်ကတည်းက စိတ်ပူပြီး သားပါ။ လုယက်မှုတွေ၊ လက် နက်ကိုင်ပြီး မြို့လယ်ကောင်မှာ ရန်ဖြစ်ကြကတည်းကပါ။ အခု ပေါက်ကွဲနေတာက အစိုးရလည်း မဟုတ်၊ အကြမ်းဖက်သမား လည်း မဟုတ်တဲ့ Third Party တစ်ခုလို့ ထင်တယ်’’ ဟု ရန်ကုန် မြို့ ပန်းဘဲတန်းမြို့နယ်နေ ကိုမျိုး ဇော်က ပြောသည်။
ရန်ကုန်တိုင်း အစိုးရရုံးအ တွင်း ပေါက်ကွဲမှုဖြစ်ပွားသည့်အ ကြောင်းကို 7Day လူမှုကွန်ရက်စာမျက်နှာအောက်တွင် Kyaw Lwin Oo အမည်ရှိ ဖေ့စ်ဘွတ်ခ် အကောင့်က‘‘မင်းတို့ကစားကွက် ကလည်း မြန်မာဘောလုံးအသင်း ကစားကွက်လိုပဲ။ ရိုးနေပြီ။ ကစား ကွက်လေး ဘာလေးလည်း ပြောင်းလိုက်ဦး’’ဟု မှတ်ချက် ရေးသား ထားပြီး Khin Maung Zaw အ မည်ရှိ ဖေ့စ်ဘွတ်ခ် သုံးစွဲသူက ‘‘လက်ရှိ အစိုးရကို အောက်လမ်း နည်းတွေနဲ့ ပညာပြနေပါပြီ။ မိုးကျ ရွှေကိုယ်တွေကို မြန်မြန်ဖယ်ရှား ပေးပါတော့။ အစိုးရကို ဒုက္ခမျိုးစုံ ပေးနေပါပြီ။ အမှုအခင်းတွေများ လာပြီး လက်ရှိ အစိုးရ အလုပ်မ လုပ်တဲ့ ပုံစံမျိုးပြောလာအောင် ဖန်တီးနေပါပြီ’’ဟု ဝင်ရောက်မှတ် ချက်ပေးထားသည်။
7 Day

No comments:

Post a Comment