Sunday, November 27, 2016

"ပါတီတာဝန်ရုပ်သိမ်းခံရတဲ့ ဒီချုပ်အမတ်သုံးဦးမှာ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးသွားတဲ့ နှစ်ဦးပါ"

ဒီချုပ်ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးဦးကို ပါတီကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ပြီး  ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။ ပါတီမှ တာဝန်ပေးအပ် ထားမှုကို ရုပ်သိမ်းလိုက်တာသာဖြစ်ပြီးတော့ လွှတ်တော် ကိုယ်စားလှယ်  အဖြစ်တော့ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။ လက်ရှိဒီချုပ်ရဲ့ ထုတ်ပြန်ကြေညာချက် မှာတော့ တာဝန်ရုပ်သိမ်းလိုက်တဲ့ အကြောင်းအရင်းကို ထည့်သွင်းဖော်ပြ ထားတာ မရှိပါဘူး။

No comments:

Post a Comment