Sunday, November 20, 2016

ရော်ဘာကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာ ပထမဆုံးအကြိမ်ဆွေးနွေးပွဲ မော်လမြိုင်တွင် ပြုလုပ်


မွန်ပြည်နယ်အတွင်း ရော်ဘာကဏ္ဍပြုပြင်ပြောင်းလဲ ရေး ပထမအကြိမ် ဆွေးနွေးပွဲကို မော်လမြိုင်မြို့ ရာမညဟိုတယ် တွင် နိုဝင်ဘာ ၁၈ ရက်မှစ၍ နှစ် ရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ေ ဆွးနွေးပွဲတွင် အရည်အ သွေးမြှင့်တင်ရေးဆိုင်ရာ ရလဒ် အမြန်ထွက်နိုင်မည့် လုပ်ငန်းစဉ်၊ ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများ၊ စိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများအတွက် အဖွဲ့ အစည်းဆိုင်ရာ စွမ်းအားမြှင့်တင် ပေးခြင်း၊ ဈေးနှုန်းသတ်မှတ်မှု ဆိုင်ရာ သတင်းအချက်အလက် လုပ်ငန်းစဉ်များ၊ ပြည်တွင်းဈေး ကွက် ဝယ်လိုအားနှင့် ချိတ်ဆက် ခြင်း၊ ရော်ဘာအခြေခံစုဖွဲ့မှုများ အားကောင်းလာစေရေး စသည့် အချက်ခြောက်ချက်ကို ဆွေးနွေး မည်ဖြစ်သည်။



‘‘လက်ရှိ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေ ကို ကျော်လွှားဖြေရှင်းနိုင်တဲ့ ရေ တိုစီမံချက်တွေ လက်တွေ့လုပ် ငန်းစဉ်တွေကို ပေါင်းစပ်ညှိနှိုင်း ဖော်ထုတ်ဖို့နဲ့ ရေရှည်ဆောင်ရွက် ရမယ့် ပို့ကုန်မြှင့်တင်ရေးစီမံချက် ဘတ်ဂျက်၊ ဥပဒေနဲ့ စုဖွဲ့မှု ဆိုင်ရာလိုအပ်ချက်တွေကို လေ့လာ သုံးသပ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ’’ဟု မြန်မာ့လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဒေါက်တာ ဇော်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်း ရော် ဘာကဏ္ဍသည် ထုတ်လုပ်မှုနည်း စနစ်အားနည်းခြင်း၊ အရည်အ သွေးနိမ့်သော သန့်စင်မှု၊ ဈေးကွက်မဟာဗျူဟာအားနည်းခြင်း၊ အရည်အသွေး စစ်ဆေးမည့်စနစ် မရှိခြင်း၊ အမျိုးသားအဆင့် စုဖွဲ့ မှုအားနည်းခြင်း အစရှိသည့် အား နည်းချက်များရှိနေသည်ဟု တက် ရောက်သူများက ဆွေးနွေးခဲ့ကြ သည်။

မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့နှင့် Care အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် မွန်ပြည် နယ် ရော်ဘာကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲသို့ မွန်ပြည်နယ် အစိုးရဌာန ဆိုင်ရာများ၊ မွန်ပြည်နယ်ရော်ဘာ လုပ်ငန်းရှင်များအသင်း၊ မွန်ပြည်နယ် ၁၀ မြို့နယ်မှ ရော်ဘာစိုက် ပျိုး ထုတ်လုပ်သူများအသင်းနှင့် ရော်ဘာစိုက်ပျိုးသူများ တက် ရောက်ဆွေးနွေးခဲ့သည်။

မွန်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးရာ အများဆုံးဒေသတစ်ခု ဖြစ်ပြီး အများစုသည် အသေးစား ရော်ဘာစိုက်ပျိုးသူများဖြစ်ကာ ပြည်နယ်တစ်ခုလုံး၏ ၈၀ ရာခိုင် နှုန်းခန့်သည် အသေးစားစိုက်ပျိုး သူများဖြစ်သည်ဟု မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ နိုင်ကျန်ရစ်က ပြောကြားခဲ့ သည်။

မွန်ပြည်နယ်တစ်ခုလုံးတွင် ရော်ဘာစိုက်ပျိုးမြေဧက ငါးသိန်း ခန့်ရှိပြီး ဧကသုံးသိန်းကျော် ရော် ဘာ ထုတ်လုပ်လျက်ရှိကာ ကုန် ချော ထုတ်လုပ်နိုင်သည့် နည်း ပညာပိုင်းဆိုင်ရာနှင့် ရင်းနှီးမြှုပ်နှံ မှုမရှိ၍ ကုန်ကြမ်းအဖြစ် ပြည်ပ သို့ တင်ပို့နေရဆဲဖြစ်သည် သန္တာလှိုင်

No comments:

Post a Comment