Wednesday, November 23, 2016

အကြိုဗိုလ်လုပွဲတက်ရန် အခွင့်အရေးရှိနေဆဲဖြစ်ကြောင်း မြန်မာနည်းပြချုပ်ပြောကြား

ဆူဇူကီးဖလား ဘောလုံး ပြိုင်ပွဲအုပ်စုအဖွင့်ပွဲတွင် ဗီယက်နမ်အသင်းကို ရှုံးနိမ့်ခဲ့သော်လည်း အကြိုဗိုလ်လုပွဲ တက်ရောက်ရန် အခွင့်အရေး ရှိနေသေးကြောင်း မြန်မာအသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ကပြောသည်။ နိုဝင်ဘာ ၂၀ ရက်က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်သည့် ဆူဇူကီးဖလား အုပ်စု(ခ)အဖွင့်ပွဲတွင် မြန်မာအသင်းသည် ဗီယက်နမ်အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခွင့် မျှော်လင့်ချက်အတွက် လက်ကျန်နှစ်ပွဲ၌ ရလဒ်ကောင်းရန် လိုအပ်နေသည်။ ‘‘ဘယ်နည်းပြမဆို နိုင်ချင် ကြတာချည်းပဲ။ ဒီပွဲမှာ ရှုံးသွားခဲ့ လို့ စိတ်ဓာတ်ကျနေစရာမလိုပါ ဘူး။ နောက်နှစ်ပွဲနိုင်ရင် နောက် တစ်ဆင့် တက်ရောက်မှာဖြစ်ပါ တယ်။ ဒါကြောင့် လက်ကျန်နှစ်ပွဲ အတွက် ခံစစ်နဲ့ တိုက်စစ်ကို အကောင်းဆုံး ပုံစံရရှိအောင် ပြင်ဆင်သွားမယ်’’ဟု ဗီယက်နမ် အသင်းနှင့်ပွဲအပြီးတွင် ဂတ်ဖရိုင်း ဒရစ်က ပြောသည်။



မြန်မာအသင်းသည် အုပ်စု ဒုတိယပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၃ ရက်တွင် ကမ္ဘောဒီးယားအသင်း နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နိုင်ပွဲရရှိ မှသာ အကြိုဗိုလ်လုပွဲ မျှော်လင့် ချက် ဆက်ရှိနိုင်မည်ဖြစ်သည်။ ထို့ အတူ အုပ်စုပထမပွဲတွင် မလေး ရှားအသင်းကို ရှုံးနိမ့်ထားသည့် ကမ္ဘောဒီးယားအသင်းအနေဖြင့် အကြိုဗိုလ်လုပွဲ မျှော်လင့်ချက် အတွက် မြန်မာနှင့်ပွဲစဉ်၌ ရလဒ်ကောင်းရန်  လိုအပ်နေ၍ အကြိတ်အနယ်ပွဲကောင်း ဖြစ်လာဖွယ်ရှိနေ သည်။

ဗီယက်နမ်အသင်းနှင့်ပွဲ ဒုတိ ယပိုင်းတွင် မြန်မာအသင်းအနေ ဖြင့် အခွင့်အရေးများ ဖန်တီးနိုင်ခဲ့ ပြီး တိုက်စစ်မှူးအောင်သူက ချေပ ဂိုးတစ်ဂိုး သွင်းယူခဲ့သော်လည်း နောက်တန်း အမှားမှတစ်ဆင့် ဗီယက်နမ်အသင်း၏ အနိုင်ဂိုး ကို ပြန်လည် ခွင့်ပြုခဲ့ရကာ ရမှတ်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော့် အသင်းက ဗီယက်နမ်နဲ့ပွဲ ပထမပိုင်းမှာ ကစားပုံမကောင်းခဲ့ပေမယ့် ဒုတိယပိုင်း မှာ သိသိသာသာ ကစားပုံတိုး တက်လာတာကို မြင်တွေ့ရမှာပါ။ လာမယ့် ပွဲစဉ်တွေအတွက် ဒုတိ ယပိုင်း ကစားတဲ့ပုံစံအတိုင်း မိနစ်၉၀ လုံး ကစားနိုင်အောင် ပွဲထွက်ကစားသမားစာရင်းကို အပြောင်း အလဲ  ပြုလုပ်ပါမယ်’’ဟု မြန်မာအသင်းနည်းပြချုပ်က ပြောသည်။

မြန်မာနှင့် ကမ္ဘောဒီးယား အသင်းသည် အာဆီယံဆူဇူကီး ပြိုင်ပွဲတစ်လျှောက် ငါးကြိမ်တွေ့ဆုံခဲ့ဖူးပြီး ငါးကြိမ်စလုံး မြန်မာအသင်းက နိုင်ပွဲရရှိထားသည်။ သို့သော် ယခုနှစ် ဆူဇူကီးပြိုင်ပွဲဝင် ကမ္ဘောဒီးယားအသင်းသည် ခြေစွမ်း တိုးတက်လာ၍ မြန်မာအသင်းနိုင်ပွဲရရှိရန် ခက်ခဲနိုင်ကြောင်း မြန်မာဘောလုံး လေ့လာသူများက သုံးသပ်သည်။

ကမ္ဘောဒီးယားအသင်းသည် အုပ်စုအဖွင့်ပွဲတွင် မလေးရှား အသင်းကို အကြိတ်အနယ် ယှဉ် ပြိုင်ကစားကာ ၃-၂ ဂိုးဖြင့် ရှုံးနိမ့် ထားသည်။

အုပ်စု(ခ) ပထမပွဲစဉ်များ အပြီးတွင် နိုင်ပွဲရရှိထားသည့် မလေးရှားနှင့် ဗီယက်နမ်အသင်း တို့က ရမှတ်သုံးမှတ်စီဖြင့် ဦး ဆောင်ထားပြီး မြန်မာနှင့် ကမ္ဘော ဒီးယားအသင်းတို့က ရမှတ်မရရှိ သေးပေ။ ၂၀၁၆ ဆူဇူကီးပြိုင်ပွဲ အုပ်စု(ခ) ဒုတိယပွဲစဉ်များကို နိုဝင်ဘာ ၂၃ ရက်တွင် ကျင်းပမည်ဖြစ် ပြီး ညနေ ၃ နာရီ၌ ဗီယက်နမ်နှင့် မလေးရှား၊ ညနေ ၆ နာရီတွင် မြန်မာနှင့် ကမ္ဘောဒီးယားအသင်း တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ချစ်ဝိုင်း

No comments:

Post a Comment