Sunday, November 27, 2016

ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့် ပတ်သက်ပြီး အင်ဒိုနီးရှား၊ ထိုင်းနှင့် မလေးရှားရှိ မြန်မာသံရုံးများရှေ့တွင် ကန့်ကွက် ဆန္ဒထုတ်ဖော်

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများနှင့်ပတ်သက်၍ အင်ဒိုနီးရှား၊ ထိုင်းနှင့်မလေးရှားတို့ရှိ မြန်မာသံရုံးများကို ၎င်းင်းနိုင်ငံရောက် မူဆလင်အဖွဲ့အစည်းများမှ တစ်ပြိုင်နက်တည်း ကန့်ကွက်ဆန္ဒထုတ်ဖော် ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ၂၅ရက်တွင် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးရှေ့တွင် အင်အား၅၀ ခန့်ဖြင့်လည်းကောင်း၊ မလေးရှား နိုင်ငံရှိ မြန်မာသံရုံးရှေ့တွင်အင်အား ၁၀၀၀ ကျော်ခန့်ဖြင့်လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံ တွင်လည်း ယင်းနိုင်ငံ ရှိ မူဆလင်အဖွဲ့အစည်းများမှ လာ ရောက်ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ ကြောင်း သိရသည်။


"ဘန်ကောက်သံရုံးမှာတော့ ဒီ နေ့ နေ့လယ်ပိုင်းလောက်ကလာပြီး ဆန္ဒထုတ်ဖော်ကြတာပေါ့။ ထိုင်းရဲတွေက လုံခြုံရေးအပြည့်ယူပေးထားတာပါတယ်"ဟု ထိုင်းနိုင်ငံဆိုင်ရာမြန်မာ သံရုံးဝန်ထမ်းတစ်ဦးထံမှ သိရသည်။ ယင်းနည်းအတိုင်းပင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် လည်း ကြွေးကြော်သံများဖြင့် အော်ဟစ်ကာ ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအရာရှိတစ်ဦးကပြော သည်။ "မွန်းလွဲ ၂ နာရီခွဲလောက်ကစပြီး ညနေ ၄ နာရီလောက်အထိ မလေရှားက အဖွဲ့ခြောက်ဖွဲ့လောက် ကြွေးကြော်သံတွေနဲ့အော်ဟစ်ပြီး ဆန္ဒထုတ် ဖော်ကြတယ်။ အော်တာတော့မျိုးစုံပဲ။ မိုးကရွာနေတော့ ဘာအော်တယ်ဆိုတာတော့ မသဲကွဲဘူး"ဟု ပြောသည်။
သို့သော် ယင်းအဖွဲ့စည်းများမှ သံရုံးသို့ တောင်းဆိုချက်စာလွှာများ ကိုပေးပို့ခဲ့ပြီး ဆန္ဒထုတ်ဖော်တောင်း ဆိုမှုကိုရပ်ဆိုင်းခဲ့ကြောင်း အဆိုပါ သံအရာရှိမှတစ်ဆင့် သိရသည်။ယင်းသံရုံးနှစ်ရုံးနည်းတူ အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးတွင်လည်း ယင်းသို့အဖွဲ့အစည်းများဖြင့် လာရောက်ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြပြီး ရခိုင်ပြည်နယ် မောင် တောတွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်ခံရမှုများနှင့်ပတ်သက်၍ စွပ်စွဲချက်များဖြင့် ကန့်ကွက်ဆန္ဒထုတ် ဖော်ခဲ့ခြင်းဖြစ်သည်။
KZCH

No comments:

Post a Comment