Wednesday, November 30, 2016

"ကျူးကျော်ရပ်ကွက်ကို ဇာတ်အိမ်တည်ထားတဲ့ ဒိန်းဒေါင်လက်ရာ ပထမဆုံးရုပ်ရှင်ကား"

ဟာသသရုပ်ဆောင် ဒိန်းဒေါင် ပထမဆုံး ရိုက်ကူးတဲ့ “မယုံရင်တော့ ပုံပြင်ပေါ့”  ရုပ်ရှင် ဇာတ်ကားကြီးကို ၂၀၁၆ ခုနှစ် အကယ်ဒမီ စာရင်းဝင်နိုင်ဖို့ ဒီကနေ့ ရုံတင်လိုက်ပြီဖြစ်ပါတယ်။ မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ ကန်သာယာ  ရုပ်ရှင်ရုံမှာ ဒီကနေ့ကစပြီး သုံးရက်တာ ပြသမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ကျူးကျော်ရပ်ကွက်နေ ပြည်သူတွေရဲ့ ဓလေ့စရိုက်တွေ၊ အလွဲတွေနဲ့အတူ သားအဖ နှစ်ယောက်ရဲ့ မေတ္တာတရားတွေကို ရင်နင့်စရာ ရိုက်ကူးပုံဖော် ထားတာပါ။ ဒီဇာတ်ကားမှာ သရုပ်ဆောင် အကယ်ဒမီဇင်ဝိုင်း၊ စိုင်းလွှမ်း၊ ဒိန်းဒေါင်၊ နန်းထက်ထက်ဦးနဲ့ တခြားအနုပညာရှင်များစွာ ပါဝင်ထားပါတယ်ရှင်။

No comments:

Post a Comment