Saturday, November 19, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံစာတိုက်နှင့်ဆက်သွယ်ရေးဝန်ကြီးဟောင်း Mr. Hideo WATANABE ဦးဆောင်သော အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဂျပန်နှစ်နိုင်ငံအကြား၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်လုပ်ဆောင်နိုင်မှု အခြေအနေများ၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံမှ ကူညီပံ့ပိုးမှုများ တိုးမြှင့်ဆောင်ရွက်ပေးမှုအခြေအနေများ၊ နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေနိုင်မည့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုပိုမိုပြုလုပ်ရန်၊ အများပြည်သူအကျိုးရှိသည့် မီးရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေး၊ သင်္ဘောဆိပ်ကမ်းစသည့် သယ်ယူပို့ဆောင်ရေးကိုအထောက်အကူပြုသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများတိုးမြှင့်လုပ်ဆောင်ပေးရန်လိုအပ်သည့်အခြေအနေများ၊ တပ်မတော်သင်တန်းကိစ္စရပ်များနှင့် မသန်စွမ်းစစ်သည်များအတွက် မုန့်လုပ်ငန်းကဲ့သို့ အိမ်တွင်းမှုလုပ်ငန်းငယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး တို့အား ရင်းနှီးစွာအပြန်အလှန် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ေ တွ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး Mr. Hideo WATANABE နှင့်အတူတာဝန်ရှိသူများတက်ရောက်ကြကာ တွေ့ဆုံပွဲအပြီး တွင် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။

No comments:

Post a Comment