Tuesday, November 22, 2016

မသင်္ကာဖွယ်တစ်ဦးအား ဖမ်းမိစစ်ဆေးရာမှ မိုင်းဖောက်ခွဲသည့်ဖြစ်စဉ်တွင် ၎င်းကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့ကြောင်း ၀န်ခံထွက်ဆို

နိုဝင်ဘာ ၁၂ ရက်တွင် အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့(ကျီးကန်းပြင်)မှ နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား မော်တော်ယာဉ်သုံးစီးဖြင့် ငါးခူရစခန်းသို့ပို့ဆောင်စဉ် နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် မောင်တောမြို့နယ်၊ မောင်နှစ်မ(တောင်)ရွာအ၀င် ဘေလီတံတားအမှတ် (၃၈)သို့အရောက် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများမှ လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ကြောင့် မော်တော်ယာဉ်တစ်စီး၏နောက်ပိုင်း ပျက်စီးခဲ့သည့်သတင်းအား နိုဝင်ဘာလ ၁၃ ရက်ထုတ် မြ၀တီသတင်းစာ၌လည်းကောင်း၊ နိုဝင်ဘာ ၁၂ ရက် ည ၁၁ နာရီခွဲခန့်တွင် မောင်တောမြို့နယ်၊ အောင်မင်္ဂလာ(ရခိုင်) ကျေးရွာအတွင်း မသင်္ကာဖွယ် မာမွတ်ကာစီ (ဘ) မာမွတ်ဒူဆောင်း ရောက်ရှိလာသဖြင့် တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိသည့်သတင်းအား နိုဝင်ဘာလ ၁၆ ရက်ထုတ် မြ၀တီသတင်းစာ၌လည်းကောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

အဆိုပါဖမ်းဆီးရမိ သင်္ကာမကင်း မာမွတ်ကာစီ(ဘ) မာမွတ်ဒူဆောင်းအား ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်သဖြင့် အရေးယူနိုင်ရေး စစ်ဆေးမေးမြန်းစဉ် ထွက်ဆိုချက်များအရ နိုဝင်ဘာ ၁၁ ရက်က မာမွတ်ကာစီနှင့်လေးဦးတို့သည် မောင်နှစ်မ(တောင်)ရွာအ၀င် ဘေလီတံတားအမှတ်(၃၈) အနီးတွင်ကျင်းတူး၍ မိုင်းတစ်လုံးမြှုပ်နှံခဲ့ပြီး သံကြိုးဖြင့်ဆွဲ၍ လယ်ကွင်းပြင်၌ သံကြိုးအားထားခဲ့ကြောင်း၊ နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ၎င်းနှင့် အခြားဘင်္ဂါလီတစ်ဦးတို့သည် မိုင်းဖောက်ခွဲရန် လယ်ကွင်း၌စောင့်ဆိုင်းနေစဉ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကားသုံးစီး ဖြတ်သန်းလာသဖြင့် သံကြိုးအားဆွဲ၍ မိုင်းဖောက်ခွဲခဲ့ပြီး ၎င်းတို့နှစ်ဦးမှာ ကျေးရွာသို့ပြန်လာခဲ့ကြောင်း ၀န်ခံထွက်ဆိုသဖြင့် ဥပဒေကြောင်းအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကွင်း ဆက်တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မြ၀တီ

No comments:

Post a Comment