Monday, November 21, 2016

ယခုလအတွင်း တောင်တရုတ်ပင်လယ်တွင် ကယ်ဆယ်ရေးစစ်ရေးလေ့ကျင့်မည်ဟု ထိုင်ဝမ်ဆို

ယခုလကုန်ပိုင်းတွင် အငြင်းပွားတောင်တရုတ်ပင်လယ်အတွင်း တိုင်ပေ၏ နယ်မြေပိုင်ဆိုင်မှုကို ပြသသည့် အနေဖြင့် ပင်လယ်ရေပြင် ကယ်ဆယ်ရေးစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ရန်စီစဉ်နေကြောင်း ထိုင်ဝမ်ကမ်းခြေ စောင့်တပ်ဖွဲ့ကပြောကြားပြီး ရေတပ်ပါဝင်သည့်စစ်ရေးလေ့ကျင့်မှုဖြစ်နိုင်သည်ဟုဆိုသည်။ ထိုင်ဝမ်နိုင်ငံသားတို့က တိုင်ပင်းဟုခေါ်သည့် အီတူအာဘာ ဒေသပတ်ဝန်းကျင်တွင်ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုတွင် သင်္ဘောနစ်မြုပ်မှုမှ ကယ်ဆယ်ခြင်းပါဝင်သည့် စစ်ရေးလေ့ကျင့်မှု ပါဝင်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ကပြောသည်။ မကြာမီ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်မည်ဟု မျှော်လင့်ရကြောင်း ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။ ကမ်းခြေစောင့်တပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သော ကြေညာချက်တစ်ခုတွင် "တိုင်ပင်ကျွန်းအနီး လက်ရှိမှာ ပုံမှန်ရေတပ်ကင်းလှည့်မှု ရှိပါမယ်၊ တိုင်ပင်ကျွန်းနားမှာ ပြုလုပ်တဲ့ အနာဂတ်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေး စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ဖို့ ရေတပ်ကို ကျွန်တော်တို့ ခွင့်ပြုပေးထားပါမယ်" ဟုဖော်ပြထားသည်။ နှစ်စဉ် သင်္ဘောဖြင့် ကုန်သွယ်ဖြတ်သန်းမှုပမာဏ ဒေါ်လာ ၅ ထရီလီယံခန့်ရှိသော တောင်တရုတ်ပင်လယ်ပြင်တွင် တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနှင့် ဘရူနိုင်းတို့က သူပိုင်ကိုယ်ပိုင်အငြင်းပွားလျှက်ရှိသည်။  Ref:Reuters

No comments:

Post a Comment