Thursday, November 17, 2016

အိတ်ပေါက်ဖြင့် ဖားကောက်နေသော ကျူရှင်စနစ်တိုက်ဖျက်ရေး

‘‘ကျူရှင်ပြဿနာ ချုပ်ငြိမ်း ချင်ရင် ဆရာ၊ မိဘ၊ ကျောင်းသား သုံးဦးစလုံး ပူးပေါင်းပြီးဆောင် ရွက်ကြမှ ကျူရှင်စနစ်က ပျောက် မှာ၊ ဆရာတွေကိုပဲ ကျူရှင် မသင် ရဘူး အမိန့်ထုတ်ထားရုံနဲ့ မ အောင်မြင်နိုင်ဘူး’’ဟု ရန်ကုန်တိုင်းေ ဒသကြီးမှ မူလတန်းကျောင်းအုပ် ဆရာမတစ်ဦးက ပြောသည်။ ပညာရေးဝန်ကြီးဌာနသည် ကျူရှင်စနစ်ပပျောက်ရန် နှစ်စဉ် အခြေခံပညာကဏ္ဍတွင် ညွှန် ကြားချက်များထုတ်ပြန်၍ ကြိုး ပမ်းခဲ့သော်လည်း လက်ရှိအချိန် အထိ ကျူရှင်စနစ် ခိုင်မာစွာအမြစ် တွယ်၍ ရှင်သန်လျက် ရှိနေဆဲဖြစ်သည်။ြ မန်မာနိုင်ငံတွင် ပညာရေး ဝန်ထမ်း ဆရာ၊ ဆရာမများ၏ ဘဝရပ်တည်မှုအတွက် လစာမလုံ လောက်ခြင်းနှင့် အလွတ်ကျက်နိုင် မှုကို အသားပေးသည့် သင်ကြား မှု၊ အမှတ်ပေး အကဲဖြတ်စနစ်တို့ ကြောင့် ကျူရှင်စနစ်က ဆက် လက် ရှင်သန်နေဆဲဖြစ်ကြောင်း ပညာရေးအသိုင်းအဝိုင်းက သုံး သပ်ထားသည်။



 မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့ရှိ အခြေခံပညာ မူလ တန်းကျောင်းတွင် ဆရာမ ငါးဦး သည် ကျောင်းသားများအား တစ် လလျှင် ငွေကျပ် သုံးသောင်းမှ ငါးသောင်းအထိ အခကြေးငွေယူ၍ ကျူရှင်ပြသသဖြင့် ကျောင်းသား မိဘများ၏ တိုင်ကြားချက်အရ စစ်ဆေးခဲ့ပြီးနောက် မြို့နှင့် ၁၀ မိုင်ကျော်ဝေးသည့် ကျေးရွာများ သို့ အောက်တိုဘာလကုန်တွင် အပြောင်းအရွှေ့ပြုလုပ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရသည်။

‘‘တိုင်ကြားတော့ စစ်ဆေး ပေါ်ပေါက်တယ်။ ပိုက်ဆံကောက် တာ များတယ်လို့ ပြောတယ်။ အ ပြောင်းအရွှေ့ကလည်း မြို့ပေါ်က ကျောင်းမှာပဲ လုပ်တာပါ’’ဟု  မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်က ပြောသည်။

ကျူရှင် သင်ကြားမှုသည် ကျေးလက်ဒေသများထက် မြို့ ပေါ်တွင် အဖြစ်များလေ့ရှိပြီး ကျူ ရှင်သင်ကြားသည့် ဆရာ၊ ဆရာမ များအား တိုင်ကြားမှုရှိပါက စုံစမ်း စစ်ဆေး၍ အရေးယူမှုများရှိပြီး တိုင်ကြားမှုမရှိသည့် ကိစ္စများ လည်း ရှိနေဆဲဖြစ်ကြောင်း အခြေ ခံပညာဆရာ၊ ဆရာမများက ပြောသည်။

အခြေခံပညာကဏ္ဍတွင် ၁၉၉၀ ပြည့်နှစ်ဝန်းကျင်က စတင် ၍ ကျူရှင်သင်ကြားမှု အားကောင်း လာခဲ့ပြီး ပညာရေးဝန်ကြီးဌာနက သတိပေးအရေးယူခဲ့သကဲ့သို့ ကျု ရှင် မသင်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ကာ ပညာသင်နှစ် အစ တွင် ဆရာ၊ ဆရာမများ ကျူရှင် သင်ကြားမှု မပြုကြောင်း ဝန်ခံ ချက် လက်မှတ်ရေးထိုးခြင်းတို့ နှစ် စဉ်ဆောင်ရွက်ခဲ့သည်။

‘‘နှစ်စကတည်းက ကျူရှင် မသင်ဖို့ ညွှန်ကြားချက် ထုတ်ထား တယ်။ သင်တယ်ဆိုရင် ဌာနဆိုင် ရာ စည်းမျဉ်းစည်းကမ်းအရ အ ရေးယူသွားမယ်’’ဟု အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အခြေခံပညာဆရာ၊ ဆရာမ များအား ကျူရှင်သင်ကြားခြင်း၊ မိမိနေအိမ်တွင် စာသင်ဝိုင်း၊ စာ ကျက်ဝိုင်းများ ပြုလုပ်ခြင်း၊ ည အိပ်ဘော်ဒါများ ဖွင့်လှစ်ခြင်းနှင့် ပြင်ပဘော်ဒါများတွင် ဝင်ရောက် သင်ကြားခြင်း မပြုလုပ်ရန် စသည့် ဝန်ခံချက်များကို ပညာသင်နှစ်အ စတွင် လက်မှတ်ရေးထိုးစေ ကြောင်း အခြေခံပညာဆရာ၊ ဆရာမများက ပြောသည်။

‘‘ကျောင်းတွေကလည်း ကျူ ရှင်မသင်ရဘူးဆိုပြီး နှစ်စဉ်နှစ် တိုင်း စာထုတ်တယ်။ အခုနောက် ပိုင်းမှာလည်း ကျောင်းသားတွေကို စာကျက်ချိန်အတွက် အချိန်ပို တစ်နာရီခွဲခေါ်တယ်။ ကျောင်းမှာ သင်ကြားတဲ့အတိုင်း လိုက်လုပ် မယ်ဆိုရင် ဒီကျောင်းသားစာမေးပွဲအောင်နိုင်ပါတယ်။ ကျူရှင်ပ ပျောက်ဖို့ဆိုတာက မိဘတွေ အ ပေါ်မှာလည်း မူတည်တယ်။ ဆရာမတို့ကတော့ အကုန်သင် ပေးထားတယ်’’ဟု မန္တလေးမြို့မှ အထက်တန်းပြ ဆရာမ တစ်ဦး
က ပြောသည်။

အခြေခံပညာကျောင်းများ၌ အတန်းပိုင်ဆရာထံတွင် မိမိတို့၏ ကလေးငယ်ကို ကျူရှင်ထားပါက ဂရုစိုက်မှု ခံရခြင်း၊ စာမေးပွဲတွင် လွယ်ကူစွာဖြေဆိုနိုင်ခြင်းနှင့် နှစ် ဆုံးပါက အတန်းအောင်မြင်မည် ဟု ယူဆမှုများ ရှိနေ
သောကြောင့် ကျောင်းသားမိဘများသည် အ တန်းပိုင်ဆရာများထံသို့ ချဉ်းကပ် ကြလေ့ရှိသည်။

လက်ရှိ အခြေခံပညာကဏ္ဍ တွင် လစာစနစ်အရ မူလတန်းပြ ဆရာတစ်ဦးသည် အခြေခံလစာ ငွေကျပ် တစ်သိန်းခွဲ၊ အလယ် တန်းပြဆရာတစ်ဦးသည် အခြေခံ လစာ ငွေကျပ်တစ်သိန်း ခြောက် သောင်းခွဲနှင့် အထက်တန်းပြ ဆရာတစ်ဦးသည် အခြေခံလစာ ငွေကျပ် တစ်သိန်း ရှစ်သောင်း ရရှိမည်ဖြစ်ပြီး နှစ်တိုး နှစ်ထောင် ကျပ်ဖြင့် လုပ်သက် ၁၀ နှစ်ပြည့် လျှင် တစ်သောင်းကျပ် တိုးမြှင့်ရရှိ မည်ဖြစ်ကြောင်း အခြေခံပညာဦး စီးဌာနမှ သိရသည်။

 အဆိုပါလစာငွေသည် မိသားစု တစ်စု ရပ်တည်နိုင်ရန် လုံလောက် မှုရှိသည့်ပမာဏ မဟုတ်ပေ။ အ ခြေခံပညာဦးစီးဌာနက သင်ကြား ရေးတွင် တာဝန်ယူရသည့် ဆရာ၊ ဆရာမများကို ဦးစားပေး၍ ပညာ ရေး ဝန်ထမ်းများကို လစာတိုးမြှင့် ရန် စီစဉ်လျက်ရှိသော်လည်း လက်ရှိအချိန်ထိ အကောင်အ ထည် မဖော်နိုင်သေးပေ။ အခြေခံ ပညာကျောင်းများတွင် ကျူရှင် စနစ် ပျံ့နှံ့လာစေသည့် အချက် တစ်ချက်မှာ ကျောင်းတွင်းစစ် အတန်းများတွင် အခန်းဆုံး စစ်ဆေးခြင်းကို ဆရာက စဉ်ဆက်မ ပြတ် အကဲဖြတ်ရခြင်းနှင့် အောင် ချက် ကောင်းမွန်စေရန် ကြိုးပမ်းမှု များကြောင့်ဖြစ်သည်ဟု ပညာရေး အသိုင်းအဝိုင်းမှ ပညာရှင်များက ဆိုသည်။

အများပြည်သူ ရွေးချယ်တင် မြှောက်ထားသည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသစ်သည် မြန်မာနိုင်ငံတွင် အမြစ်တွယ်နေသည့် ကျူရှင်စနစ် ကို ပြောင်းလဲမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က ယခု နှစ် ဇွန်လအတွင်း သွားရောက်ခဲ့ သည့် ထိုင်းနိုင်ငံခရီးစဉ်၌ ပြော ကြားခဲ့သည်။

‘‘အခုခေတ်က ကျူရှင်ဆို တာကြီးကို ထမင်းစားရေသောက် လိုဖြစ်နေပြီ။ တော်တော်ကို ပြောင်းယူရမယ်။ နံပါတ် (၁)က တော့ ကျူရှင်ပေးရတဲ့အကြောင်း ရင်းကတော့ ဆရာ၊ ဆရာမတွေ လစာပြည့်ပြည့်ဝဝမရလို့၊ ဒီကိစ္စကို
ပြောင်းရမယ်’’ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

အစိုးရသစ်လက်ထက်တွင် ပထမအဆင့်အနေဖြင့် ဘဏ်အ ကောင့်များမှ လွှဲထည့်ပေးသည့် စနစ်ကို ကျင့်သုံးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြော ကြားပြီးနောက်တွင် ပညာရေးဝန် ကြီးဌာနသည် ၎င်း၏ ရက် ၁၀၀ စီမံချက်တွင် ဆရာ၊ ဆရာမများ အပါအဝင် ပညာရေးဝန်ထမ်းများ လစာအပြည့်ရရှိရေးနှင့် ဘဏ်မှ တစ်ဆင့် ထုတ်ယူနိုင်ရေး ထည့် သွင်းဆောင်ရွက်ခဲ့သည်။

ထို့နောက် ပညာရေးဝန်ကြီး ဌာနသည် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ အခြေခံပညာ ကျောင်း ၁၇ ကျောင်း၊ ရန်ကုန်နှင့် မန္တလေးရှိ တက္ကသိုလ်ကောလိပ် ငါးခုမှ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ကြီးဌာနရုံးမှ ဝန်ထမ်း များ၏ လစာငွေကို ဘဏ်စာရင်းမှ တစ်ဆင့် ထုတ်ယူနိုင်ရန် ဆောင် ရွက်ခဲ့သည်။

ပညာရေးဝန်ကြီးဌာနသည် လက်ရှိ  ပြောင်းလဲကျင့်သုံးနေ သည့် (KG+12)ပညာရေးစနစ် တွင် စဉ်းစားတွေးခေါ်မှု ကို အဓိ ကသင်ကြားသည့်စနစ်ဖြစ်သော ကြောင့် ကျူရှင်စနစ် အင်အားကြီး ထွားနေမှု လျော့ကျသွားနိုင်ဖွယ် ရှိနေသည်။

သို့သော် ယခုပညာသင်နှစ် တွင် စတင်ကျင့်သုံးသည့် KG တန်းများတွင် ကျောင်းစာသင်ခန်း မလုံလောက်ခြင်း၊ဆရာ-ကျောင်း သားအချိုး မမျှတခြင်းနှင့် သင် ထောက်ကူပစ္စည်း မလုံလောက် ခြင်းတို့ ရင်ဆိုင်ကြုံတွေ့နေရ သည်။

  လာမည့်ပညာသင်နှစ်များ တွင် ထပ်မံပြောင်းလဲလာမည့်အတန်းများအတွက် အလားတူအ ခက်အခဲမျိုး ကြုံတွေ့နိုင်သော ကြောင့် ကျူရှင်စနစ် အားနည်း သွားစေရန် စိန်ခေါ်မှု ကြီးမားနေဆဲဖြစ်သည်ဟု ဝေဖန်မှုများရှိနေသည်။

‘‘ကျုရှင်စနစ် ပျောက်ဖို့ဆိုရင် အောင်ချက်အဓိကထားတဲ့ စာ မေးပွဲစနစ်ကို ပြောင်းပေးရမယ်။ သင်ကြားနည်းစနစ်တွေ ပြောင်း ပေးရမယ်’’ဟု အခြေခံပညာဦးစီး ဌာန ဦးစီးအရာရှိ ဦးငွေတိုးက ပြောသည်။

  အခြေခံပညာကဏ္ဍတွင် ကျူရှင်စနစ်ကို ပပျောက်လိုပါက ဆရာ၊ ဆရာမများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် လစာ တိုးမြှင့်ပေးခြင်း၊ ဆရာ - ကျောင်း သားအချိုး မျှတစေရန် ဆရာ အင်အား ထပ်မံ ဖြည့်တင်း ခန့်ထားခြင်း၊ စာမေးပွဲရမှတ်အပေါ် မူ တည်၍ အကဲဖြတ်သည့်ပညာရေး စနစ်ကို ပြောင်းလဲရန် လိုအပ် ကြောင်း ပညာရေး အသိုင်းအဝိုင်း မှ ပညာရှင်များက အကြံပြုထား သည်။

‘‘နိုင်ငံတော်က ဆင်းရဲနေလို့ မင်းတို့ကို ကျူရှင်စကား သိပ်မ ပြောသေးဘူး။နိုင်ငံတော်က ဆရာ၊ ဆရာမတွေကို အထိုက်အ လျောက် ပံ့ပိုးနိုင်ပြီ၊ ပံ့ပိုးပြီဆိုရင် ကျူရှင်မလုပ်နဲ့တော့လို့ သေသေ ချာချာ ပြတ်ပြတ်သားသားပြောပြီ’’ ဟု ပညာရေးဝန်ကြီးဌာန အကြံ ပေး ပညာရှင်ဦးသန်းဦးက အခြေ ခံပညာ မူလတန်းနှင့် အလယ် တန်းအဆင့် စာမေးပွဲဆိုင်ရာ အ လုပ်ရုံဆွေးနွေးပွဲတွင် ပြောသည်။

(မှတ်ချက်။ ။ယခုဆောင်းပါးမှာနိုဝင်ဘာ ၁၃ ရက်တွင် ကွယ်လွန်ခဲ့သော ကိုဇော်မျိုးလှိုင်၏ နောက်ဆုံးရေးသားခဲ့သော ဆောင်းပါးဖြစ်သည်။) ဇော်မျိုးလှိုင်

No comments:

Post a Comment