Saturday, November 19, 2016

ဘင်္ဂါလီတွေ ရဲ့ အကြမ်းဖက်မှုကို ကာကွယ်ကြရာဝယ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲမှုနယ်မြေ အတွင်း မှာရှိတဲ့ ကျီးကန်းပြင်၊ ကိုးတန်ကောက်၊ ငါးခူရ နယ်မြေစခန်းတွေကို အကြမ်းဖက် စီးနင်းတိုက်ခိုက် မှုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် (၉)ဦး ကျဆုံး၊ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး မောင်တောမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ လက်ရှိ အကြမ်းဖက်မှုတွေကို နှိမ်နင်းရင်း တပ်မတော်နဲ့ ရဲတပ်ဖွဲ့မှ အရာရှိ၊ စစ်သည်တွေ ကျဆုံးခဲ့ရပြန် ပါတယ်။ အကြမ်းဖက်မှုတွေ ဘာ့ကြောင့် ဆိုးဝါးလာရသလဲဆိုတဲ့ အကြောင်း တရား ရှိပါတယ်။ ဘင်္ဂါလီလူမျိုးတွေကို ရိုဟင်ဂျာလို့ အမည်တပ်ပြီး မြန်မာနိုင်ငံသားဖြစ်ရေး၊ မြန်မာနိုင်ငံတွင် အခြေချ နေထိုင်ခွင့်ရရေးတို့ကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက တစိုက်မတ်မတ် တောင်းဆိုပေးနေတာကို တွေ့ရပါ လိမ့်မယ်။ မည်သည့်နိုင်ငံ ခေါင်းဆောင်၊ မည်သည့်အဖွဲ့အစည်းက ဘင်္ဂါလီကို ရိုဟင်ဂျာလို့ သတ်မှတ် ပေးရေး တောင်းဆိုစေကာမူ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ အမြဲမပြတ် ငြင်းဆိုကန့်ကွက်ကြရမှာ ဖြစ်ပါတယ်။ ဘင်္ဂါလီလူမျိုးတွေဟာ ရခိုင်ပြည်နယ်မှာ နေထိုင်ခွင့်ရရေး နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြတယ်။ အခု အကြမ်းဖက်နည်းနဲ့ သွေးတိုးစမ်း လာတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၀င်ရောက်လာတဲ့ ဘင်္ဂါလီလူမျိုးဖြစ်တယ်ဆိုတဲ့ အမှန်တရားကို ဖုံးကွယ်ဖျောက်ဖျက် နိုင်ခြင်းမရှိပါက တစ်ချိန်မှာ မူလနိုင်ငံရင်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရမှာဖြစ်တဲ့အတွက် ရှေးပဝေသဏီကတည်းက မြန်မာနိုင်ငံအတွင်းတည်ရှိပြီး လူမျိုးတစ်မျိုးဖြစ်သယောင် သမိုင်းကြောင်းနှင့်ချီပြီး လိမ်လည်ဝါဒဖြန့်နေတာ ဖြစ်ပါတယ ။ အလားတူ အစ္စလာမ္မစ်နိုင်ငံ ၅၇ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ Organization of Islamic Conference (OIC) ကလည်း ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီမွတ်စလင်တွေအရေးမှာ ပါဝင်ပတ် သက်ခဲ့မှုတွေ ရှိခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ OIC အဖွဲ့ ရဲ့အားပေးမှုနဲ့ ဘင်္ဂါလီနွယ်ဖွား ဒေါက်တာ ဝါကာအူဒင်း ဟာ( Arkan Rohinjya Organization (ARO) ) အဖွဲ့ကို ဖွဲ့စည်းပြီး မြန်မာနိုင်ငံရှိ ဘင်္ဂါလီ အရေးကိစ္စနဲ့ ပတ်သက်၍ မြေပေါ်၊ မြေအောက်နည်းမျိုးစုံနဲ့ အစိုးရကို ဖိအားပေးဖို့ဆောင်ရွက်လာခဲ့ပါတယ်။ဒါ့ပြင် ဘင်္ဂါလီ တွေကို လူမျိုးတုံးသတ်ဖြတ်နေသယောင်၊ မင်းမဲ့စရိုက်ဆန်ဆန် ပြုမူနေသယောင်တို့ကိုလည်း ပြည်ပမီဒီယာ တွေ၊ နိုင်ငံရေးသမားတွေကို အကူအညီတောင်း အသုံးချဆောင်ရွက်ခဲ့ပါတယ်။
မြန်မာနိုင်ငံအပေါ် ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ရန်ဟီးလီကလည်း ရိုဟင်ဂျာတွေကို လူ့အခွင့်အရေးပေးဖို့နဲ့ နိုင်ငံသားဖြစ်ခွင့်ပေးဖို့် တိုက်တွန်းပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူမျိုးရေးပဋိပက္ခအပေါ် ကုလသမဂ္ဂရဲ့ ရပ်တည်ချက်သဘောထားက သံသယဖြစ်စရာ ကောင်းလာပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက အမေရိကန်တို့ရဲ့ လက်ဝဲ၀ါဒီထိန်းချုပ်ရေး စီမံ ချက်မှာ လူမျိုးရေး၊ ဘာသာရေးကို ခုတုံးလုပ်၍ အသုံးချမှိုင်းတိုက်ခဲ့ခြင်းကြောင့် အစ္စလာမ်ဘာသာဝင် မွတ်စလင်တို့ရဲ့ ၀ါးမျိုခြင်းခံခဲ့ရတဲ့ ယူဂိုဆလပ်တိုင်းပြည်မှ ကိုဆိုဗိုဒေသနဲ့ နှိုင်းယှဉ်တွေးတောမိပြီး ဆင်ခြင် စရာအဖြစ် မြန်မာတစ်မျိုးသားလုံး သင်ခန်းစာ ယူကြရပါမယ်။
ကုလသမဂ္ဂညီလာခံမှာ ဥရောပသမဂ္ဂ(အီးယူ)နိုင်ငံတွေက တင်သွင်းခဲ့တဲ့ “ လူနည်းစုများကို နိုင်ငံသား ဖြစ်ခွင့် ပေးဖို့်၊ ရိုဟင်ဂျာအမည်ကို သုံးစွဲခွင့်ပြုဖို့်”ဆိုတဲ့ အချက်အပေါ် “မြန်မာနိုင်ငံတွင် နိုင်ငံသားအဖြစ်သတ်မှတ် ပေးရန် မည်သူကမျှ မြန်မာအစိုးရအား တိုက်တွန်း၍မရဘဲ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေများဖြင့်သာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း” ဆိုပြီး မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့က တုံ့ပြန် ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။အခုဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကိုလည်း ပြတ်ပြတ်သားသား နှိမ်နင်းဖို့လိုပါ တယ်။ကိုယ့်နိုင်ငံရဲ့ ပြဿနာကို ကိုယ့်ဘာသာ ကိုင်တွယ်ဖြေရှင်းတာ အကောင်းဆုံးပါပဲ။ပြည်ပနိုင်ငံတွေရဲ့ ၀င်ရောက်စွက်ဖက်မှု နဲ့ ပယောဂတွေ မပါဘဲ မောင်တောအရေးဖြေရှင်းစေချင်ပါတယ်။
ဘင်္ဂါလီတွေရဲ့ စိမ့်ဝင်မှု၊ ခိုးဝင်မှုတွေကို မတားဆီးနိုင်ဘူးဆိုရင် စီးပွားရေး၊ လူမှုရေးတွင်သာမက လူမျိုး၊ ဘာသာ၊ သာသနာပါ ပျက်သုဉ်းသွားမှာဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင် မွတ်စလင်တို့က လူကိုယူတယ်၊ မြေကိုယူတယ်၊ ဘာသာသာသနာကို ဖျက်ဆီးကြပါလိမ့်မယ်။ အဲဒီဘင်္ဂါလီတွေဟာ ရခိုင်ပြည်နယ် ဘူးသီး တောင်၊ မောင်တောကို ရောက်ခါစက မခုတ်တတ်တဲ့ကြောင်အလား ရိုးသားစွာနေထိုင်ပြခဲ့ကြတယ်။ တဖြည်းဖြည်း အင်အားများလာတဲ့အခါ အိမ်ရှင်ရခိုင်တွေကို စော်ကားလာတယ်။ လက်ရှိဖြစ်ပွားနေတဲ့ အကြမ်း ဖက်မှုတွေကြောင့် မြန်မာတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်အတွက် စိုးရိမ်နေကြရပါပြီ။ နိုင်ငံတကာကလည်း အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီတွေကို အသနားပိုပြီး အိမ်ရှင်မြန်မာတွေကို လူ့အခွင့်အရေးချိုးဖောက်နေတယ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ၀ိုင်းဝန်းဖိအားပေးနေကြပါတယ်။သူတို့ပြောသလို သနားမိရင် ကိုဆိုဗိုအဖြစ် အပျက် ကို ချက်ချင်း သတိရလိုက်ပါ။ ကိုယ့်လူမျိုးကို ၀ါးမျိုဖို့ ကြံစည်နေတယ်ဆိုတာ ခေါင်းထဲမှာ သံမှိုစွဲသလို မှတ်ထားပါ။ ဒါ့ကြောင့် ကိုယ့်အမျိုး ဘာသာ သာသနာနဲ့တကွ အမိနိုင်ငံမကွယ်ပျောက်ရလေအောင် မြန်မာ တိုင်းရင်းသားတိုင်းမှာ ကာကွယ်ချင်စိတ်တွေ ကြီးပွားထက်သန်နေဖို့လိုအပ်ပါတယ်။အခြားနိုင်ငံတွေ မှာဖြစ်ပွား နေတဲ့မွတ်စလင်တို့ရဲ့လူမျိုးရေး၊ဘာသာရေး ၀ါးမျိုမှုတွေကို သင်ခန်းစာယူပြီး မောင်တောဒေသမှာ ထိုသို့ဖြစ်မ လာစေဖို့် ၀ိုင်းဝန်းကာကွယ်ကြပါလို့သာ သတိပေးတိုက်တွန်းလိုက်ရပါတယ်။
နေဇော်အောင်

No comments:

Post a Comment