Friday, November 25, 2016

"၅၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာမှာ နှင်းတွေကျခဲ့တဲ့ တိုကျို"

တိုကျိုမြို့မှာ နိုဝင်ဘာလအတွင်း ရှားရှားပါးပါး အခြေအနေအဖြစ် ဆီးနှင်းတွေ ကျဆင်းခဲ့တဲ့နောက် မြို့ခံတွေ တအံ့တဩ ဖြစ်ခဲ့ကြပါတယ်။ နိုဝင်ဘာလမှာ နှင်းတွေကျဆင်းတာဟာ ၅၄ နှစ်တာ ကာလအတွင်း ဂျပန်နိုင်ငံရဲ့ မြို့တော်မှာ ပထမဆုံးလည်း ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် မြို့ရဲ့ အပူချိန်က ၁၀ ဒီဂရီ ဆဲလ်ဆီးရပ်စ်ကနေ ၁၇ ဒီဂရီ ဆဲလ်ဆီးရပ်စ်လောက်ထိ ရှိတတ်ပေမယ့် မမျှော်လင့်ဘဲ နှင်းတွေ ကျလာတဲ့နောက် ရေခဲမှတ် နီးပါးထိ ကျဆင်းသွားခဲ့ပါတယ်။

No comments:

Post a Comment