Sunday, November 20, 2016

မျက်စိအတွင်းတိမ်ဝေဒနာရှင် ၅၀ ကျော်အား တရုတ် ဆရာဝန်များက နေပြည်တော်တွင် အခမဲ့ကုသပေး


မျက်စိအတွင်း တိမ်ဝေဒနာရှင် ၅၂ဦးအား နေပြည်တော်ရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ အထူးကု ဆေးရုံကြီးတွင် မဲခေါင်ဒေသအ လင်းရောင်ခရီးစဉ်၏ပံ့ပိုးကူညီမှု ဖြင့် တရုတ်မျက်စိ ဆရာဝန်ကြီး များက သုံးရက်ကြာ အခမဲ့ကုသ ပေးနေသည်။ မဲခေါင်ဒေသအလင်းရောင် ခရီးစဉ်၏မျက်စိအတွင်းတိမ် ဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ကုသပေးခြင်းအစီအစဉ်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ တရုတ်ပြည်သူ့ ဆက်ဆံရေးအသင်း၊ တရုတ် အမျိုးသားကုသိုလ်ဖြစ် မဟာမိတ်အဖွဲ့တို့က အဓိကပံ့ပိုးကူညီကာ တရုတ်နိုင်ငံ ပင်လယ်ရပ်ခြားတရုတ်နွယ်ဖွား ကုသိုလ်ဖြစ် ဖောင်ဒေးရှင်း၊ တရုတ်မသန်စွမ်းသူများ ဖောင်ဒေးရှင်းတို့က ပူးတွဲပံ့ပိုးကူ ညီပြီး တရုတ်နိုင်ငံမှ မျက်စိဆရာ ဝန်ကြီးများအဖွဲ့က ဥတ္တရသီရိမြို့ နယ်ရှိ အဆိုပါဆေးရုံ၌ နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ မျက်စိ ဝေဒနာရှင်များအား ခွဲစိတ်ကုသမှု များ ဆောင်ရွက်လျက်ရှိသည်။



အဆိုပါဖွင့်ပွဲအခမ်းအနား ကို နိုဝင်ဘာ ၁၆ ရက်က နေပြည် တော်ရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံကြီးတွင် ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးထင် ကျော်နှင့် ဇနီးအပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ တက်ရောက်ခဲ့သည်။

တရုတ်နိုင်ငံမှ မျက်စိဆရာ ဝန်ကြီးများအဖွဲ့သည် ယခုအစီ အစဉ်အဖြစ် ရန်ကုန်မြို့ရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေး ရုံကြီးတွင် လူနာ ၁၀၀ ဦးနှင့် သီတ ဂူစက္ခုပါလမျက်စိဆေးရုံကြီးတွင် လူနာ ၁၀၀ ဦးတို့အား ခွဲစိတ်ကုသ ပေးခဲ့ပြီးဖြစ်သည်။ ပိုင်စိုးသူ

No comments:

Post a Comment