Sunday, November 27, 2016

တူရကီတွင် အငြင်းပွားဖွယ်လိင်မှုဆိုင်ရာဥပဒေကြမ်းကို ဆန့်ကျင်သော အမျိုးသမီးအခွင့်အရေးတောင်းဆိုသူထောင်ပေါင်းများစွာ ဆန္ဒပြ

တူရကီပါလီမန်လွှတ်တော်၌ ယခုသီတင်းပတ်တွင် ဆွေးနွေးခဲ့ သော အသက်မပြည့်သေးသော မိန်းကလေးကို လိင်ပိုင်းဆိုင်ရာစော် ကားလာနိုင်သော လိင်ခွဲခြားနိုင် သည့် အငြင်းပွားဖွယ်ဥပဒေကြမ်း ကို ဆန့်ကျင်သော အမျိုးသမီးနှင့်အခွင့် အရေးတောင်းဆိုသူထောင်ပေါင်း များစွာက နိုဝင်ဘာ ၂၅ ရက်တွင် အစ္စတန်ဘူလ်မြို့၌ လမ်းပေါ်တွင် ဆန္ဒပြခဲ့သည်။ အမျိုးသမီးများအ ပေါ် အကြမ်းဖက်ခြင်းဆန့်ကျင်သော နိုင်ငံတကာအထိမ်းအမှတ်နေ့တွင် တူရကီနိုင်ငံမြို့တော် အစ္စတန်ဘူလ် ၌ အမျိုးသမီးအခွင့်အရေးတောင်း ဆိုသူ ၂၀၀၀ က အမျိုးသမီးတန်းတူ အခွင့်အရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ကြွေးကြော် ခဲ့ပြီး တူရကီသည် အမျိုးသားလွှမ်း မိုးသော တိုင်းပြည်တစ်ခုဖြစ်သည် ဟု ရှုတ်ချပြောဆိုခဲ့သည်။

တူရကီ တွင် အမျိုးသမီးများအား ဖိနှိပ် သော တိုင်းပြည်တစ်ခုဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်မှစ၍ အမျိုးသမီး ၁၁၆၀ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း၊ အမျိုးသမီးအခွင့်အရေးကာကွယ် ရေးအဖွဲ့ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။ ယခုသီတင်းပတ်အ တွင်း တူရကီပါလီမန်က လိင်အကြမ်း ခံရသော မိန်းကလေးကို လိင်အ ကြမ်းဖက်သူက လက်ထပ်ပေါင်းသင်း မည်ဟု ၀န်ခံကတိပြုလျှင် တရားခံ ကို ပြစ်ဒဏ်မှကင်းလွတ်ခွင့်ပေးရန် ဥပဒေကြမ်းကိုဆွေးနွေးခဲ့သည်။ ယင်းဥပဒေကြမ်းသည် သက်ငယ် မုဒိမ်းမှုကို တရားဝင်ခွင့်ပြုပေးခြင်း ဖြစ်သည်ဟု ဝေဖန်ချက်များထွက် ပေါ်လာခဲ့သည်။
အဆိုပါ အငြင်း ပွားဖွယ်ဥပဒေကြမ်းကို အမျိုးသမီး များစုပေါင်း၍ တွန်းလှန်ရန်လိုအပ် ကြောင်း၊ တူရကီအစိုးရသည် ခေတ် နောက်ပြန်ဆွဲသော ဥပဒေများကို အတည်ပြုရန် ကြိုးစားနေကြောင်း၊ အမျိုးသမီးအခွင့်အရေးတက်ကြွ လှုပ်ရှားသူ Umran Ozdemir
က ပြောသည်။ ယင်းဥပဒေကြမ်းသည် သက်ငယ်မုဒိမ်းမှုကို တရားဝင်ခွင့် ပြုခြင်းဖြစ်သည်ဟု ဝေဖန်ချက်ကို အစိုးရအရာရှိများနှင့် တရားရေး ၀န်ကြီး Bekir Bozdag ကပြော သည်။
ယင်းဥပဒေသည် အသက်မ ပြည့်သေးဘဲ လိင်ပိုင်းဆိုင်ရာစော် ကားခံရသော မိန်းကလေးများကိုယ်ဝန်ရရှိပြီးနောက် မွေးဖွားလာသော ကလေးများ၏ဖခင်သည် ထောင်အ တွင်း၌ နှစ်ပေါင်းများစွာ ကျခံရခြင်း ကို အကာအကွယ်ပေးရန်ရည်ရွယ် ကြောင်း Bekir Bozdag ကပြော သည်။ တူရကီ၊ အစ္စတန်ဘူလ် Istiklalလမ်းတွင် အမျိုးသမီး ၂၀၀၀ ကျော် ချီတက်ဆန္ဒပြခဲ့ပြီး မည်သည့်အခြေ အနေမျိုးမဆို ယင်းဥပဒေအတည်မ ပြုရန် တောင်းဆိုဆန္ဒပြခဲ့သည်။ တူ ရကီတွင် ဇူလိုင် ၁၅ ရက်၌ အာဏာ သိမ်းရန်ကြိုးစားခဲ့သဖြင့် အရေးပေါ် အခြေအနေပြဋ္ဌာန်းထားကြောင်း သိ ရသည်။
Ref:AFP

No comments:

Post a Comment