Thursday, November 17, 2016

နိင်ငံတ၀ှမ်းတွင် အန္တရာယ်ရှိသည့် ကျောင်းအဆောက်အအုံပေါင်း ခြောက်ထောင်ခန့် ရှိ

တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် ပြုပြင်ရန်လိုအပ်သည့် အန္တရာယ်ရှိသည့် ကျောင်းအဆောက်အအုံ ခြောက်ထောင်ခန့် ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။ “လွှတ်တော်ကို ပညာရေးဝန်ကြီးဌာနအနေနဲ့ မိဘလိုသဘောထားပြီး အလွတ်သဘောတင်ပြရရင် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် ပြင်ဆင်ရန်လိုအပ်တဲ့ အဆောက်အအုံတွေဟာ ခြောက်ထောင်လောက်ရှိပါတယ်”ဟု  ၎င်းက ပြောသည်။ နိုဝင်ဘာလ ၁၆ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် ၎င်းက ဦးကျော်နီနိုင်၏ မေးခွန်းမေးမြန်းမှု့အား ဖြေကြားစဉ်တွင် အလွတ်သဘောဖြင့် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ထို အန္တရာယ်ရှိသည့် အဆောက်အအုံများကိုလည်း ပညာရေးဝန်ကြီးဌာန အနေဖြင့် ပြုပြင်ရန် ကွင်းဆင်းစစ်ဆေးပြီးဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။ “အန္တရာယ်ရှိတဲ့ အဆောက်အအုံ ၊ ဥပဓိရုပ်မကောင်းတော့တဲ့ အဆောက်အအြုံ ပုပြင်ဖို့လိုတဲ့ အဆောက်အအုံတွေကို ပြုပြင်ဆောက်လုပ်ဖို့ ကျွန်တော်တို့ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအ၀င် အားလုံး ကွင်းဆင်းေ ဆာင်ရွက်ကြည့်ရှု့ပြီးပါပြီ”ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။စိုင်းလမင်း

No comments:

Post a Comment