Monday, November 28, 2016

မန်ယူနည်းပြမော်ရင်ဟို ပွဲပယ်ပြစ်ဒဏ် ထပ်မံကျခံရဖွယ်ရှိ

အိုးထရက်ဖို့ဒ်ကွင်းတွင် မန်ယူအသင်းနှင့် ၀က်စ်ဟမ်းအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည့်ပွဲစဉ်၌ မန်ယူနည်းပြ မော်ရင်ဟိုမှာ အရန်ခုံတန်းမှ ပွဲကြည့်စင်သို့သွားရန် ညွှန်ကြားခံခဲ့ရသည့် အတွက် ပွဲပယ်ပြစ်ဒဏ် ထပ်မံကျခံရဖွယ်ရှိနေပြီ ဖြစ်သည်။ ထိုပွဲစဉ်တွင် မော်ရင်ဟိုသည် ကွင်းလယ်ဒိုင်လူကြီးဂျွန်မို့စ်၏ ဆုံးဖြတ်ချက်ကို မကျေနပ်သောကြောင့် ရေဗူးကိုကန်ခဲ့ရာ ဒိုင်လူကြီးက ပွဲကြည့်စင်သို့သွားရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ယခုပွဲတွင် သရေကျခဲ့သောကြောင့် မန်ယူအသင်းမှာ ပရီးမီးယားလိဂ်တွင် ပွဲစဉ် ၁၃ ပွဲ ကစားပြီးချိန်၌ ရမှတ် ၂၀ သာ ရရှိထားပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ ချယ်လ်ဆီးနှင့် ၁၁ မှတ်အထိ ကွာဟသွားပြီ ဖြစ်သည်။ မန်ယူအသင်း၏ ထိုရပ်တည်မှုမှာ ပြီးခဲ့သည့် ၂၇ နှစ်အတွင်း အဆိုးရွားဆုံးရပ်တည်မှု အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။ေ မ်ာရင်ဟိုသည် ပြီးခဲ့သည့်လကမှ ဘန်လေနှင့်ဂိုးမရှိသရေကျခဲ့သည့်ပွဲတွင် ဒိုင်လူကြီး ကလက်တန်ဘတ်၏ ထုတ်ပယ်ခြင်းကို ခံခဲ့ရပြီး တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူ ဖြစ်သည်။ အောင်ငြိမ်းသွေး ရည်ညွှန်း အိတ်ပရက်စ်

No comments:

Post a Comment