Friday, November 25, 2016

ဘင်္ဂလားဒေ့ရှ်သို့ ၀င်ရောက်လာသူများနှင့်ပတ်သက်၍ မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားဝန်ကြီးဌာန ခေါ်ယူပြောကြား

ရခိုင်ပြည်နယ်မှနေ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ၀င် ရောက်နေသူများနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံ အမတ်ဦးမျိုးမြင့်သန်းကို နိုဝင် ဘာ ၂၃ ရက်က ဒါကာမြို့ရှိ ဘင်္ဂ လားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာ နသို့ ခေါ်ယူ၍ တွေ့ဆုံပြောကြားခဲ့ ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြား ရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်သည်။ ရခိုင်ပြည်နယ်၌ ဖြစ်ပွား သော ဘင်္ဂါလီ အရေးအပေါ် ဘင်္ဂ လားဒေ့ရှ်အစိုးရက မဆိုင်းမတွ တုံ့ပြန်၍ ကန့်ကွက်ရန် ဘင်္ဂလား ဒေ့ရှ်အစွန်းရောက် အစ္စလာမ်မစ် နိုင်ငံရေးပါတီတစ်ခုက ဒါကာမြို့ တွင် ဆန္ဒပြတောင်းဆိုခဲ့ပြီးနောက် ငါးရက်အကြာ၌ ယခုတွေ့ဆုံမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်၌ ဆက်လက် ဖြစ်ပွားနေသော အခြေအနေ၊ ဘင်္ဂလားဒေ့ရှ်အပေါ် ဂယက်ရိုက် ခတ်မှုများစသည်တို့နှင့်ပတ်သက် ၍ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ စိုးရိမ် ပူပန်မှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြား ရေးဝန်ကြီးဌာန အတွင်းဝန် မစ္စတာ ကမ်ရူအာဆန်က မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်းအား တွေ့ဆုံပြောကြားခဲ့သည်ဟု ဘင်္ဂ လားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။ ရခိုင် ပြည်နယ်မှ လူများသည် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေကြောင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွင်း ၀င်ရောက်နေကြ ပြီး နယ်စပ်တစ်လျှောက်တွင် လုံ ခြုံမှုနှင့် ခိုလှုံစရာ ရှာဖွေနေကြ ကြောင်း မြန်မာသံအမတ်ကို အ ကြောင်းကြားခဲ့သည်ဟု ဆိုသည်။


 လူများ စုပြုံရောက်ရှိလာ ခြင်းကို တားဆီးရန် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ကြိုးစားခဲ့ သော်လည်း အမျိုးသမီး၊ကလေး၊ သက်ကြီးရွယ်အိုများအပါအ၀င် ထောင်ပေါင်းများစွာသော လူ များသည် နယ်စပ်ကို ဖြတ်ကျော် ၍ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဆက် လက်ဝင်ရောက်နေပြီး နောက်ထပ်ထောင်ပေါင်းများစွာမှာလည်း နယ်စပ်တွင် စုရုံးနေကြကြောင်းသတင်းရရှိထားသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားပါသည်။

ထိုကဲ့သို့ လူအစုလိုက်အပြုံ လိုက် နယ်စပ်ဖြတ်ကျော်ဝင် ရောက်ခြင်းကို တားဆီးရန် နယ် စပ်လုံခြုံရေးတွင် မြန်မာအနေဖြင့် ဘင်္ဂလားဒေ့ရှ်အား ကူညီရန် မစ္စ တာအာဆန်က မေတ္တာရပ်ခံခဲ့ သည်ဟု ဆိုသည်။ ထို့အတူ သမာသမတ်ကျ ဘက်မလိုက် သော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် နိုင်ငံတကာ အသိုက်အ၀န်းက တောင်းဆိုနေမှုအပေါ် ထည့်သွင်းစဉ်းစားပေးရန်လည်း မြန်မာကို ဘင်္ဂလားဒေ့ရှ်အတွင်းဝန်က တိုက်တွန်းခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော်နယ်စပ်တွင် ထွက်ပြေးသွား သူ ၁,၂၁၃ဦးရှိကြောင်းနိုင်ငံတော် အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ၏အတွင်းရေးမှူး ဦးဇော်ဌေးက ပြောသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် သတင်းအချက်အလက်ဖလှယ်မှုပြုလုပ်နေသကဲ့သို့ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။

‘‘နိုင်ငံရေးဆိုတာ ပြည်တွင်း ကို ဗဟိုပြုရတာ။ ဟိုတစ်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆန္ဒပြမှု တွေလုပ်တယ်။ သူ့ပြည်သူတွေ ဆန္ဒပြတဲ့အခါမှာ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ပြည်သူကို ဗဟိုပြု ရတဲ့ နိုင်ငံရေးဖြစ်တဲ့အတွက် ဒါ မျိုး Statement ထုတ်တဲ့သဘော လို့ ကျွန်တော်တို့က ယူဆတယ်။ ဒါက ဘယ်နိုင်ငံ၊ ဘယ်အစိုးရမဆို ကိုယ့်ပြည်သူကို အလေးထားတဲ့ သဘောရှိပါတယ်။ သူ့ပြည်သူရဲ့ စိုးရိမ်ပူပန်မှုကို သူ့အစိုးရက လုပ် ပြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကြုံနေရတဲ့ အခြေအနေက စီမံ ချက်နဲ့ လုပ်ဖို့ ဆိုတာက အခု ကျွန်တော်တို့ စီမံချက်နဲ့ လုပ်နေတယ်’’ ဟု ဦးဇော်ဌေးက ပြောသည်။

တစ်ဆက်တည်းမှာပင် ၎င်း က ‘‘ကျွန်တော်တို့နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေတဲ့ဟာမှာ ခုခံမှုတွေ ကြုံတွေ့လာပြီးတဲ့ နောက်ပိုင်းမှာ အခုဟာက အကြမ်းဖက်တိုက်ခိုက်မှုအထိ    ဖြစ်လာတဲ့သဘောဖြစ်နေတယ်။   အဲဒါကို ကျွန်တော်တို့က ဖြေရှင်းနေရတဲ့ အနေအထား။ အဲဒီတော့ ပြောချင်တာကတော့ မောင်တောဒေသ အခုဖြစ်ပွားတဲ့ဒေသ တည်ငြိမ်မှုနဲ့အေးချမ်းမှု၊ တရားဥပဒေစိုးမိုးရေး ဒါကို ဆောင်ကြဉ်းဖို့ ကျွန်တော်တို့လုပ်နေတာ ဖြစ်တယ်။ အဲဒါလုပ်ပြီးတာနဲ့ ကျွန်တော်တို့ က ရေရှည်ဆောင်ရွက်သွားမယ့် Plan တွေရှိပါတယ်။ အဲဒီအတိုင်း ဆက်လုပ်သွားမှာပါ။ လုပ်တဲ့အခါမှာလည်း ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်မှာ ဖြစ်ပါတယ်’’ဟု ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်က မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် သည် မြန်မာဆိုင်ရာ ဘင်္ဂလား ဒေ့ရှ်သံအမတ်ကို နေပြည်တော် သို့ခေါ်ယူ၍ မောင်တောနှင့် ရသေ့တောင်ဖြစ်စဉ်များနှင့် စပ်လျဉ်းပြီးအသိပေး ပြောကြားမှုရှိခဲ့သည်။ ငြိမ်းငြိမ်းပြည့်

No comments:

Post a Comment