Monday, November 28, 2016

ရေခဲတင်မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီး သစ်ပင်အား အရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်မှုဖြစ်ပွား

ကျောက်တန်းမြို့ မင်းကျောင်း လမ်းနှင့် လမ်းမတော်လမ်း လမ်းဆုံအနီး ပန်းနံ့သာမြိုင် အလှပြုပြင် ရေးဆိုင်ရှေ့အနီးရှိ သစ်ပင်အား ရေခဲများတင်ဆောင်လာသည့် OKKALA Light Truck အမျိုးအစားအပြာရောင်မော်တော် ယာဉ်က ၀င်ရောက် တိုက်မိကြောင်း သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၇ ရက် နံနက် ၆ နာရီတွင် မင်းကျောင်း လမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်းကိုသက်လွင်ဦး(ခ) ကိုသက်မောင်းနှင်လာသော ရေခဲများတင်ဆောင်လာသည့် OKKALA Light Truck အမျိုးအစားအပြာရောင် မော်တော်ယာဉ်သည် ပန်းနံ့သာမြိုင် အလှပြုပြင်ရေးဆိုင်ရှေ့အနီးရှိ သစ်ပင်အား အရှိန် မထိန်းနိုင်ဘဲ ၀င်တိုက်မိသဖြင့် ကားခေါင်းပိုင်းပိန်ချိုင့်ပျက် စီးသွား သဖြင့် မော်တော်ယာဉ်အား မဆင်မခြင်မောင်နှင်းပြီး ယာဉ်တိုက် မှုကျူးလွန်သူယာဉ်မောင်းကိုသက်လွင်ဦး(ခ)ကိုသက်(၃၉)နှစ် ညောင်ဝိုင်းကျေးရွာ ကျောက်တန်းမြို့နေ ထိုင်သူအား ကျောက်တန်း မြို့မရဲစခန်းမှ ဒုရဲအုပ်ရှိန်းနောင်နောင်က ယာဉ်(ပ) ၃၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ ZO

No comments:

Post a Comment