Sunday, November 20, 2016

မြန်မာနိုင်ငံ၏ အနောက်တံခါး


တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့မှ အရာရှိများ အပါအဝင် တပ်ဖွဲ့ဝင်များ ကျဆုံးနေဆဲ ဖြစ်သည်။ အောက်တိုဘာလ ၉ ရက်နေ့က အစပြုခဲ့သည့် မောင်တော အကြမ်းဖက် တိုက်ခိုက်မှုများမှာ တစ်လကျော်အကြာ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ သေနတ်သံများ မတိတ်သေး။ လုံခြုံရေး တပ်ဖွဲ့ဝင်များလည်း ကျဆုံးနေဆဲ ဖြစ်သည်။ မောင်တောခရိုင်က ကျေးရွာအချို့၌ ကထိန်လှည့်ရာတွင် လက်နက်ကိုင် လုံခြုံရေးများ လိုက်ပါနေရသည့် အခြေအနေ။ အကြမ်းဖက် ခေါင်းဆောင်များကို မဖမ်းမိသေးပါ။ အကြမ်းဖက်သမားများ လက်ထဲပါသွားသည့် လက်နက်ခဲယမ်း အများအပြားလည်း ပြန်မရသေးပါ။ မြန်မာနိုင်ငံ၏ အနောက်တံခါးဟု တင်စားကြသည့် မောင်တောဒေသ မည်သည့်အချိန်တွင် ငြိမ်းချမ်းနိုင်မည်နည်း ဆိုသည့် မေးခွန်းကိုလည်း အစိုးရက မဖြေနိုင်သေးပါ။

No comments:

Post a Comment