Monday, November 21, 2016

ယခုနှစ်တွင် မြွေဆိပ်ဖြေဆေးတစ်သိန်းအထိ တိုးချဲ့ထုတ်လုပ်မည်

ယခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြွေဆိပ်ဖြေဆေးအလုံးရေတစ်သိန်းအထိတိုး မြှင့်ထုတ်လုပ်မည်ဖြစ်ကြောင်း ဆေးဝါးစက်ရုံ(အင်းစိန်)မှ သတင်း ရရှိသည်။ေ မြွဆိပ်ဖြေဆေးကို မြန်မာ နိုင်ငံတွင် ၁၉၆၂ကတည်းက စတင်ထုတ်လုပ်ပြီး ယခုနောက်ပိုင်း၌ မြွေကိုက်လူနာများပြားလာကာမြွေဆိပ်ဖြေဆေးလိုအပ်ချက်မြင့်မားလာမှုကြောင့် ယခုနှစ်တွင် မြွေဆိပ်ဖြေဆေး အလုံးရေးတစ်သိန်းအထိ တိုးမြှင့်ထုတ်လုပ်မည်ဖြစ်ကြောင်း ဆေးဝါးစက်ရုံ (အင်းစိန်) စက်ရုံမှူးဦးကိုကိုအောင်ကပြောကြားသည်။ ‘‘ကျန်းမာရေးဝန်ကြီးဌာနက လုပ်ထားတဲ့လေ့လာသုတေသန တွေ အရဆိုရင် အခုလက်ရှိမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မြွေဆိပ်ဖြေ ဆေးကရှစ်သောင်းလောက်လိုတယ်။ အဲဒီလောက်လိုတဲ့ဟာကို အခုတစ်သိန်းအထိ ဒီနှစ်ဆိုရင် ထုတ်မှာပေါ့’’ဟု ၎င်းကပြောကြားသည်။



  ယခင်ကမြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုမလုံလောက်သဖြင့် အိန္ဒိယနှင့် ထိုင်းနိုင်ငံများမှဝယ်ယူ သုံးစွဲရပြီးမြန်မာနိုင်ငံတွင် ၂၀၁၄က မြွေဆိပ်ဖြေဆေးအလုံးရေ ခြောက်သောင်းနှင့် ၂၀၁၅ က အလုံးရေ ရှစ်သောင်းခန့် ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

‘‘အရင်ကမြွေဆိပ်ဖြေဆေး မလုံလောက်ခင်အထိက နိုင်ငံခြား က၀ယ်သွင်းရတယ်။ အဲဒီတော့ မြွေက မျိုးစိတ်မတူဘူး။ ဥပမာ ထိုင်းမှာရှိတဲ့မြွေနဲ့ မြန်မာမြွေနဲ့ မ တူသလို အိန္ဒိယမှာရှိတဲ့မြွေနဲ့ မြန် မာပြည်မှာရှိတဲ့မြွေနဲ့မတူဘူး။ လူ နာကိုမြွေဟောက်ပေါက်လို့သွင်း ရင် အဲဒီမြွေဆိပ်ဖြေဆေးက စွမ်း သလားမသိနိုင်ဘူး။ မရှိလို့သာမ ရှိသုံးသုံးရတာပေါ့။ အခုကျတော့ မြန်မာပြည်မှာ လိုသလောက် ထုတ်နိုင်ပြီ။ ပြီးတော့ အကိုက်များ တဲ့ မြွေပွေးနဲ့ မြွေဟောက်ဖြေဆေးတွေကို တစ်နိုင်ငံလုံးမှာရှိတဲ့ မြွေပွေး၊ မြွေဟောက်မျိုးစိတ်တွေ နဲ့ ကိုက်ညီအောင် လုပ်ထားပါ တယ်’’ဟု ဦးကိုကိုအောင် ဆက် လက် ပြောသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်မြွေ ကိုက်ခံရသူ တစ်သောင်းခွဲခန့်ရှိပြီး ၉၀ ရာခိုင်နှုန်းသည် မြွေပွေးကိုက်ခံရခြင်းကြောင့်ဖြစ်ကာ  ၁၀ ရာခိုင်နှုန်းမှာ မြွေဟောက်ကြောင့်ဖြစ်သည်။ မြွေကိုက်ခံရသော လူနာတစ်ဦးသည် မြွေဆိပ် ဖြေဆေး လေးလုံးထိုးနှံရန် လိုအပ်ပြီး သက်သာမှုမရှိပါကနောက်ထပ်ခြောက်နာရီ၌ ဖြေဆေးလေးလုံး ထပ်မံထိုးနှံရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ယမင်း

No comments:

Post a Comment