Sunday, November 20, 2016

၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်၌ ကျပ်သိန်း ၅ဝဝဝ ကျော်တန်ဖိုးရှိ တောရိုင်းတိရ္ဆာန်အပိုင်းအစများ မီးရှို့ဖျက်ဆီး


မူဆယ်ခရိုင် မူဆယ်မြို့နယ် မိုင်းယု (၁ဝ၅)မိုင် ကုန်သွယ်ရေး ဇုန်၌ ပုံစံ(၈)ဝင် တောရိုင်း တိရ္ဆာန်အ ပိုင်းအစများ မီးရှို့ ဖျက်ဆီးခြင်းကို နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီက မိုင်းယု (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်အတွင်းရှိ နမ့်ဟွယ်ကျေးရွာ ဘောလုံးကွင်းရှေ့ ကျောက်တောင်အနီး၌ ပြုလုပ်ခဲ့သည်။ အဆိုပါ ပုံစံ(၈)ဝင် တောရိုင်းတိရ္ဆာန်အပိုင်းအစများ မီးရှို့ဖျက်ဆီးခြင်းကို ခရိုင်အဆင့်ရှိ ဌာနဆိုင်ရာ များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်သောင်းနှင့် တာဝန်ရှိ သူများ၊ နမ်းခန်းမြို့မပြည်သူ့စစ် ဦးဆန်းထွန်း ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့သည်။



အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်သောင်းက အမှာစကားပြောကြားပြီး ဆက်လက်၍ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်òန်ကြားရေးမှူး ဦးမောင်မောင်စိုးက ပုံစံ(၈)ဝင်တောရိုင်းတိရ္ဆာန် အပိုင်းအစ များအား မီးရှို့ဖျက်ဆီးရခြင်း၏အကြောင်းအရာများကို ရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက မီးရှို့ဖျက်ဆီး မည့် ဆင်သားရေနှစ်အိတ် ၃၆ ကီလိုဂရမ်၊ ချေသားရေနှစ်အိတ် ၄၂ ဒသမ ၆၅ ကီလိုဂရမ်၊ ဆင်သားရေ ၁၉ ချပ် ငါးကီလိုဂရမ်၊ ဆင်စွယ် ငါးချောင်း ၂၇ ဒသမ ၅ ကီလိုဂရမ်၊ ကြံ့ချိုသုံးခု ၂ ဒသမ ၆ ကီလိုဂရမ်၊ ကျားသားရေတစ်ချပ်နှင့် ကျားသစ်သားရေ လေးချပ်၊ တောရိုင်းတိရ္ဆာန် အစွယ်စုံ ၂၆ ခု ဝ ဒသမ ၇ ကီလို ဂရမ်၊ ဝက်စွယ် ၃၈ ခု ၁ဝ၈ ကီလိုဂရမ်၊ ဆိတ်ချိုတစ်ချောင်း၊ ဆတ်ချိုနှစ်ချောင်း ဝ ဒသမ ၄ ကီလိုဂရမ်၊ ကြံ့ချို ၁ဝ ခု ဝ ဒသမ ၄၅ ကီလိုဂရမ်၊ သင်းခွေချပ်ခွံ တစ်အိတ် ၈ ဒသမ ၅ ကီလိုဂရမ်၊ တောရိုင်းတိရ္ဆာန် သည်းခြေခြောက်မျိုးစုံ တစ်အိတ် ၃ ဒသမ ဝ ကီလိုဂရမ်၊ တောရိုင်းတိရ္ဆာန် အရိုးစုံ ခြောက်အိတ် ၁၁၂ ကီလိုဂရမ်၊ တောရိုင်းတိရ္ဆာန် ဦးခေါင်းခွံ မျိုးစုံတစ်အိတ် ၁ ဒသမ ၁ ကီလိုဂရမ် ဆင်သားရေခြောက် ၆၅ အိတ် ၆၅ဝ ဒသမ ၉၃ ပိဿာ၊ လိပ်ခွံခုနစ်အိတ် ၆၅ ဒသမ ၁ ပိဿာ၊ တောရိုင်းတိရ္ဆာန်ချို အမျိုးစုံအပိုင်းအစ ၈၉ အိတ် ၉၃၁ ဒသမ ၅၅ ပိဿာတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဖွဲ့စုံဖြင့်ကြည့်ရှုစစ်ဆေးပြီးနောက် မီးရှို့ဖျက်ဆီးရန် ခက်ခဲသော ဆင်စွယ်၊ ကြံ့ချို၊ တိရ္ဆာန်ချို ပေါင်းစုံ၊ ဦးခေါင်း ခွံများနှင့် အရိုးများကို ကြိတ်ချေဖျက်ဆီးပြီး စုစုပေါင်း တန်ဖိုးငွေကျပ် သိန်းငါးထောင်ကျော်ဖိုးရှိသည့် တောရိုင်း တိရ္ဆာန် အစိတ်အပိုင်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။  သန့်ဇင်(မူဆယ်)

No comments:

Post a Comment