Wednesday, November 23, 2016

မူဆယ် ၁၀၅ မိုင် ဖြစ်စဉ်ကြောင့် နယ်စပ်စခန်းမှ သစ်သီးကုန်စည်ဒိုင်များ တရုတ်နိုင်ငံ ၀မ်တိန်ဒေသသို့ရွှေ့ပြောင်း၍ အရောင်းအ၀ယ်များ ပြုလုပ်နေရ

ရှမ်းပြည် နယ်(မြောက်ပိုင်း)မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန် သွယ်ရေးဇုန်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ် များကြောင့် နယ်စပ်စခန်းမှသစ်သီး ကုန်စည်ဒိုင်များအနေဖြင့် တရုတ် နိုင်ငံ၊ ၀မ်တိန်ဒေသသို့ရွှေ့ပြောင်း ကာ သစ်သီးအရောင်း အ၀ယ်များ ပြုလုပ်လျက်ရှိကြောင်း မူဆယ်အခြေ စိုက်သစ်သီးပွဲရုံများထံမှ သိရသည်။ နိုဝင်ဘာ ၂၀ရက်က စတင်ဖြစ် ပွားခဲ့သော တိုင်းရင်းသားလက်နက် ကိုင်များနှင့် တပ်မတော်အကြား တိုက်ပွဲများကြောင့် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းရှိ သစ်သီး အရောင်းအ၀ယ်များ ရပ်ဆိုင်းခဲ့ရ ပြီး ယခုအခါသစ်သီးဈေးကွက်ပြန် လည်စတင်ရန်အတွက် တရုတ်နိုင်ငံ ၀မ်တိန်ဒေသသို့ ဆန်ကျော့လမ်းမှ တစ်ဆင့်ဝင်ရောက်ကာ အရောင်း အ၀ယ်များ ပြန်လည်ပြုလုပ်နေ ကြောင်း သိရသည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေး ရှိခွာညိုသစ်သီးပွဲရုံမှ ဦးစိုင်းခင်မောင် က ""အခုကတော့ကျွန်တော်တို့ ဆန် ကျော့လမ်းကနေတစ်ဆင့် ၀မ်တိန်ထဲ ကိုကုန်စည်ဒိုင်တွေ ညှိနှိုင်းပြီးတော့ မူဆယ်မှာပိတ်မိနေတဲ့ ဖရဲ၊ သခွား ကားတွေကို တရုတ်ထဲကိုမောင်းပြီး တော့ဝမ်တိန်ကွင်းထဲမှာ
ကျွန်တော် တို့အရောင်းအ၀ယ်တွေ လုပ်နေပါ တယ်။ ဒီဘက်မှာပဲ သုံးရက်၊ လေးရက် လောက်တော့ဆက်ပြီး အရောင်း အ၀ယ်လုပ်ရမယ့် အနေအထားပါ။ မူဆယ်ဈေးကွက်ကလည်း နောက် ငါးရက်၊
ခြောက်ရက်လောက်ဆိုရင် အရောင်းအ၀ယ်တွေ ပုံမှန်တိုင်းပြန်
ဖြစ်လာမယ်လို့တော့ ထင်ပါတယ်။ အခုဝမ်တိန်မှာ ရောင်းတဲ့အခါမှာ လည်း အရောင်းအ၀ယ်က ပျက် မသွားပါဘူး။ အရောင်းအ၀ယ်တွေက
ကောင်းနေပါတယ်။ ဒီနေ့တော့ ကျွန် တော်တို့ ဖရဲသီးကားအစီးရေ ၁၀၀ ကျော်၊ သခွားမွှေးကားအစီးရေ ၃၀ ကျော်လောက်နဲ့ ၀မ်တိန်ထဲကိုဝင် လာတာပါ။
ဒီဘက်ကတရုတ်တွေက လည်း ဖရဲ၊သခွားတွေကိုအငမ်းမရ ၀ယ်နေပြီးသူတို့အတွက် လိုအပ်ချက် ကြီးမားနေတာကြောင့် အရောင်း အ၀ယ်ကကောင်းနေပါတယ်""ဟု နိုဝင်ဘာ ၂၁ ရက်က ပြောသည်။လက်ရှိ ၀မ်တိန်သစ်သီးဈေး ကွက်အတွင်း ဖရဲသီး(အကြားသီး) တစ်တန်လျှင် တရုတ်ငွေယွမ် ၂၅၀၀ မှ ၃၃၀၀ အထိဈေးရနေပြီး၊ ဖရဲသီး (ဂျပ်ဖာသီး)မှာ တစ်တန်လျှင် တရုတ် ငွေယွမ် ၃၀၀၀ မှ ၄၀၀၀ အထိဈေး ရနေကြောင်းသိရသည်။ ဖရဲသီးများ မှာ အရည်အသွေးညံ့ပါက တစ်တန် လျှင် တရုတ်ငွေယွမ် ၂၀၀၀ အောက် သာရရှိကြောင်း သိရသည်။
သခွားမွှေးများမှာလည်း ရွှေ သခွားမှာ တစ်တန်လျှင် တရုတ်ငွေ ယွမ် ၂၀၀၀ မှ ၃၅၀၀ အထိ ဈေးရ နေပြီး၊ ဖရဲသခွားမှာ တစ်တန်လျှင် တရုတ်ငွေယွမ်၂၅၀၀ မှ ၃၅၀၀ အထိ ဈေးနှုန်းအသီးသီးရှိကြောင်း သိရသည်။ ယနေ့တရုတ်ငွေဈေးနှုန်း မှာ တစ်ယွမ်လျှင် မြန်မာငွေ ၁၈၈ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။
မူဆယ်နယ်စပ် ကုန်သွယ်ရေး ရှိအရှေ့တိုင်းသစ်သီးရောင်းဝယ်
ရေးမှဦးတင်ဝေက ""ဒီနေ့ပဲ ကျွန်တော် တို့ဆီက ကုန်စည်ဒိုင်တွေတော်တော် များများ ၀မ်တိန်ဘက်ကိုသွားပြီး တော့ အရောင်းအ၀ယ်လုပ်ကြတယ်။ အဲ့ဒီဘက်မှာလည်း ရောင်းကောင်း နေတယ်လို့ကြားရတယ်""ဟု ဆိုသည်။
ယခုကဲ့သို့ တရုတ်နိုင်ငံအတွင်း သို့ ၀င်ရောက်ကာသစ်သီးအရောင်း အ၀ယ်များပြုလုပ်နေရ သော်လည်း မူဆယ်နယ်စပ်ဒေသတွင် နယ်မြေ တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိပါ က မူဆယ်၁၀၅ မိုင် ဈေးကွက်တွင် အရောင်းအ၀ယ်များမှာ ပုံမှန်အ တိုင်း ပြန်ဖြစ်လာမည်ဖြစ်ကြောင်း မူဆယ်ကုန်စည်ဒိုင် အသိုင်းအ၀ိုင်း က သုံးသပ်ထားကြသည်။မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန် သွယ်ရေးဇုန်၊
သစ်သီးဝလံကုန်စည် ဒိုင်မှဥက္ကဋ္ဌဦးစိုင်းမောင်ညွန့်က ""အခု ၀မ်တိန်ဘက်ကိုသွားပြီးတော့ အ ရောင်းအ၀ယ်လုပ်ကြတယ် ဆိုတာ ကတော့ အရေးပေါ်အခြေအနေ ကြောင့်ပါ၊ နောက်ပြီးတော့သစ်သီး တွေကလည်း ပုပ်သွားနိုင်တာ ကြောင့် အခုလိုမျိုးစီစဉ်လိုက်တာ ပါ။ အခုအချိန်က ဖရဲ၊ သခွားက အရောင်းအ၀ယ်တွေ ကောင်းနေတဲ့ အချိန်မှာအခုလိုမျိုး
ဖြစ်သွားတာ ဆိုတော့ ကျွန်တော်တို့သစ်သီးနဲ့ ပတ်သက်တဲ့သူတွေအားလုံး နစ်နာ ကုန်တာပေါ့""ဟု နိုဝင်ဘာ၂၁ရက် ပြောသည်။
PP, TNO

No comments:

Post a Comment