Monday, November 28, 2016

၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန် လည်ရေးဆွဲရန်ကြိုးပမ်းမည်​ဟု မြန်​မာနိုင်​ငံ​ရှေ​နေများအသင်းဆို

မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုရှိစေရန်အတွက် ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန် လည်ရေးဆွဲမည်​ဟု မြန်​မာနိုင်​ငံ​ရှေ​နေများအသင်းမှရှေ့နေများက ဆိုကြသည်​။ “ တရားဥပဒေစိုးမိုးရေးမှာ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေက အဓိက အနှောင့်အယှက်ဖြစ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဒီဥပဒေကြီးက အများပြည်သူလေးစားလိုက်နာတဲ့ ဥပဒေဖြစ်တယ်လို့ ကျွန်တော် မယုံ ကြည်ဘူး၊ ဒါကြောင့် ပြင်ဆင်တာထက် ကျွန်တော်တို့က ပြန်လည်ရေးဆွဲရေးကို အားသာတယ် ” ဟု မြန်​မာနိုင်​ငံ​ရှေ့​နေများအသင်းမှ တရားလွတ်​​တော်​​ရှေ့​နေဦး​မောင်​​မောင်​စိုးက​ပြောသည်​။ နိုဝင်ဘာလ ၂၇ရက်​​နေ့က နေပြည်တော်ရှိ မြတ်တော်ဝင်ဟိုတယ်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ မြန်မာနိုင်ငံရှေ့နေများကွန်ယက်နှင့် ချက်ပြည်သူ့သမ္မတနိုင်ငံက CELE Institudeတို့ ပူးပေါင်းပြုလုပ်သည့် လွှတ်တော်တွင်း ဥပဒေကြမ်းများတင်သွင်းခြင်းဆိုင်ရာ အကြံပြုဆွေးနွေးပွဲတွင်​ အထက်​ပါအတိုင်း​ပြောကြားခဲ့ခြင်းဖြစ်​သည်​။

တရားဥပဒေစိုးမိုးမှုမရှိရခြင်းသည် နိုင်ငံ၏ စီးပွားရေးနိမ့်ကျနေခြင်းနှင့်​ဆက်​နွယ်​​နေပြီး ပြည်ထဲရေးဝန်ကြီး ဌာနအနေဖြင့် သမ္မတ၏ အုပ်ချုပ်မှုအောက်တွင် မရှိသောကြောင့်လည်းဖြစ်သည်ဟု မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်၏ အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေဦးသိန်းသန်းဦးက ဆိုသည်။
“ တိုင်းပြည်က ဆင်းရဲနေလေ ဥပဒေစိုးမိုးမှု အားနည်းလေပဲ၊ ဥပဒေစိုးမိုးမှုရဲ့ အဓိက ပြသနာက အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ်၊ အဲဒီဥပဒေကြီးက လူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရ လက်အောက်မှာ ပြည်ထဲရေးဝန်ကြီးဌာနမရှိဘူး၊ ” ဟု ၄င်းက ပြောသည်။
အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီဝင် တရားလွှတ်တော်ရှေ့နေဦးအောင်သိန်းကလည်း ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေအား အသစ်​ပြန်​​ရေးဆွဲရန်​ကြိုးပမ်းမည်​ဟု ဆိုသည်​။
"လွတ်​​တော်​မှာမှာ သ​ဘောတူရင်​ပြန်​နိုင်​ပြီ ၊ဒီအစိုးရသက်​တမ်း ငါးနှစ်​အတွင်း ပြင်​နိုင်​မယ်​ထင်​တယ်​"ဟု ၎င်းက​ပြောသည်​။
စိုင်းလမင်း

No comments:

Post a Comment