Thursday, November 24, 2016

တိုက်ပွဲများကြောင့် တစ်ရက်ကုန်သွယ်မှု ကန်ဒေါ်လာ ကိုးသန်းခန့် နစ်နာဆုံးရှုံး

မူဆယ်မြို့နှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် တိုက်ပွဲများ ကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ် တန့်ထားရသဖြင့်  မြန်မာနိုင်ငံမှ ပို့ ကုန်တန်ဖိုးတစ်ရက်လျှင် အမေရိ ကန်ဒေါ်လာ ၈ ဒသမ ၈ သန်းကျော်နစ်နာနေရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။ တိုက်ပွဲများကြောင့် နိုဝင်ဘာ ၂၀ ရက်မှစတင် ရပ်တန့်ခဲ့ရသော ကုန်သွယ်ရေးလုပ်ငန်းများသည် လေးရက်မြောက်နေ့အထိ ပြန် လည်လုပ်ကိုင်လာနိုင်ခြင်း မရှိ သေးပေ။ မြန်မာနိုင်ငံ၏ နယ်စပ် ကုန်သွယ်ရေးစခန်းများထဲတွင် မူ ဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် သည် ကုန်သွယ်မှုအများဆုံးဖြစ် သည်။ ယခုဘဏ္ဍာနှစ် ခုနစ်လ ကျော်အတွင်း မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကုန် သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ သုံးဘီလီယံကျော်ရှိပြီး မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ် ရေးစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်း ကျော်သော ကုန်သွယ်မှုပမာဏ ကို နေ့စဉ်ပြုလုပ်နေသည်ဟု ဆို သည်။



‘‘ဒီရက်ပိုင်းမှာ အသီးကားတွေ ကတော့ မျှော်လင့်ချက်မရှိသ လောက်ပဲ။ အချိန်တိုအတွင်းမှာ သူကပျက်စီးတော့ ဘယ်လောက် ဆုံးရှုံးမယ်ဆိုတာကိုပဲ ပူနေရ တယ်’’ ဟု မူဆယ်မြို့မှ သစ်သီး ကုန်သည်တစ်ဦးက ပြောသည်။

မူဆယ်-မန္တလေး နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွင် နေ့စဉ်ကုန်တင်ယာဉ်အစီးရေ အ တက်၊ အဆင်း ၄,၀၀၀ ခန့်ရှိခဲ့ သော်လည်း တိုက်ပွဲကာလအတွင်း ကုန်စည်ပို့ ဆောင်ရေးယာဉ်ငှားရန် ခက်ခဲနေကြောင်း ဘုရင့်နောင်မှ ဆန်ကုန်သည်တစ်ဦးက ပြော သည်။

မူဆယ်၊ ရန်ကုန် ကုန်စည် ကူးသန်းရောင်းဝယ်မှု ရပ်တန့်နေ၍ ရန်ကုန်မှ မူဆယ်သို့ ထွက်ခွာမည့် ကုန်တင်ယာဉ်များမှာ ဘုရင့်နောင်ဈေးတွင်သာရှိနေသဖြင့် နိုဝင်ဘာ ၂၂ ရက်တွင် လမ်းပိတ် ဆို့မှုများဖြစ်ရသည်ဟု ဆိုသည်။

‘‘ကျွန်တော့် ကားတွေကို မဆင်းခိုင်းသေးဘူး။ ဒီရက်ပိုင်းမှာ က လမ်းကြောင်းအခြေအနေကို စိုးရိမ်နေလို့ပါ’’ဟု ကျယ်ဂေါင်တွင် နေထိုင်သော ကုန်တင်ယာဉ်ပိုင် ရှင်တစ်ဦးက ပြောသည်။

မူဆယ်မြို့သို့ ကုန်တင်ယာဉ် များ အ၀င်အထွက် လျော့နည်း ခြင်း၊ ကုန်စည်ကူးသန်းရောင်းဝယ် မှု ရပ်တန့်နေခြင်းတို့ကြောင့် မူဆယ်မြို့မှ အလုပ်သမားများ၏ စားဝတ်နေရေးမှာ အခက်အခဲများ စွာ ဖြစ်ပေါ်နေကြောင်း ကုန်သည် များထံမှ သိရသည်။

နေထိုင်စားသောက်မှု ကုန် ကျစရိတ်ကြီးမြင့်သည့် မူဆယ်မြို့ တွင် အလုပ်သမားတစ်ဦး၏ တစ် ရက်ဝင်ငွေမှာ ကျပ် ၁၀,၀၀၀ မှ ၁၅,၀၀၀ ကြားရရှိနေပြီး လက်ရှိ တိုက်ပွဲများကြောင့် ကုန်သွယ်မှု ရပ်နားနေချိန်တွင် စားဝတ်နေရေး အတွက် ကုန်သည်များ၊ ဂိုဒေါင် ပိုင်ရှင်များက လုပ်အားခများ ကြို တင်ထုတ်ပေးပြီး ဖြေရှင်းနေရ ကြောင်း မူဆယ်မြို့မှ ကုန်သည် အချို့ကပြောသည်။

အစိုးရသစ်လက်ထက်တွင် တရုတ်-မြန်မာနယ်စပ်ကုန်သွယ် ရေးသည် ရွှေလီမြစ်ရေကြီးမှု၊ တရုတ်အစိုးရက တရားမ၀င် မှောင်ခိုနှိမ်နင်းမှုတို့ကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှုရပ်တန့်ခဲ့၍ ကုန်တင်

ကုန်ချ အလုပ်သမားများအပါအ၀င် မူဆယ်မြို့မှ အလုပ်သမားများ သည် စားဝတ်နေရေးအခက်အခဲ များ ကြုံတွေ့ခဲ့ရသည်။ ပြည်သိမ်း

No comments:

Post a Comment