Saturday, November 19, 2016

တစ်လမ်းမောင်းအဖြစ် ပြောင်းလဲသတ်မှတ်ထားသည့် မြို့တွင်းလမ်းများအတွင်း ယာဉ်/လမ်းစည်းကမ်း မလိုက်နာသည့် မော်တော်ယာဉ်များကို အရေးယူမည်

လားရှိုးမြို့၊ အမှတ်(၃)ရွှေဘုံသာရပ်ကွက်အတွင်းရှိ မြို့တွင်းလမ်း(၃)လမ်းအား တစ်လမ်းမောင်းလမ်းများအဖြစ် ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှစတင်၍ပြောင်းလဲသတ်မှတ်ခဲ့ပြီး လမ်းညွှန်ဆိုင်းဘုတ်များကိုလဲ သိသာထင်ရှားစွာစိုက်ထူထားပြီး ဖြစ်ပါတယ် .
၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့မှစတင်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖောက်ဖျက်သူများကို ဥပဒေအရ စတင်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ် .
တစ်လမ်းမောင်းလမ်းများအဖြစ် -
ကြာဖြူလမ်းကို လမ်းမတော်လမ်း မှ သီရိလမ်းအထိ (အနောက်မှအရှေ့သို့)၊
ကြာနီလမ်းကို သုခလမ်း မှ ရေကန်လမ်းအထိ (အရှေ့မှအနောက်သို့)၊
ကြာညိုလမ်းကို နတ်စင်လမ်းမှ သုခလမ်းအထိ (အနောက်မှအရှေ့သို့ )
ဗိုလ်ချုပ်လမ်းမှ နတ်စင်လမ်းသို့ ဒဲ့ မ၀င်ရလမ်းအဖြစ်သတ်မှတ်ထားပြီး သွားလိုပါက ဈေးပတ်လမ်းဖြစ်သည့် ဟံသာဝတီလမ်းအတိုင်းမောင်းနှင်၍ စန်းတက်ကုန်စုံဆိုင်လမ်းဘက်သို့ ချိုးကွေ့ပြီး နတ်စင်လမ်းဘက်သို့မောင်းနှင်ရမှာဖြစ်ပါတယ်

No comments:

Post a Comment