Friday, November 18, 2016

ပုဂံဘုရားများပြုပြင်မှုကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ကသာ စီမံဆောင်ရွက်သွားမည်ဟု ၀န်ကြီးဌာနမှသတင်းထုတ်ပြန်

ငလျင်ဒဏ် ခံ ပုဂံဘုရားများပြုပြင်ရေးကို ရှေး ဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနကသာ ကြီးကြပ်စီမံ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ နိုဝင် ဘာ ၁၆ ရက်က သတင်းထုတ်ပြန် လိုက်ကြောင်း သိရသည်။
ထီးလိုမင်းလိုဘုရားကို ရွှေပြည် တော်သို့ဆုံမှတ်ပရဟိတအသင်းမှ ပြုပြင်ရန် ဗီနိုင်းတွင်ရေးသား၍ ဆောင်ရွက်နေကြောင်း သိရှိရသည့် အတွက် ယင်းသို့ထုတ်ပြန်လိုက်ခြင်း ဖြစ်ကာ အဆိုပါသတင်းထုတ်ပြန် ချက်တွင် ဂေါပကအဖွဲ့အနေဖြင့် ဘုရားကြီးအား စောင့်ရှောက်ရန်သာ ဖြစ်ပြီး ခွင့်ပြုပိုင်ခွင့်မရှိသည်များကို ခွင့်ပြုထားခြင်းဖြစ်သဖြင့် ဥပဒေနှင့် ညီညွတ်မှုမရှိပါက ဂေါပကအဖွဲ့အား ဥပဒေနှင့်အညီ အရေးယူသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း လည်း ဖော်ပြထားသည်။

လက်ရှိတွင် ထီးလိုမင်းလိုဘုရား ဂေါပကအဖွဲ့သို့လည်း ပြင်းပြင်း ထန်ထန်သတိပေးထားပြီး ဌာန၏ခွင့်ပြုချက်မရရှိဘဲ ထိန်းသိမ်းရေးလုပ် ငန်းများလုပ်ဆောင်ပါက အရေးယူ သွားမည်ဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ညွှန် ကြားရေးမှူး ဦးအောင်အောင်ကျော် က နိုဝင်ဘာ ၁၆ ရက်က ဒီမိုကရေ စီတူဒေးသတင်းစာသို့ ပြောသည်။
""ခွင့်ပြုချက်မရဘဲနဲ့ ထိန်းသိမ်း ရေးလုပ်ငန်းတွေကိုလုပ်ရင်တော့ အရေးယူသွားမှာပဲ။ အခုလက်ရှိ တော့ ပြင်းပြင်းထန်ထန် သတိပေး ထားတယ်။ ပြုပြင်မှုကလုပ်တော့ မလုပ်သေးဘူး။ ဆိုင်းဘုတ်ချိတ်တာပဲ ရှိသေးတယ်။ လုပ်ရင်တော့အရေးယူ မှာ။ ဂေါပကအဖွဲ့ကလည်း ဒီလိုပြုပြင် မယ်ဆိုတာ ဌာနကိုအကြောင်းကြား ထားတာမရှိဘူး။ ဌာနအနေနဲ့လည်း ခွင့်ပြုချက်ပေးထားတာလည်း မရှိ ဘူး။ ဂေါပကအဖွဲ့ကပြုပြင်ခွင့်ကို သူ တို့ပေးလို့မရဘူး။ ဂေါပကတွေလိုက် နာရမယ့် စည်းကမ်းဆိုတာကိုလည်း အကုန်လုံး ပြောထားပြီးသားပါ။ ဗီနိုင်းကြီး (ထီးလိုမင်းလိုဘုရားကြီး ကို ခုနစ်ရက်သားသမီးစုပေါင်း အလှူဖြင့် ဘက်စုံပြန်လည်ပြုပြင်ခြင်း လုပ်ငန်းခွင်စာတန်းပါ ဗီနိုင်း) ကပ် သွားတာတော့ မကောင်းဘူးလေ။ လုပ်ငန်းခွင်ဆိုတော့ အခုပဲလုပ်နေ သလိုမျိုးဖြစ်တာပေါ့""ဟု ဦးအောင် အောင်ကျော်ကဆက်လက်ပြောသည်။
ထီးလိုမင်းလိုဘုရားအား ပြုပြင် ရန်အတွက် ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းမှ အလှူငွေလှူဒါန်းကာ ဂေါပကအဖွဲ့
ဥက္ကဋ္ဌဖြစ်သောယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံ)တွင် ညွှန်ကြားရေးမှူး ချုပ်(ငြိမ်း)အဖြစ်တာဝန်ယူခဲ့သည့် ရှေးဟောင်းသုတေသနပညာရှင် ဦးအောင်ကြိုင်က ၎င်းင်း၏ကြီးကြပ်မှု ဖြင့် ဘုရားများပြုပြင်ရာ
တွင် နိုင်ငံ တော်အတွက် တစ်ထောင့်တစ်နေရာ မှ ပါဝင်ကူညီရန်အတွက် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
""ဒီပရဟိတအသင်းအနေနဲ့က လှူဒါန်းမယ်ဆိုတော့ ဦးအနေနဲ့က ကိုယ်တိုင်လည်း ဘုရားတွေပြုပြင် လာခဲ့သူဆိုတော့ ဦးကိုယ်တိုင် ကြီးကြပ် ပြီးပြုပြင်မယ်ပေါ့နော်။ အဲဒါနဲ့ ငြမ်း ဆင်ပြီးတော့ ဒီကဘုရားတွေပြုပြင် တာမှာ အတွေ့အကြုံရှိတဲ့ အင်ဂျင် နီယာတွေလည်းရှိတယ်။ သူတို့နဲ့ လုပ်မယ်ဆိုပြီးငြမ်းဆင်ခဲ့တယ်။ ပြု ပြင်မှုဘာမှမလုပ်ရသေးပါဘူး။ ရှေး သုကိုကူညီတာပါ။ အခုခွင့်ပြုချက် တောင်းပြီးမှ ပြုပြင်ပါဆိုလို့ ဒီနေ့ (နိုဝင်ဘာ ၁၆ ရက်)တင်လိုက်တယ်။ သူတို့ခွင့်ပြုချက်ရမှပဲပြင်မှာပါ။ ခွင့် ပြုချက်မရရင်မပြင်ပါဘူး။ နိုင်ငံ တော်ကိုကူညီတဲ့အနေနဲ့လုပ်တာပါ"" ဟု ဦးအောင်ကြိုင်က ဆက်လက် ပြောသည်။
ရွှေပြည်တော်သို့ဆုံမှတ်ပရဟိ တအသင်းမှာ ငလျင်ဒဏ်ခံဘုရား များ ပြုပြင်ထိန်းသိမ်းရှင်းလင်းရေး လုပ်ငန်းများတွင် ငွေအားလူ အားနှင့် ပါဝင်ဆောင်ရွက်လျက် ရှိပြီး ထီးလိုမင်းလိုဘုရားပြုပြင် ရန်အတွက်လည်း ငွေလှူဒါန်းလျက် ရှိကာ ငြမ်းဆင်ခြင်း လုပ်ငန်းပြီးစီးချိန် တွင် အသင်း၏အလှူကိုမှတ်တမ်းတင် ဗီနိုင်းချိတ်ဆွဲခဲ့ကာ ထီးလိုမင်းလိုဘုရား ပြုပြင်မှုအတွက်သာသနာရေးဦးစီးဌာန နှင့် ရှေးဟောင်းသုတေသနဦးစီး ဌာနတို့တွင် သွားရောက်တွေ့ဆုံ၍ လှူဒါန်းမှုအတွက် ပြောကြားမှုများ ရှိခဲ့ပြီး ၎င်းင်းတို့အဖွဲ့မှာ ပြုပြင်မှုလုပ် ငန်းများအတွက် ငွေလှူဒါန်းရုံသာ ဖြစ်ကြောင်း ရွှေပြည်တော်သို့ ဆုံ မှတ်ပရဟိတအသင်းမှ အတွင်းရေး မှူး ဦးအောင်ပိုင်မင်းက ပြောသည်။
""ကျွန်တော်တို့က အလှူငွေပုံ ထားတဲ့သဘောပေါ့နော်။ အုတ် တစ်ချပ်ဝင်မထိဘူး။ အခုကပြင်တဲ့ အဆင့် မရောက်သေးဘူး။ အပျက် အစီးတွေချပြီးတော့ ငြမ်းဆင်တာ ပေါ့နော်။ အဲဒီလို ငြမ်းဆင်ပြီးတော့ လှူရပြီဆိုတော့ ကျွန်တော်တို့ အသင်းရဲ့ အသင်းသားတွေကလည်း လာလှူတာရှိတော့ ဓာတ်ပုံလေး ရိုက်ရအောင် ဗီနိုင်းလေးချိတ်တာ ပေါ့ဗျာ။ ဒီလိုဖြစ်လာမယ်ဆိုတာ သိတယ်။ ဒီကိစ္စက စာရွက်စာတမ်း နဲ့ လုပ်ထားတာမဟုတ်ဘူးလေ။ လှူလို့ရပြီ ဆက်သာလုပ်လိုက်တော့ ဆိုပြီး နှုတ်တွေနဲ့ဆွဲထုတ်ထားတာ  ဆိုတော့ မနေ့ကပဲ (နိုဝင်ဘာ ၁၅ ရက်) ဦးအောင်ကြိုင်ကလှမ်းဆက် တယ်။ ပြင်ဆင်ခွင့်တင်ပါလို့ပြော တယ်တဲ့။ ဆိုတော့ ကျွန်တော်တင် တယ်ပေါ့လေ။ ၀န်ကြီးရုံးကို တစ် စောင်၊ ညွှန်ချုပ်ရုံးကို တစ်စောင်တင် တယ်။ တင်ပြီးပြန်လာချိန်မှာပဲဌာန က ကြေညာချက်ထွက်လာခဲ့တယ်}}ဟု ဦးအောင်ပိုင်မင်းကပြောသည်။ထို့ပြင် အဆိုပါသတင်းထုတ် ပြန်ချက်တွင် ယခုကာလအထိပြုပြင် မှုများကို စတင်ဆောင်ရွက်ခြင်းမရှိ သေးကြောင်း၊ အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ ပုဂံရှေးဟောင်းစေတီများပြုပြင်လို ပါက နည်းဥပဒေပါပြဋ္ဌာန်းချက်များ နှင့်အညီ သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ကြိုတင်ခွင့်ပြုချက်တင်ပြပြီးမှသာ ဆောင်ရွက် ရမည်ဖြစ်ကြောင်းနှင့် ထီးလိုမင်းလိုဘုရားကြီးအပါအ၀င်ပထမ ဦးစားပေးနှင့်ဒုတိယဦးစားပေး ဘုရားစုစုပေါင်း၈၉ ဆူတို့အား မည် သည့်အဖွဲ့ကိုမှပြုပြင်ခွင့်ပြုမည်မဟုတ် ဘဲ ဌာနကသာ ကြီးကြပ်စီမံဆောင် ရွက်သွားမည်ဖြစ်ကြောင်းပါဝင်သည်။
MTZ

No comments:

Post a Comment