Tuesday, November 22, 2016

မူဆယ်​မှာ ညဘက်​ထိတိုက်​ပွဲဖြစ်​​နေဟုဆို

ရှမ်း​မြောက်​ မူဆယ်​မှာ ညဘက်​ထိတိုက်​ပွဲဖြစ်​​နေ​ကြောင်း ​တိုက်​ပွဲကြား​ရောက်​ရှိ​နေတဲ့ မိုးကုတ်​ပရဟိတ အဖွဲ့က ကိုမျိုးက ဒီက​နေ့ည ၁၀ နာရီ​ကျော်​မှာ ​ပေါ်ပြူလာနယူးကိုဆက်​သွယ်​​ပြောကြားပါတယ်​။ ​ "၆နာရီ ​လောက်​မှာမီးငြိမ်းသွားတယ်​။ အဲ့ဒီမှာ RPG တစ်​လုံးအသံကြားတယ်​။ ၀ုန်းကနဲပဲ။ ကျွန်​​တော်​တို့တစ်​လမ်း​ကျော်​မှာရဲစခန်းရှိတယ်​။ RPGသံကြားပြီး ​သေနတ်​သံ​တွေဆက်​တိုက်​ထွက်​လာတယ်​။ ပြီး​တော့ လက်​ပစ်​ဗုံးသံကြားတယ်​။ ပြီး​တော့ ​သေနတ်​သံ​တွေထပ်​ကြားတယ်​။ ဒီ​နေ့ည​နေကပဲ ၁၄၄ အမိန့်​ထုတ်​လိုက်​တယ်​ကြားတယ်​အခု​တော့ တိတ်​​နေတယ်​ ။ မီးလည်းအခုပြန်​လာ​နေပြီ။ ကျွန်​​တော်​တို့​တွေလည်း​ရေချိုးခန်းထဲဝင်​ပုန်း​နေတယ်​။ အပြင်​​တော့မထွက်​ရဲ​သေးဘူး။ နမ်းခမ်းဘက်​မှာလည်း ပစ်​​နေတယ်​လို့ကြားတယ်​။ တိုက်​ပွဲ​တွေက မူဆယ်​မြို့ထိ​ရောက်​လာကြပြီ" လို့ သူက​ပြောတာပါ။

No comments:

Post a Comment