Wednesday, November 30, 2016

မြန်မာနှင့်ထိုင်းပွဲတွင် သုဝဏ္ဏကွင်း၌ အမှိုက်ကောက်လိုသူများ ပူးပေါင်းနိုင်

 မြန်မာနှင့်ထိုင်းယှဉ်ပြိုင် မည့် ဆူဇူကီးဖလားဘောလုံးပြိုင် ပွဲအကြိုဗိုလ်လုပွဲစဉ်တွင် ဘော လုံးပွဲကြည့်ပရိသတ် ၁၀၀ ကျော် စုပေါင်း၍ သုဝဏ္ဏကွင်းအတွင်း အမှိုက်ကောက်မည်ဖြစ်ပြီး ပူး ပေါင်းလိုသူများပါဝင်နိုင်ကြောင်း ဦးဆောင်လှုပ်ရှားသည့် Green & Clean အဖွဲ့မှ ကိုစန်းမောင်မောင်က ပြောသည်။ ‘‘ကိုယ့်မြန်မာပြည်က ဆူဇူ ကီးဖလားမှာ မြန်မာပရိသတ်တွေ အမှိုက်ကောက်ကြပြီး ကောင်းမွန် တဲ့ အလေ့အကျင့်လေးတစ်ခု ကိုယ့်လူမျိုးတွေရဲ့စိတ်ဓာတ်တွေ ထဲ လေ့ကျင့်ယူရအောင်လုပ်ကြ တာပါ’’ဟု ကိုစန်းမောင်မောင်က ပြောသည်။ြ မန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်၏ခွင့်ပြုချက်ဖြင့် သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် အုပ်စုပွဲစဉ် မြန်မာ-ဗီယက်နမ်၊ မြန်မာ-ကမ္ဘောဒီးယား၊ မြန်မာ-မလေး ရှားပွဲစဉ်တို့၌ ပွဲမစမီ၊ ပထမပိုင်း နားသည့်အချိန်နှင့် ပွဲပြီးချိန်များ တွင် အဆိုပါအဖွဲ့က အမှိုက်များကောက်ခဲ့ကြသည်။



သုဝဏ္ဏကွင်းအတွင်းရှိ ဘောလုံးပရိသတ်များစွန့်ပစ်ခဲ့သော အမှိုက်များဖြစ်သည့်ကွမ်းတံတွေး အိတ်၊ ရေအိတ်၊ စားကြွင်းစား ကျန် ဖော့ဘူးများ စသည်တို့ကို အများဆုံးကောက်ခဲ့ကြကြောင်း ၎င်းက ဆိုသည်။

လာမည့်ဒီဇင်ဘာ ၄ ရက်တွင်ယှဉ်ပြိုင်မည့်  မြန်မာနှင့် ထိုင်းပွဲ၌သုဝဏ္ဏကွင်းဂိတ်(၈)တွင် အမှိုက်ကောက်မည့်သူများ လူစုပြီးနောက် ရိုးရိုးတန်းပွဲကြည့်စဉ်၌ အမှိုက်ကောက်ကြမည်ဖြစ်ရာ ပူးပေါင်းလိုသူများ ပါဝင်နိုင်ကြောင်း သတင်းရရှိသည်။

စင်ကာပူရောက်မြန်မာပရိ သတ်များသည် ၂၀၁၅ စင်ကာပူ ဆီးဂိမ်းပြိုင်ပွဲနှင့် ၂၀၁၄ ဆူဇူကီး ဖလားဘောလုံးပြိုင်ပွဲ၌လည်း စင် ကာပူအမျိုးသားအားကစားပြိုင်ပွဲ ရုံ၏ပွဲကြည့်စင်ရှိ အမှိုက်များကို သိမ်းယူခဲ့ကြသည့်အပြင် ယဉ်ကျေးသိမ်မွေ့သည့် အားပေးမှုကို ပါ ပြသနိုင်ခဲ့သဖြင့် စင်ကာပူဝန် ကြီးချုပ် လီရှန်လွန်းနှင့် မီဒီယာများ ၏ချီးကျူးခြင်းကို ခံခဲ့ရဖူးသည်။ ဇေနွေထွန်း

No comments:

Post a Comment