Tuesday, November 22, 2016

မျှစ်တောင်းတာကို ဝါးလာမကျွေးနဲ့

ကုန်ဈေးနှုန်းလေး ကျဆင်းအောင် ××× ကြိုးစားချိန်တန်ပြီ ××× ပြည်သူတွေမှာ မျှော်ကာ နေသည် ××× ဗိုက်ဟောင်း လောင်းနဲ့အတည် ××× ဈေးနှုန်းတွေ ××× အမြန်ကျချင်ပြီ ××× ရှေ့ဆက်လျှင် ××အငတ်ဘေး ဆိုက်မည် ××× ထမင်းတစ်နပ် သာမက ××× နှစ်နပ်စလုံးပါ လျှော့ရကိန်းဆိုက်မည်××× မေးခွန်းတွေကို ××× အတိအကျ ဖြေရန် ××× သင်တို့တာဝန်ဖြစ် သည် ××× ပြည်သူ့အိပ်မက် မျှော်လင့်ချက်ကို ××× ထမ်း ရွတ်ရမည် ××× တို့ယုံကြည် ×××။
အင်း ... အစဉ်အဆက် အရာရာသာ မတိုးတက်ရင်နေ မယ်။ ခေတ်အဆက်ဆက် မပျက် မကွက် တိုးတက်ခဲ့တာကတော့ ကုန်ဈေးနှုန်းနဲ့ ဘတ်စ်ကားပါပဲ။ လောကကြီးမှာ အရာအားလုံး အမြင့်ဆုံးတက်ပြီးရင် ပြန်ကျစမြဲ ဆိုပေမယ့် ကုန်ဈေးနှုန်းကတော့ အဲဒီနိယာမရဲ့ ပြင်ပမှာ တခမ်း တနား ရှိနေလေရဲ့။ ဝင်ငွေတစ် ယူနစ်တက်လာတိုင်း ကုန်ဈေး နှုန်းက နှစ်ယူနစ် လိုက်တက်နေ တော့ အိပ်မက်တွေလည်း အ ရောင်ဖျော့လာပြီး မျှော်လင့်ချက် တွေလည်း အားလျော့လာတာ ဆန်းတော့ မဆန်းပါဘူး။ အ နောက်တိုင်း စကားပုံတစ်ခုရှိပါ တယ်။



Man becomes stupid and heartless when he toes not have a dream. လူတစ် ယောက်သည် စိတ်ကူးယဉ်မျှော် လင့်စရာ ဘာတစ်ခုမျှ မရှိလာ တော့တဲ့အခါ မိုက်မဲပြီး စာနာမှုနှလုံးသားကင်းမဲ့ လာတတ်ပါ တယ်တဲ့။ ဒီနေ့ သတင်းစာ၊ ဂျာ နယ်တွေထဲမှာ တစ်နေ့တစ်မျိုး မရိုးရအောင် ကြားသိမြင်တွေ့ နေရတဲ့ ကျော်မကောင်း ကြား မကောင်း ပြစ်မှုမျိုးစုံတွေဟာဆင်း ရဲခြင်းရဲ့ ဖွားဖက်တော် တစ်နည်း အားဖြင့်  မျှော်လင့်ချက်မဲ့မှု ကြောင့်လို့  ထင်တာပဲ။ လူဆိုတာ အစာအာဟာရနည်းလေ အလို မကျမှုတွေ ကြီးမားလေဖြစ်တတ် လို့ပါ။ ပညာရှင် တစ်ဦးကတော့ ပြောခဲ့ပါရဲ့။ ဆင်းဆင်းရဲရဲ မွေး လာတာ အပြစ်မဟုတ်ပါ။ ဒါပေမဲ့ ဆင်းဆင်းရဲရဲ သေသွားတာတော့ အပြစ်တဲ့။ ပညာရှင်ကြီးရဲ့စကား က ခေတ်စနစ်ကောင်းတွေနဲ့ ကြုံရတဲ့ နိုင်ငံကလူတွေအတွက် မှန် နိုင်ပါရဲ့။ ညှပ်ကြီးတို့ နိုင်ငံမှာတော့ ဘယ်လောက်ပဲကြိုးစား ကြိုးစား သေခါနီးမှာ၊ သေချိန်မှာ မွေးလာတုန်းကထက် ပိုဆင်းရဲလို့ နာရေးကူညီမှုအသင်းတွေ မရပ်မနား လှုပ်ရှားနေရတာနဲ့တင် အဖြေကထွက်လို့နေပါရဲ့။

အင်း... ပြည်သူတွေကလည်း စောင့်ကြည့်နေတာ ကြာခဲ့ပေါ့။ ဘယ်သော ဘယ်အခါမှ ပြည်သူ့ ကိုယ်စားလှယ်ပီပီ ပြည်သူ့အရေး မှာ အရေးတကာ့ အရေးကြီးဆုံး ဖြစ်တဲ့ ကုန်ဈေးနှုန်းကိစ္စ လွှတ် တော်မှာ မေးမြန်းကြပါမလဲစောင့် ကြည့်နေတာ ကြာခဲ့ပေါ့။ အခု တော့ ဘာပဲဖြစ်ဖြစ် ပြည်သူ့ကိုယ် စား မေးမြန်းပေးတဲ့သူ ပေါ်လာပါ ပြီ။ ပြည်သူတွေလည်း မျှော်ကြ တာပေါ့။ ပျော်ကြတာပေါ့။ ကန် စွန်းရွက်အစားထိုး ကြက်သား အိပ်မက်ကလေးတွေ ကိုယ်စီနဲ့ ပေါ့။ အဖြစ်က ဒီလိုပါခင်ဗျ။ နိုဝင်ဘာ ၁၆ ရက်နေ့က ကျင်းပ တဲ့ ပြည်သူ့လွှတ်တော်မှာ အရပ် ရပ်ကုန်ဈေးနှုန်း မြင့်တက်နေမှုကို ထိန်းချုပ်နိုင်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က မေးမြန်းပါသတဲ့။ အဲဒီမှာ အနာနဲ့ ဆေး စတင်လွဲခဲ့ပုံပါပဲ။ ခါးကိုက် တဲ့လူနာကို သွားနုတ်ကုသပေး လိုက်သလို ဖြစ်နေပါရဲ့။

ဖြေကြားသူ ဝန်ကြီးမင်းက လည်း ငွေကြေးဖောင်းပွမှုနှုန်း ထားများကြောင့်  ကုန်ဈေးနှုန်း တက်ရတဲ့ အကြောင်းရင်းများ၊ ငွေကြေးဖောင်းပွလာရတဲ့ အခြေ ခံအချက်အလက်များနဲ့ ကုန်ဈေး နှုန်းတက်လာရတဲ့ နှုန်းထားတွေ ကို အသေးစိတ် ဂဃနဏ ရှင်းပြ သွားပုံက မသိရင် ကုန်ဈေးနှုန်း ကြီးမြင့်ရခြင်း အကြောင်းရင်းစာ တမ်းဖတ်ပွဲအလား ထင်မှတ်ရပါ ရဲ့။ ဒါပေမဲ့ ကံမကောင်းမထောက် မမစွာနဲ့ပဲ ကုန်ဈေးနှုန်း ထိန်းချုပ် မယ့် အစီအစဉ်ရှိ၊ မရှိနဲ့ပတ်သက် ပြီးတော့ ဖြေဖို့မေ့သွားပုံပါပဲ။ အင်း...အရပ်စကားနဲ့ပြောရရင် တော့ ဒီပွဲကြည့်မကောင်းဘူးဆို ကာ လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင် ဝင်သတိပေးရပုံပါပဲ။ လွှတ်တော် ဥက္ကဋ္ဌက မေးခွန်းကို ထိထိရောက် ရောက် ဖြေဆိုဖို့ ကုန်ဈေးနှုန်း တက်မှုကို ထိန်းချုပ်ရန် အစီ အစဉ်ရှိ၊ မရှိကို တိုတိုနဲ့လိုရင်း ဖြေဖို့ သတိပေးရတဲ့ အခြေအနေ အထိ ဖြစ်ခဲ့ပါရဲ့။

နောက်ဆုံး ဝန်မင်းရဲ့အဖြေ ကတော့ ပြည်သူ့အိပ်မက် တော ထွက်ရတော့မယ့်ပုံပါပဲ။ ကုန်စည် တို့ရဲ့ သဘောသဘာဝအရ ရောင်းလိုအားနဲ့ ဝယ်လိုအား ကြောင့် ဈေးနှုန်းအတက်အကျ ဖြစ်ခြင်းသာဖြစ်ကြောင်းနဲ့ လေ့ လာတွေ့ရှိချက်အရ ထူးကဲစွာ ဈေးနှုန်းတက်ခြင်း၊ ကျခြင်းမျိုး မဟုတ်ဘဲ သာမန်အခြေအနေမျိုး ဖြစ်လေ့ဖြစ်ထ ရှိခြင်းမျိုးသာဖြစ် ကြောင်းနဲ့ ဈေးကွက်စီးပွားရေး စနစ်အရ အစိုးရက တိုက်ရိုက် ထိန်းချုပ်မှု မလုပ်ဘဲ ကုန်ဈေးနှုန်း သတင်း အချက်အလက်များကို သက်ဆိုင်ရာကုမ္ပဏီများနဲ့တွေ့ ဆုံပြီး ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးမယ့်အကြောင်း ကြား လိုက်ရတော့ ပြည်သူတွေခမျာ ဝဋ်ကြွေးမကျေသေးလို့သာပဲ ဖြစ် မှာပါလို့ နားလည်ပေးလိုက်ရပါ ရဲ့။ ကုန်ဈေးနှုန်း ကြီးမြင့်ရခြင်း ဟာ သဘာဝလို ဖြစ်နေပြီလို့ ဆိုမှ တော့ နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ လုမှု၊ ယက်မှု၊ ခိုးမှု၊ သတ်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ ဟာဖြင့်လည်း သဘာဝလို့ ခံယူရ တော့မလိုပါပဲ။

 အင်း ... ပြည်သူတွေရဲ့ အဖြစ်ကလည်း စားချင်လို့ မျှစ် တောင်းတာ ဝါးလုံးတွေ လာ ကျွေးသွားတယ်ဆိုသလို ဖြစ်နေ ပါရဲ့။ တကယ်တော့ ဒီစကားဟာ ညှပ်ကြီးစကား မဟုတ်ပါဘူး ခင်ဗျ။ တိုင်းပြည်ကြီး အခုလို ဆင်းရဲ စုတ်ပြတ်သွားအောင် စတင်ဖော်ဆောင်ခဲ့တဲ့ သွားလေ သူအာဏာရှင်ကြီး တစ်နည်းအား ဖြင့် တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခဲ့ သူကြီးရဲ့ နှလုံးသားကိစ္စနဲ့ပတ် သက်ပြီး ပြောခဲ့ဖူးတဲ့ ရှားရှားပါးပါး မှတ်သားဖွယ်ရာစကားပါ။ အနှီပုဂ္ဂိုလ်ကြီးက  မိန်းမကိစ္စနဲ့ ပတ်သက်ရင်  ခြေသွက်လက် သွက်ပုဂ္ဂိုလ်ကြီးမို့ အင်မတန် ချောမောလှပတဲ့ နာမည်ကြီး ဆယ်လီဘရီတီတစ်ယောက်နဲ့ ငြိစွန်းနေပါသတဲ့။ အဲဒီအချိန်မှာ သူ့အနီးအနားမှာရှိတဲ့ ပုဂ္ဂိုလ်တွေ က မဖြစ်သင့်တာ မဖြစ်ရလေ အောင် အသက်အနည်းငယ်ကြီး ပေမယ့် လုံးကြီးပေါက်လှ တောင့် တောင့်တင်းတင်း အယ်စတုံကြီး တစ်ယောက်နဲ့ ကိုယ်တွင်းအနာ သက်သာလို သက်သာငြား မိတ် ဆက် အောင်သွယ်ပေးသတဲ့။ အဲဒီတော့မှ တစ်သက်လုံး ခပ်ရင့် ရင့် ခပ်ပြတ်ပြတ်ပုဂ္ဂိုလ်ကြီးအချစ် နဲ့ ပတ်သက်ပြီး တစ်နည်းအားဖြင့် ‘မ’ကိစ္စနဲ့ပတ်သက်ပြီး သူ့နှုတ်ဖျား က ကဗျာဆန်ဆန် ဒဿနဆန် ဆန် စကားတစ်ခွန်း ထွက်လာခဲ့ ဖူးတယ်တဲ့။ ‘‘ခွေးသူတောင်းစား တွေ ငါက မျှစ်နုနုလေးစားချင် တာ မင်းတို့က ဝါးလုံးကြီးလာ ထိုးကျွေးနေကြတယ်’’လို့ ပြောခဲ့ဖူး ကြောင်း စာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးပါရဲ့။

အင်း... အခုလည်း ကုန်ဈေး နှုန်းကြီးမြင့်မှုဒဏ်ကို အခြေခံ ပြည်သူများ ကျောကော့အောင် ခံစားနေရပါရဲ့။ အာဟာရမပြည့် ဝလေတော့ ရောဂါဘယ ထူပြော လို့ ရာဇဝတ်မှုတွေလည်း ပြည့် လို့၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ အ ချုပ်ခန်းတွေမှာလည်း ဝင်လာမစဲ တသဲသဲ စည်ကားလို့နေပါ လေ ရဲ့။ ဈေးပေါလို့ကတော့ ဓာတု ဆိုးဆေးတွေပါလည်း မရှောင် နိုင်။

ကြက်ငှက်တုပ်ကွေးဆိုလည်း မရှောင်နိုင် အရောအနှောဆီလည်း မရှောင်နိုင်။ မနက်ဖြန် အလုပ်လုပ်နိုင်ဖို့ ဒီကနေ့ ဝမ်းမီးကို ငြှိမ်းရမယ်ဆိုပြီး ဖြတ်သန်း လာခဲ့ကြရတာ နှစ်ပေါင်းများစွာ ပါပဲ။ တစ်ခါက ရေးခဲ့ဖူးသလိုပါ ပဲ။ ဆာလောင်နေသူဟာ ထမင်း ထုပ်ကိုပဲ မြင်အောင်ကြည့်တယ်။  သိုးနံ့တွေကို မေ့ထားလိုက်ရတာ မျိုးပေါ့။ ဂန္ထ၀င်ညှပ်ကြီး။

No comments:

Post a Comment