Monday, November 21, 2016

ရခိုင်ပြည်နယ် ဒေသခံ မရမာကြီးတိုင်းရင်းသားများ နေရပ်သို့ပြန်ရန် တပ်မတော်စစ်ကြောင်းများက ကူညီဆောင်ရွက်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် လောင်းတုံကျေးရွာအုပ်စု ဖော်ကီတောင်ကျေးရွာနေ ရွှေမောင် (၄၇နှစ်) (ဘ)ဦးအောင်ဇော်၊ မရမာကြီး/ဗုဒ္ဓဘာသာ (ဖော်ကီတောင် စိုက်ပျိုးရေးစခန်းညစောင့်)သည် နိုဝင်ဘာ ၁၃ ရက် ညပိုင်းက ဖော်ကီတောင် စိုက်ပျိုးရေးစခန်းမှ ၄င်းနေထိုင်ရာ ဖော်ကီတောင် မရမာကြီးကျေးရွာသို့ဇနီးဖြစ်သူ ရွှေမေ (၄ဝနှစ်) (ဘ) တူယာနှင့်အတူ သွားရောက်ခဲ့ရာ ဖော်ကီတောင် ကျေးရွာ အနီး ခမ(ဒီယူ- ၃၁၅၃၁ဝ)သို့ရောက်ရှိစဉ် ဟာမိတ်တူဆောင်းပါ ဘင်္ဂါလီရှစ်ဦးတို့က လာရောက်ရပ်တန့်စေပြီး ဟာမိတ်တူဆောင်းက အသင့်ပါလာသည့် ဓားဖြင့်ခုတ်ရာ ရွှေမောင်၏ ဘယ်ဘက်လည်ကုပ်အရှည် သုံးလက်မခွဲ၊ အနက်လက်မဝက်ပြတ်ရှ ဒဏ်ရာတစ်ချက်၊ ဘယ်နားအောက်ပိုင်းပြတ်ရှ ဒဏ်ရာတစ်ချက်(မစိုးရိမ်ရ) ရရှိခဲ့ပြီး ဇနီးဖြစ်သူက ကြိမ်ချောင်းရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့သည်။


အဆိုပါဖြစ်စဉ်ကြောင့် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုကို စိုးရိမ်၍ ဖော်ကီတောင်ကျေးရွာနေ ဒေသခံ မရမာကြီး တိုင်းရင်းသား အိမ်ထောင်စု ၁၇ စု၊ အမျိုးသား ၄၂ ဦး၊ အမျိုးသမီး ၅၄ ဦး စုစုပေါင်း ၉၆ ဦးသည် နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက နေရပ်စွန့်ခွာပြီး ကြိမ်ချောင်းကျေး ရွာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ခေတ္တတိမ်းရှောင်နေထိုင်လျက် ရှိရာ နိုဝင်ဘာ ၁၈ ရက်က ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ခရီးစဉ်အတွင်း ကြိမ်ချောင်းဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိစဉ် အဆိုပါတိုင်းရင်းသား မရမာကြီးလူမျိုးများအား တွေ့ဆုံအားပေးစကားပြောကြားပြီး တိုင်းရင်းသား များ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် လုံခြုံရေးဆိုင်ရာများ ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ လုံခြုံရေးဆိုင်ရာများ ညှိနှိုင်းစီစဉ်ဆောင် ရွက်ပေး မှုကြောင့် အဆိုပါ မရမာကြီးတိုင်းရင်းသားအိမ်ထောင်စု ၁၇ စုသည် နိုဝင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် နေရပ်သို့ ပြန်လည်အခြေချနေ ထိုင်ခဲ့ရာ ဖော်ကီတောင်ကျေးရွာ သို့ ပြောင်းရွှေ့မှုကို တပ်မတော် စစ်ကြောင်းများက တပ်မတော်မော်တော်ယာဉ်များဖြင့် လိုက်ပါကူညီ ပို့ဆောင်ပေးပြီး တစ်အိမ်ထောင်လျှင် ဆန်တစ်အိတ်နှုန်းဖြင့် စုစုပေါင်း ဆန် ၁၇ အိတ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
မြဝတီ

No comments:

Post a Comment