Thursday, November 24, 2016

မြန်မာ-ထိုင်း နယ်နိမိတ်ပြန်တိုင်းရန် ယခုလကုန် သဘောတူလက်မှတ်ထိုးမည်

 မြန်မာ-ထိုင်း နယ်စပ် နယ်နိမိတ်တိုင်းတာရေး ပြန်လည် စတင်ရန် ယခုလကုန်တွင် နှစ်နိုင်ငံအစိုးရချင်း သဘောတူလက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။ နှစ်နိုင်ငံ အစိုးရချင်း လက်မှတ်ရေးထိုးမည့် သဘောတူညီချက်သည် ၂၀၁၆ ဇွန်လအတွင်း သွားရောက်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ထိုင်းနိုင်ငံခရီးစဉ်မှ ဖြစ်ပေါ်လာခြင်းဖြစ် သည်။ လက်မှတ်ရေးထိုးမှုကို ဒီဇင် ဘာအတွင်း လုပ်ဆောင်ရန် နှစ်နိုင်ငံအစိုးရချင်း သံတမန်လမ်းကြောင်းအရ ဆွေးနွေးနေသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၃ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။



နယ်နိမိတ် တိုင်းတာရေး သဘောတူညီချက်ကို နှစ်ဖက် အစိုးရ ညှိနှိုင်းလက်မှတ်ရေးထိုး ပြီးပါက ကောင်းကင်ဓာတ်ပုံများ ရိုက်ကူးမည်ဖြစ်ပြီး အဆိုပါလုပ် ငန်းစဉ်များ ပြီးဆုံးပါက ကွင်း ဆင်းတိုင်းတာခြင်းနှင့် မှတ်တိုင် စိုက်ထူခြင်းများ ပူးတွဲဆောင်ရွက် မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန က နိုဝင်ဘာ ၂၃ ရက်စွဲဖြင့် သ တင်းထုတ်ပြန်သည်။

ပတ်ချန်မြစ်၏ မြောက်ဘက် ကုန်းနယ်နိမိတ် စုစုပေါင်း မိုင် ၂၀၀ ခန့်ကို ကောင်းကင်ဓာတ်ပုံ ရိုက်ကူးရန်ရှိပြီး အဆိုပါဓာတ်ပုံ ရိုက်ခြင်းကို ယခုနှစ် ဒီဇင်ဘာမှ ၂၀၁၇ ဧပြီအထိ လုပ်ဆောင်မည် လည်း ဖော်ပြထားသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံအ ကြား ကုန်းနယ်နိမိတ် မိုင် ၁,၀၀၀ ကျော်ရှိပြီး ရေနယ်နိမိတ် ၃၀၁ မိုင် ရှိသည်။

 မြစ်ချောင်းနယ်နိမိတ်များ မှာ မဲဆိုင်-မဲဟောက် ၃၆ မိုင်၊ သံလွင် မိုင် ၇၀၊ သောင်ရင်း ၁၄၅မိုင်၊ ပတ်ချန် မိုင် ၅၀ ရှိသည်။

နယ်နိမိတ် တိုင်းတာရေး လုပ်ငန်းများကို နိုင်ငံခြားရေးဝန် ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရေအ ရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြေတိုင်း ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် မည်ဖြစ်သည်။

မြန်မာ-ထိုင်း နယ်နိမိတ် အရှည် မိုင် ၁,၃၀၀ ကျော်ရှိသည့် အနက် တာချီလိတ်-မဲဆိုင်နယ် စပ်ကို တိုင်းတာခဲ့သော်လည်း နယ်မြေလုံခြုံရေးကြောင့် ၁၉၉၃ နောက်ပိုင်းတွင် နှစ်နိုင်ငံအစိုးရ အကြား တိုင်းတာနိုင်ခြင်းမရှိ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

နယ်နိမိတ်တိုင်းတာရန် လို အပ်နေသော ထိုင်း-မြန်မာနယ် စပ်တွင် ယူနက်စကိုဝင်ရန် ကြိုး စားနေသော ထိုင်းနိုင်ငံပိုင် ကန့် ကရာချန်သဘာဝနယ်မြေ ရှိ သည်။

အဆိုပါနယ်မြေကို ယခုနှစ် အောက်တိုဘာတွင် မြန်မာအစိုးရ က ကန့်ကွက်ခဲ့သဖြင့် ယူနက်စကို က ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရန် ယခုနှစ်၌ ငြင်းပယ် ခြင်းခံရသည်။ အိဖြူမွန်

No comments:

Post a Comment