Saturday, November 19, 2016

ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများအရေး ဘင်္ဂလားဒေ့ရှ်တွင် လူရာချီ ဆန္ဒပြ

ဒီဇင်ဘာ ၁၂ ရက်တွင် မြန်မာသံရုံးကို ၀ိုင်းမည်ဟု ဆန္ဒပြခေါင်းဆောင်ပြော။ြ မန်မာသံရုံးကိုကာကွယ်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တာဝန်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီအတွင်းရေးမှူး တုံ့ပြန်။ ရခိုင်ပြည်နယ်၌ ဖြစ်ပွား သော ဘင်္ဂါလီအရေးအပေါ် ကုလ သမဂ္ဂ၊ အိုအိုင်စီနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရတို့က မဆိုင်းမတွ တုံ့ပြန် ဆောင်ရွက်ကြရန် နိုဝင်ဘာ ၁၈ ရက်ညနေက ဒါကာမြို့တွင် ဘင်္ဂ လားဒေ့ရှ် အစွန်းရောက်နိုင်ငံေ ရး ပါတီတစ်ခုကဦးဆောင်၍ ရာနှင့် ချီသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ တောင်းဆို ဆန္ဒပြပွဲ ဖြစ်ပွားခဲ့သည်။ ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ် သည့် Islami Andolon Bang-ladesh စာတန်းအောက်တွင် ဆန္ဒပြခဲ့သည့် ရာနှင့်ချီသော လူအုပ်က ဘင်္ဂလားဒေ့ရှ် အမျိုးသားသတင်းစာကလပ်ရှေ့၌ စုရုံး၍ အောက်တိုဘာ ၉ ရက် အကြမ်းဖက်မှုကစပြီး ရခိုင်တွင်ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို ကန့်ကွက်ရန် တောင်းဆိုခဲ့သည်။ ဒါကာရှိ မြန်မာသံရုံးကို ဒီဇင်ဘာ ၁၂ ရက် နံနက်တွင် သိမ်းမည်ဟု ထိုအစ္စလာမ်မစ်ပါတီ၏နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင် Syed Mosa-ddek Billah Al-Madani က ကြေညာခဲ့ကြောင်း ဒါကာအခြေစိုက်သတင်းဌာနများက အစီရင်ခံ သည်။



ဒါကာဆန္ဒပြမှုအပေါ် တုံ့ ပြန်ရန်မရှိကြောင်း မြန်မာသမ္မတ ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော် ဌေးက ပြောကြားသည်။

‘‘ဘာမှ မရှိဘူးဗျ။ သူက ဘင်္ဂလားဒေ့ရှ် ပြည်တွင်းမှာ ပြ တာလေ။ ကျွန်တော်တို့ဆီမှာ ပြ တာမဟုတ်ဘူး။ မြန်မာသံရုံးကို ၀ိုင်းရင် သံရုံးတွေကို နိုင်ငံတကာ စည်းမျဉ်းအရ သူ့သက်ဆိုင်ရာ နိုင်ငံက ကာကွယ်ပေးရမယ်။ သံ ရုံးကို တိုက်ခိုက်တာက ဒီနိုင်ငံကို ကျူးကျော်တိုက်ခိုက်တာနဲ့ အတူ တူပဲ’’ဟု ရခိုင်ပြည်နယ်ဖြစ်စဉ် များအပေါ် သတင်းထုတ်ပြန်ရန် ပြီးခဲ့သည့်ရက်က ဖွဲ့စည်းခဲ့သော နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီ အတွင်း ရေးမှူး ဦးဇော်ဌေးက ပြောသည်။

ဘင်္ဂလားဒေ့ရှ် လက်ရှိအာ ဏာရပါတီဖြစ်သည့် Awami League နှင့် အတိုက်အခံပါတီ Bangladesh Nationalist Party တို့အနေဖြင့် ရခိုင်ပြည်နယ်ပဋိ ပက္ခနှင့် ပတ်သက်၍ တစ်စုံတစ် ရာ ကန့်ကွက်ခြင်းမရှိကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများအရ သိရသည်။

‘‘လာမယ့် လအနည်းငယ်မှာ မြန်မာရဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒါကာကို အလည်ဖိတ်ခေါ်ဖို့ ဘင်္ဂ လားဒေ့ရှ်က လုပ်နေတဲ့အချိန်မှာ Awami League ဦးဆောင်တဲ့၊ ဘာသာရေးအပေါ် အခြေမခံတဲ့ လက်ရှိ (ဘင်္ဂလားဒေ့ရှင်္) အစိုးရ အနေနဲ့ ရခိုင်ပြည် နယ်အတွင်းက အကြမ်းဖက်မှုတွေကို ဘယ်လိုတုံ့ ပြန်ရမလဲဆိုတဲ့ ဘေးကျပ်နံကျပ် အနေအထား ကြုံနေရတယ်’’ဟု ဒါကာအခြေစိုက် ဘင်္ဂလားဒေ့ရှ် သတင်းထောက် မက်ခ်တဒ္ဒီယာ ရာရှစ်က ပြောကြားသည်။

ရခိုင်ပြည်နယ်မှနေ၍ နတ် မြစ်ကိုဖြတ်ကျော်ကာ ဘင်္ဂလား ဒေ့ရှ်ဘက်သို့ ထွက်ပြေး ၀င် ရောက်သူ ရာနှင့်ချီသော လူများ ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်က ပြန်လည်နှင်လွှတ်သည်ဆိုသော သတင်းများထွက်ပေါ်ခြင်းနှင့်ပတ်သက်၍ ဆန္ဒပြသူများက ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးကို ရှုတ်ချခဲ့သည်။

ဒီဇင်ဘာ ၄ ရက်တွင် ပြန်လည်ကျင်းပမည့် ဘင်္ဂလားဒေ့ရှ်လွှတ်တော် အစည်းအဝေးတွင် ထိုကိစ္စအပေါ်ရှုတ်ချမှု ချက်ချင်းပြုလုပ်ရန်လည်း ၎င်းတို့ အစိုးရကို တိုက်တွန်းခဲ့၏။

ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်ဝန်းရှိ  ပဋိပက္ခဒဏ်ခံ  ဘင်္ဂါလီ(ရိုဟင်ဂျာ) များအား ရန်ပုံငွေထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဆန္ဒပြသူများက  ပြောကြားခဲ့သည်။ ငြိမ်းငြိမ်းပြည့်

No comments:

Post a Comment