Wednesday, November 23, 2016

မောင်တောခရိုင်ရှိ ဌာနဆိုင်ရာ ၀န်ထမ်းများအား လစာနှစ်ဆခံစားခွင့်ပေးမည့် အစီအစဉ် ၀န်ထမ်းများ မသိရသေး

မောင်တောခရိုင်အတွင်း တာဝန်ကျနေသော ဌာနဆိုင်ရာ ၀န်ထမ်း များအား ယခုနှစ်ကုန်အထိ လစာ နှစ်ဆ ခံစားခွင့်ပေးမည်ဖြစ် ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသော်လည်း ဝေးလံခေါင် ဖျားဒေသရှိ ၀န်ထမ်းအများစု မသိရှိသေးကြောင်း ကာယကံရှင် ၀န်ထမ်းများက ပြောသည်။  မောင်တောခရိုင်အတွင်း တာဝန်ကျနေသော ဌာနဆိုင်ရာ ၀န်ထမ်းများအား အထူးကိစ္စတစ် ရပ်အနေဖြင့် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာ၊ သုံးလအတွက် လစာနှစ်ဆ ခံစားခွင့်ပေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင် ဘာ ၁၁ ရက်တွင် သတင်းထုတ် ပြန်ခဲ့သည်။ ယင်းသို့ ထုတ်ပြန် ထားခြင်းကို လတ်တလော စစ် ဆင်ရေးနယ်မြေတွင် ရောက်ရှိနေ သော ရဲတပ်ဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာ ၀န်ထမ်းအချို့ မသိရှိသေးကြောင်း ပြောသည်။



‘‘ဒီမှာက အလုပ်က ရှုပ်နေ တာ။ တစ်ခါတလေဆို အခြေ အနေတွေက တော်တော်ရှုပ်ထွေး တော့လေ။ ကိုယ့်အလုပ်ပဲ အာရုံ စိုက်နေရတယ်။ လစာနှစ်ဆပေး မယ်ဆိုတဲ့သတင်း မကြားသေးသ လို အောက်တိုဘာအတွက်လည်း ပုံမှန်လစာပဲ ရထားတယ်။ တကယ်လို့ လစာနှစ်ဆ ရမယ်ဆို ရင် back date နဲ့ ပြန်ပေးမယ် ထင်တယ်’’ဟု မောင်တောဒေသ တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန အ မြဲတမ်းအတွင်းဝန် ဦးမောင်မောင် ၀င်းက မောင်တောခရိုင်မှ ဌာန ဆိုင်ရာ ၀န်ထမ်းများအား လစာ နှစ်ဆ တစ်ပြေးညီပေးမည့် အစီ အစဉ်ကို အောက်တိုဘာအတွင်း က ကျင်းပခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အ မှတ်စဉ် ၁၄/၂၀၁၆ တွင် ဆုံးဖြတ် ခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်မှသာ တရားဝင် ထုတ်ပြန်ခဲ့ခြင်းဖြစ် ကြောင်း ပြောသည်။ အောက်တို ဘာအတွက် ကျန်သော လစာနှုန်းထားကို ၀န်ထမ်းများထံ ထပ်မံပေးအပ်မည်ဖြစ်ကြောင်း ပြော သည်။

လစာအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ရသုံးမှန်း ခြေငွေစာရင်း၌ ပိုလျှံငွေရရှိပါက  ရန်ပုံငွေ လွှဲပြောင်းကျခံသုံးစွဲရန်၊ ပိုလျှံရန်ပုံငွေမရှိပါက သက်ဆိုင် ရာ အထွေထွေရန်ပုံငွေများမှ လွှဲ ပြောင်းကျခံသုံးစွဲရန် ဘဏ္ဍာရေး ၀န်ကြီးဌာနက ညွှန်ကြားထားသည်။

မောင်တောဒေသတွင် ရဲ တပ်ဖွဲ့ဝင် ၂,၅၀၀ ခန့်နှင့် လ၀က ၀န်ထမ်း ၂၅၀ ခန့်ရှိကြောင်း သက်ဆိုင်ရာဌာနများမှ သတင်းရရှိပြီး ဌာနပေါင်းစုံမှ ၀န်ထမ်းအရေအတွက်ကို ရခိုင်ပြည်နယ် အစိုးရထံမေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိပေ။  အောင်သစ်လွင်

No comments:

Post a Comment