Monday, November 21, 2016

၂၀၁၆ နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာပြပွဲ နေပြည်တော်တွင် ကျင်းပ

၂၀၁၆ ခုနှစ်၊ နှစ်လယ် ကျောက်မျက် ရတနာပြပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပ ခဲ့ရာ ပြပွဲ ဖွင့်ပွဲသို့ ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် အစိုးရ ဝန်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ယခုကျင်းပသည့် ကျောက်မျက်ရတနာ ပြပွဲ ရောင်းချပွဲသို့ တရုတ်ပြည်မ ကုမ္ပဏီ ၇၂၀ ခု၊ လူဦးရေ ၁၆၂၂ ဦး၊ ဟောင်ကောင် ကုမ္ပဏီ ၃၃ ခု၊ လူဦးရေ ၇၂ ဦး၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့မှ ၂၃ ဦး စုစုပေါင်း ၁၇၁၇ ဦးနှင့် ပြည်တွင်းမှ နိုင်ငံသား ရတနာကုန်သည် ၁၃၈၆ ဦး စုစုပေါင်း လူဦးရေ ၃၀၀၀ ကျော် ရောက်ရှိလျက်ရှိကြောင်း မြန်မာ့ ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီက သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment