Thursday, November 24, 2016

ကျောက်ဆည်မြို့တွင် အီလက်ထရွန်နစ်ဆိုင်ရှင် အသတ်ခံရ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် ညဘက် ကွမ်းယာထွက်ဝယ်သည့် အီလက်ထရွန်နစ်ဆိုင်ပိုင်ရှင် အမျိုးသား တစ်ဦးကို အမည်မသိအမျိုးသား သုံးဦးက ဓားဖြင့်ထိုးခဲ့သဖြင့် သေ ဆုံးခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ေ ကျာက်ဆည်မြို့ ကံဦးရပ် ကွက်ရှိ အသက် (၄၀)ကျော်အ ရွယ် အီလက်ထရွန်နစ်ပစ္စည်းဆိုင် ပိုင်ရှင် အမျိုးသားသည် နိုဝင်ဘာ ၂၂ ရက် ည ၇ နာရီခန့်က ကွမ်း ယာထွက်ဝယ်စဉ် အမည်မသိ အမျိုးသားသုံးဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး ဓားဖြင့် ထိုးခဲ့သဖြင့် ဒဏ်ရာများရရှိကာ  သေဆုံးခဲ့ ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။



သေဆုံးသူမှာ ကွမ်းယာဝယ် ယူနေစဉ် ဓားဖြင့် ထိုးခံရခြင်းဖြစ်ပြီး လည်ပင်းနှင့် လက်ကောက် ဝတ်တို့တွင် ပြတ်ရှဒဏ်ရာများ၊ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာများ ရရှိကာ လမ်းပလက်ဖောင်းပေါ် သို့ လဲကျနေ၍   ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့ သည်ဟု ရဲမှတ်တမ်းအရ သိရ သည်။

အဆိုပါ အသတ်ခံရမှုအ တွက် ကျောက်ဆည်မြို့မရဲစခန်း တွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး နိုဝင် ဘာ ၂၃ ရက် ညနေအထိ တရား ခံများအား ဖမ်းဆီးနိုင်ခြင်းမရှိ သေးကြောင်း သတင်းရရှိသည်။

‘‘တရားခံကို စုံစမ်းနေဆဲဖြစ် ပါတယ်။ ဖမ်းဆီးရမိခြင်းမရှိသေး ပါဘူး။ ဘာကြောင့်သတ်တယ်ဆို တဲ့ အကြောင်းရင်းကိုလည်း မသိ ရသေးပါဘူး။ ဒေါသအလျောက် ဖြစ်တယ်လို့ ယူဆပါတယ်’’ဟု ကျောက်ဆည်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။ မောင်တာ

No comments:

Post a Comment