Tuesday, November 22, 2016

ရခိုင်ပြည်နယ်အမြန်ဆုံးတည်ငြိမ်ရေးအရေးကြီးအဆိုတင်မည်

ရခိုင်ပြည်နယ် အမြန်ဆုံး တည်ငြိမ်ရေးအတွက် ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆို တစ်ခု ရခိုင်အမျိုးသားပါတီ (ANP)မှ တင်မည်ဟု  သတင်းရရှိသည်။ "အမျိုးသားလွှတ်တော်မှာ ဒီနေ့ ရခိုင်ပြည်နယ်အမြန်ဆုံး တည်ငြိမ်ရေး အတွက် အရေးကြီးအဆိုတင်တာကို အစိုးရက လုပ်ဆောင်နေလို့  မေးခွန်းအဖြစ်ပြောင်းသွားတယ် ။ အခု ပြည်သူ့လွှတ်တော်မှာ ထပ်တင်မှာ ၊ ခေါင်းစဉ်တော့ မတူဘူး"ဟု မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းကပြောသည်။ သို့ရာတွင် မည်သည့်နေ့ မည်သည့်အချိန်၌ တင်မည်ကိုမူ မပြောနိုင်သေးကြောင်း ၎င်းကပြောသည်။ ရခိုင်ပြည်နယ်တွင်အောက်တိုဘာလအတွင်းမှစ၍ အကြမ်းဖက်သမားများ တိုက်ခိုက်မှုများဖြစ်ပွားလျက်ရှိပြီး ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်မှ  နိုဝင်ဘာ ၁၄ ရက်အထိ တိုက်ပွဲဖြစ်စဉ် ၉ ကြိမ်၊ ဘင်္ဂါလီဖမ်းဆီးရရှိမှု  ၆၁ ကြိမ်၊ လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိမှု  ၁၀ ကြိမ်၊ ပစ်ခတ်ဖမ်းဆီးမှု ၉ ကြိမ်၊ နှောက်ယှက်ပစ်ခတ်ခံရမှု ၃ ကြိမ်၊ ကားမိုင်းဖောက်ခွဲခံရမှု ၃ ကြိမ် ရှိခဲ့ကြောင်းတပ်မတော်ဘက်မှသတင်း ထုတ်ပြန်ထားသည် ။ စိုင်းလမင်း

No comments:

Post a Comment