Tuesday, November 29, 2016

မူလနေရာမှာရောင်းခွင့်ပေးဖို့ လသာမှလမ်းဘေးဈေးသည်များ အသနားခံစာတင်

ကမ်းနားလမ်းည​ဈေးမှာ ​နေရာမရရှိခဲ့တဲ့ လသာမြို့နယ်​အတွင်းက လမ်း​ဘေး​ဈေးသည်​များကို မူလ​နေရာမှာသာဆက်​လက်​​ရောင်းချ ခွင့်​​ပေးဖို့ ဈေးသည်များ ကရန်​ကုန်​မြို့​တော်​ဝန်​ ဦး​မောင်​​မောင်းစိုးထံကို ဒီက​နေ့နံနက်​ ၁၂နာရီခွဲခန့်​မှ လာ​ရောက်​ အသနားခံစာတင်​ခဲ့ကြပါတယ်​။" ကျွန်​မတို့ကို ​ရွှေ့မယ့်​ထဲမပါဘူး ဆက်​​ရောင်းလို့ရတယ်​ ။နေရာ မစီစဉ်​ရ​သေး လို့လို့​ပြောခဲ့တာရှင့်​ ၊ အခုကျမှ သစ်​သီးသည်​​တွေဖယ်​ဖို့​ပြောရင်းနဲ့ လာ​မောင်းတယ်​ ​။ နေရာ​မေး​တော့ လမ်းထဲဝင်​ပဲ​ပြော​နေတယ်​၊ ကား​တွေ ဒီ​လောက်​ရပ်​ထားတာ သူတို့စည်​ပင်​ကားပဲ အရင်​ဝင်​ခိုင်းကြည့်​ဦး ။ ကျွန်​မတို့ ​ပြော​တော့လည်း ​ဘောလီ​ဘောပဲ ပုတ်​​နေတယ်၊​ အထမ်း​လေး​တွေနဲ့ လာ​ရောင်းတဲ့သူ​တွေ ကျ​နေရာရတယ်​ အရင်​ကတည်းက ​ရောင်း​နေသူ​တွေကျမရဘူး "လို့လသာမြို့နယ်​၊ လမ်း၂၀ မှာ ​ဈေး​ရောင်းချတဲ့ မကြင်​ကြင်​သိန်း က​ပြောပါတယ်​။ အသနားခံစာကို ရန်​ကုန်​မြို့​တော်​ဝန်​အပြင်​ ရန်​ကုန်​ တိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​ ဦးဖြိုးမင်းသိန်းဆီကိုလည်း ပို့သွားမှာဖြစ်​ပြီးလသာမြို့နယ်​က လမ်း​ဘေး​ဈေးသည်​ ၂၀၀ ​ကျော်အသနားခံစာတင်​ကြတာဖြစ်​တယ်​လို့ သူကဆိုပါတယ်​။ဒီက​နေ့မှာ ရန်​ကုန်​မြို့​တော်​စည်​ပင်​သာယာ​ရေး​ကော်​မတီနဲ့အခြား​သော လမ်း​ဘေး​ဈေးသည်​အဖွဲ့များလည်း ​တွေ့ဆုံ​ဆွေး​နွေး​နေတယ်​လို့ သိရပါတယ်​။ဖြိုးထက်​​အောင်

No comments:

Post a Comment