Friday, November 18, 2016

နာမည်ကျော် မန်ယူကစားသမားဟောင်း ဒွိုက်ယော့ခ် မြန်မာနိုင်ငံက ကျောင်းသားတွေနဲ့အတူ ဘောလုံးလာကစား

မန်ချက်စတာယူနိုက်တက်အသင်း ကစားသမားဟောင်း  Dwight Yorke ဟာ Dulwich College Yangon ရဲ့ ပန်းလှိုင်ကျောင်းဝန်းအတွင်းမှာရှိတဲ့ ဘောလုံးကွင်းအသစ်ကို ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ မှာ လာရောက်ဖွင့်လှစ်ပေးခဲ့ပြီး  ကလေးငယ်များနဲ့ အတူတကွဘောလုံးကစားခဲ့ပါတယ်။ Dwight Yorke ဟာ ကျောင်းမှ ကလေးငယ်များနဲ့ အမေးအဖြေပြုလုပ်ခြင်း နဲ့ ကျောင်းရဲ့ ဘောလုံးကွင်းအသစ်မှာ ပြုလုပ်မယ့် ဘောလုံးပြိုင်ပွဲကို ကြီးကြပ်ကွပ်ကဲဖို့ အတွက်လည်း မြန်မာနိုင်ငံကို ၎င်းလာရောက် လည်ပတ်ရတဲ့အကြောင်းရင်းတွေထဲမှာ ပါတယ်လို့ သိရပါ တယ်။ Dulwich College Yangon ဟာ ဗြိတိသျှ ပုဂ္ဂလိကပညာရေးကို သင်ကြားတဲ့ လန်ဒန်က Dulwich College ရဲ့တိုက်ရိုက်ဆက် သွယ်ထားတဲ့ ကျောင်းတစ်ကျောင်းဖြစ်တယ် လို့ သိရပါတယ်။ ဖြိုးထက်အောင်

No comments:

Post a Comment