Friday, November 25, 2016

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ နဂါးရွှံ့မီးတောင်ပေါက်ကွဲ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ စိုင်ခြုံ ကျေးရွာအုပ်စု စိုင်ခြုံမြောက်ရွာ အရှေ့မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ပန်းရှည် နဂါးရွှံ့မီးတောင်  နိုဝင်ဘာ ၂၄ ရက် နံနက် ၃ နာရီ မိနစ် ၄ဝ က ပေါက်ကွဲမှုဖြစ်ပွားတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပါတယ်။ မီးတောင်ကနေ ရွှံ့ရည်တွေ ၁ဝ မိနစ်ခန့် မှုတ်ထုတ်ခဲ့လို့ ယင်းတောင်ရဲ့ ဝန်းကျင် ပေ ၄ဝ-၅ဝ ခန့် ပျံ့နှံ့ခဲ့ပြီး  ရွှံ့ရည်ထုမှာ လေးပေ ငါးပေလောက် မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ရွှံ့မီးတောင် ပေါက်ကွဲမှုကြောင့် လူနဲ့  တိရစ္ဆာန်၊ စိုက်ခင်းတွေ ပျက်စီးထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

No comments:

Post a Comment