Friday, November 18, 2016

အရှင်ဆေကိန္ဒဦးဆောင်သည့် ထေရဝါဒ သံဃာတော် ၁၃ ပါး တရုတ်နိုင်ငံ သို့ သွားရောက်မည်ဖြစ်ပြီး သာသနာရေးဆိုင်ရာ အမြင်များ ဖလှယ်ခြင်းနှင့် ဆွေးနွေးခြင်းများ ဆောင်ရွက်မည်

ဆရာတော်ဒေါက်တာ အရှင်ဆေကိန္ဒ ဦးဆောင်သည့် ထေရဝါဒသံဃာတော် ၁၃ ပါး တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး သာသနာရေးဆိုင်ရာအမြင်များ ဖလှယ်ခြင်း၊ ချစ်ကြည်ရင်းနှီးအောင် ဆွေးနွေးခြင်း များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါတရုတ်ခရီးစဉ်ကို ပီကင်းမြို့ ဗုဒ္ဓအသင်းနှင့်တရုတ်နိုင်ငံမှ စွယ်တော်ဆရာ တော်တို့မှ အကုန်ကျခံစီစဉ်ပေးခြင်းဖြစ်ပြီး ဗုဒ္ဓမြတ်စွယ်တော်ဖူးမြော်ခြင်း၊ မဟာ တံတိုင်းသို့သွားရောက်ခြင်းများပါဝင်မည်ဖြစ်သည်။ ''ဆရာတော်ဒေါက်တာအရှင်ဆေကိန္ဒ ဦးဆောင်ပြီးတော့သွားကြမယ်။ ဟိုရောက်ရင် တရုတ်ပြည်မှာရှိတဲ့ ဘာသာရေးဆိုင်ရာမှာအရေးပါတဲ့ ကျောင်းတိုက်တွေ၊ အဖွဲ့အစည်းက ဆရာတော်တွေနဲ့တွေ့ဆုံမယ်။ ဘာသာရေး သာသနာရေးချစ်ကြည်ရင်းနှီး အောင် ဆွေးနွေးမယ်။ အမြင်ချင်းဖလှယ်ကြမယ်။ ဒီသဘောတွေပါပဲ''ဟု နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်၊ ဌာနမှူး၊ သုတေသနနှင့် ဘာသာပြန်ဌာန ဒေါက်တာ အရှင်ဝဏ္ဏသိရီ(လင်္ကာ)ကပြောသည်။



ယင်းခရီးစဉ်သည် နိုဝင်ဘာ၁၆ရက်မှ နိုဝင်ဘာ ၂၃ ရက်အထိ ရှစ်ရက်ကြာမြင့်မည် ဖြစ်ပြီး တရုတ်နိုင်ငံ သာသနာရေးဝန်ကြီးဌာန အကြီးအကဲများနှင့်တွေ့ဆုံခြင်းနှင့်ဗုဒ္ဓ ဘာ သာကျောင်းတိုက်များသို့ သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။ ''ကျွန်တော့်အတွက်ကတော့ ဒုတိယ မြောက်ခရီးစဉ်ပါ။ ပထမခရီးစဉ်က အိန္ဒိယကို ဆရာတော်တွေနဲ့သွားခဲ့တယ်။ အခုလဲ တရုတ်နိုင်ငံကို သွားရောက်ဖို့ရွေးချယ်ခံရပါ တယ်။ ဆရာတော်တွေနဲ့အတူ ဝန်ကြီးဌာန အနေနဲ့သွားရောက်မှာဖြစ်ပါတယ်''ဟု သာ သနာရေးဦးစီးဌာန၊ သုံးခွမြို့နယ်သာသနာ ရေးဦးစီးအရာရှိ ဦးသူရိန်မြင့်ကပြောသည်။
ခရီးစဉ်တွင် ရန်ကုန်မြို့ နိုင်ငံတော် ပရိယတ္တိတက္ကသိုလ်မှသံဃာတော်ခြောက်ပါး၊ မန္တလေးနိုင်ငံတော်ပရိယတ္တိ တက္ကသိုလ်မှသံဃာတော်လေးပါး၊ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှသံဃာတော်တစ်ပါး၊ သာသနာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် မီဒီယာများလိုက်ပါကြမည်ဖြစ်ကြောင်း သိရသည်။ ''တရုတ်-မြန်မာချစ်ကြည်ရေးအတွက် အရေးပါတဲ့ခရီးစဉ်ဖြစ်ပါတယ်။ ဘာသာ ရေးဆိုင်ရာနေရာတွေအပြင် ယဉ်ကျေးမှု နယ်မြေတွေကိုလည်းလိုက်လံပို့ဆောင် ပေးမှာဖြစ်ပါတယ်။ နှစ်ပေါင်း၂၅ဝဝကျော်၊ ၂၆ဝဝခန့်ရှိတဲ့ ဗုဒ္ဓရဲ့စွယ်တော်မြတ်ရှိပါတယ်။
တရုတ်မဟာတံတိုင်းရှိတယ်။ ရိုးရာယဉ်ကျေးမှုပွဲတော်အနေနဲ့ စွန်လွှတ်တဲ့ပွဲ၊ လက် ဖက်ခြောက်နဲ့ ပတ်သက်တဲ့ယဉ်ကျေးမှု တွေရှိပါတယ်။ ဘုရင့်မင်းဆက်တွေရဲ့ရိုး ရာယဉ်ကျေးမှုတွေရှိပါတယ်''ဟု တရုတ်- မြန်မာယဉ်ကျေးမှုအသင်း အတွင်းရေးမှူး Mr.David Liu ကပြောသည်။ မြန်မာနိုင်ငံ သည် ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်သောနိုင်ငံဖြစ်ပြီး တရုတ် နိုင်ငံသည် မဟာယာနဗုဒ္ဓဘာသာကို ကိုးကွယ်သောနိုင်ငံတစ်ခုဖြစ်ကြောင်းနှင့် အ ခြေခံပိဋကတ်တော်၊ သံဃာတော်သင်္ကန်းများ၊ သက်သတ် လွတ် စားခြင်း၊ မစားခြင်းများ စသည့် ကွာခြားချက်၊ မတူညီချက်များရှိသော် လည်း ဗုဒ္ဓမြတ်စွာဘုရားမှ ဆင်းသက်လာ သည့် ဘာသာတရားများ ဖြစ်သောကြောင့် တူညီသောအယူအဆများစွာလည်း ရှိကြောင်း သိရသည်။

No comments:

Post a Comment