Saturday, November 19, 2016

အောက်တိုဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးဆုများကို ဟာဇက်နှင့် ကွန်တီတို့ ဆွတ်ခူး

ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီနှင့် တောင်ပံကစားသမား ဟာဇက်တို့သည် အောက်တိုဘာလအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးဆုများကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် အောက်တိုဘာလအတွင်း ကစားခဲ့သော ပွဲစဉ်များဖြစ် သည့် ဟားလ်စီးတီး၊ လက်စတာ၊ မန်ယူ၊ ဆောက်သမ်တန်တို့နှင့် ပွဲများတွင် အနိုင်ရရှိခဲ့သဖြင့် အကောင်းဆုံး နည်းပြဆုကို ကွန်တီက ဆွတ်ခူးခဲ့ခြင်းဖြစ် သည်။ ထို့အတူ တောင်ပံကစားသမား ဟာဇက်မှာလည်း ယင်းပွဲစဉ်(၄)ပွဲတွင် (၃) ဂိုးသွင်းကာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ခဲ့ပြီး အောက်တိုဘာလ၏ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment