Saturday, November 26, 2016

မြန်မာ-တရုတ် ၂+၂ အစည်းအဝေးတွင် နယ်စပ်လုံခြုံရေးနှင့် တရားမဝင်သွားလာမှု တားဆီးရေးတို့ဆွေးနွေး

 မြန်မာ့ငြိမ်းချမ်းရေးလုပ် ငန်းစဉ်တွင် တရုတ်နိုင်ငံက ကူညီရေး၊ နယ်စပ်လုံခြုံရေး၊ နယ်စပ်တွင် တရားမဝင် ဝင်ထွက်သွားလာမှုတားဆီးရေး စသည်တို့ကို နိုဝင် ဘာ ၂၅ ရက်က ပြုလုပ်သော နှစ် နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့၏ သုံးနာရီခန့်ကြာသည့် ၂+၂ အစည်းအဝေး၌ ဆွေးနွေးခဲ့ သည်။ နှစ်နိုင်ငံကြား နယ်စပ်ဆိုင် ရာ ယန္တရားဖြစ်သည့် ၂+၂ အစည်းအဝေးကို ပထမဆုံးအကြိမ်ပြုလုပ်ချိန်သည် မြန်မာနိုင်ငံမြောက်ပိုင်း မူဆယ်ဒေသတစ်ဝိုက် တိုက်ပွဲများ ဖြစ်ပွားချိန်နှင့် တိုက်ဆိုင်လျက်ရှိ သည်။ ‘မြန်မာနိုင်ငံ၏ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များတွင် တရုတ် နိုင်ငံမှ ဆက်လက်အကူအညီပေး ရေးနှင့် မြန်မာဘက်မှ အပြုသ ဘောဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း’ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်သည်။




ထို့အတူ မြန်မာ-တရုတ် နယ်စပ်ဒေသများလုံခြုံရေး၊ တည် ငြိမ်မှုရှိရေးနှင့် စီမံခန့်ခွဲရေး၊ မြန် မာ-တရုတ်နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ထွက်သွားလာမှု တားဆီးရေး၊ နှစ်နိုင်ငံနယ်စပ်ဒေ သများတွင် စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးနှင့် တရားဝင်ကူးသန်း ရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ၊ အခြားကိစ္စ ရပ်များကို အပြန်အလှန်ဆွေးနွေး ခဲ့ကြောင်း သတင်းထုတ်ပြန်ချက် ၌ ပါရှိသည်။

၂+၂ သည် နှစ်နိုင်ငံကာ ကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး ဌာနများကို ဆိုလိုခြင်းဖြစ်သော် လည်း သောကြာနေ့က နေပြည် တော်အစည်းအဝေး၌ မြန်မာနိုင်ငံ ခြားရေးဒုဝန်ကြီး၊ ပြည်ထဲရေးဝန် ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနတို့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ သည်။ တရုတ်ဘက်ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးနှင့် ဗဟိုစစ်ကော်မရှင်၊ ကွန်မြူနစ်ပါတီ ဒုတိယညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးတို့ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ များတက်ရောက်ခဲ့သည်။ ၎င်းတို့ သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့်လည်း သီးသန့်တွေ့ဆုံခဲ့ ကြသည်။

‘‘ထိုင်းနဲ့မြန်မာနဲ့၊ အိန္ဒိယနဲ့ မြန်မာနဲ့၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နဲ့၊ လာအိုနဲ့ မြန်မာနဲ့ ပြန်ကြည့် လိုက်ရင် နယ်စပ်ဒေသနှင့်ပတ် သက်ပြီးတော့ ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်ရေး Mecha-nisn တွေရှိတယ်။ တရုတ်နဲ့ကျွန် တော်တို့က မရှိဘူး။ မရှိတဲ့အ တွက် 2 Plus 2 Meeting ကို အခု အစိုးရလက်ထက်မှာ စပြီးတော့ ဆောင်ရွက်တယ်။ အဲဒီကနေမှ တစ်ဆင့် တစ်နိုင်ငံနဲ့တစ်နိုင်ငံအ  ပြုသဘော ပူးပေါင်းဆောင်ရွက်မှု တွေ၊ အဲဒီ Mechanisn တွေကို အခြေပြုပြီးတော့ ဖြစ်ပေါ်လာဖို့ ဆိုပြီးတော့ ကြိုးစားပြီးဆောင် ရွက်ခဲ့တာဖြစ်တယ်’’ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ယခုကဲ့သို့ ၂+၂ ယန္တရား တည်ထောင်ရန် သြဂုတ်က ဒေါ် အောင်ဆန်းစုကြည်၏တရုတ်နိုင် ငံခရီးစဉ်အတွင်း သဘောတူညီခဲ့ ခြင်းဖြစ်ပြီး ယခုယန္တရားသည် နှစ် နိုင်ငံကြားပထမဆုံးနယ်စပ်ရေး ရာ ယန္တရားဖြစ်သည်။ စက်တင် ဘာနောက်ဆုံးပတ်က မြန်မာပြည် ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် တရုတ်နိုင်ငံတော် ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန် ကြီး ကော်စိမ်းခွန်းတို့သည် မြန်မာ -တရုတ်လုံခြုံရေး၊ မူးယစ်ဆေး ဝါးနှင့် အကြမ်းဖက်မှုတားဆီးရေး အပါအဝင် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးခဲ့သည်။ ပိုင်စိုးသူငြိမ်းငြိမ်းပြည့် Tweet

No comments:

Post a Comment