Monday, November 28, 2016

အသက်(၇)နှစ်နှင့် (၄)နှစ်အရွယ်ရှိ မောင်နှမနှစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် အမျိုးသားတစ်ဦးကို ဖမ်းဆီးအမှုဖွင့်

မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ် ဘူတာကြီးအနီးရှိ သံလမ်းဘေးကျူးကျော်တဲတွင် နေထိုင်သည့် အသက်(၇)နှစ်နှင့် (၄)နှစ်အရွယ် မောင်နှမနှစ်ဦးကို အသက်(၄၀)အရွယ် အမျိုးသားက အဓမ္မပြုကျင့်ခဲ့သည်ဆို ကာ ဖမ်းဆီးအမှုဖွင့်ခဲ့သည်။ နိုဝင်ဘာ ၂၇ရက် နံနက် ၁၀ နာရီခန့်က ချမ်းအေးသာစံမြို့နယ် ကဉ္စနမဟီရပ်ကွက် ဘူတာဝင်း အတွင်းရှိ သံလမ်းဘေးကျူးကျော် တဲတွင်နေထိုင်သည့် ကလေးငယ် နှစ်ဦးကို အသက်(၄၀)နှစ်အရွယ် အမျိုးသားက ကလေးငယ်များ၏ ကျူးကျော်တဲအနီး၌ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း ကျူးကျော်တဲတွင် နေထိုင်သူများက ပြောသည်။



‘‘ကျွန်တော်က အိမ်သာ တက်နေတုန်း အသံလည်းကြား တယ်။ ဒါနဲ့ မသင်္ကာလို့ ကြည့် လိုက်မှ သူကကလေးနှစ်ယောက် ကို အဲဒီလိုလုပ်နေတာ။ဒါနဲ့ ဘေး ပတ်ဝန်းကျင်ကို အကြောင်းကြား ပြီး ဖုန်းနဲ့ပါရိုက်ထားတယ်။ များ များစားစားမဖြစ်လို့ ကလေးတွေ ကအော်ငိုသံမကြားရတာ။ သူက အတင်းအဓမ္မပြုကျင့်ဖို့လုပ်နေ တာပါ။ ဘေးပတ်ဝန်းကျင်က လည်း အသိမြန်သွားလို့ပါ’’ဟု မျက်မြင်တွေ့ရှိသူ ဦးထွန်းက ပြောသည်။

ကလေးငယ်နှစ်ဦး၏ ပထွေး နှင့်မိခင်သည် ကြုံရာကျပန်းလုပ် ကိုင်စားသောက်ကြသူများဖြစ် ပြီး မိဘများမရှိသည့်အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း ပတ်ဝန်းကျင်မှ စုံစမ်းသိရသည်။

‘‘ကလေး နှစ်ယောက်က တော့ ပြင်ပဒဏ်ရာတွေတော့မရှိ ဘူး။ ပတ်ဝန်းကျင်ကလည်း သိ လိုက်တဲ့အတွက် အထမမြောက် တဲ့သဘောပေါ့။ ဒါပေမဲ့ ဆေးရုံ ကြီးမှာ ဆေးစစ်ပြီး တရားစွဲဆိုမှု တွေပြုလုပ်သွားမှာပါ’’ဟုကဉ္စနမ ဟီရပ်ကွက် အုပ်ချုပ်ရေးမှူး ဦး အောင်လွင်ချစ်က ပြောသည်။

အဆိုပါကလေးငယ်နှစ်ဦး ကို အဓမ္မပြုကျင့်ခဲ့သည့် အမျိုးသားကို မီးရထားရဲတပ်ဖွဲ့စခန်းတွင် ကလေးသူငယ်များအား အဓမ္မပြုကျင့်မှုအတွက် ပုဒ်မ ၃၇၆ နှင့် ဓမ္မတာထက် ကျော်လွန် ကာမစပ်ယှက်မှု ပုဒ်မ ၃၇၇ တို့ဖြင့်အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေသည်။

သက်ငယ်မုဒိမ်းမှုများလျော့ နည်းပပျောက်ရေးနှင့် မိဘများက ကလေးငယ်များကို ပိုမိုဂရုစိုက် လာစေရန် သက်ငယ်မုဒိမ်းမှုများ လျော့နည်းပပျောက်ရေး လူတိုင်း ပါဝင်ကူညီပေး’’အမည်ဖြင့် ပိုစ တာကမ်ပိန်းကို မန္တလေးမြို့ ၆၂ လမ်းနှင့် လမ်း ၄၀ထောင့်ရှိ မနော ရမ္မံပြည်သူ့ဟစ်တိုင်တွင် နိုဝင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့၌ ပြုလုပ် ခဲ့သည်။ ဖြိုးဖြိုးဇော်

No comments:

Post a Comment