Wednesday, November 23, 2016

မြိတ်မြို့မှ မလေးရှားနိုင်ငံသို့ ထွက်ခွာမည့် ကုန်လှေပေါ်တွင် ကျပ်သိန်း ၅၇၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မလေးရှားနိုင်ငံမှ ဒီဇယ်ဆီတန် ၅၀ ကို သွင်းကုန်အဖြစ် တင်သွင်းရန် လျောက်ထားသည့် ခန့်ဟိန်းဇင်အောင်ကုန်လှေမှာ နိုဝင်ဘာ ၁၉ ရက်တွင် မြိတ်မြို့မှ မလေးရှားနိုင်ငံသို့ စတင်ထွက်ခွာသွားကြောင်း၊ အဆိုပါလှေအား စစ်ဆေးရန် စရဖ၏ သတင်းအရ စစ်ရေယာဉ် ၄၀၃ မှ ခေါ်ယူခဲ့သော်လည်း မောင်းနှင်ထွက်ပြေးသွားမှုကြောင့် လိုက်လံဖမ်းဆီးရာ မြိတ်မြို့ မီးပြအနီးရှိ ကလွင်မှော်တွင် ကမ်းပေါ်သို့ ထိုးတက်ကာ လှေသားများ ထွက်ပြေးသွားကြောင်း သိရသည်။ “နိုဝင်ဘာ ၁၉ ရက်မှာ ကျွန်တော်တို့က အဲဒီလှေကို စစ်ဆေးဖို့ ခေါ်ယူခဲ့ပါတယ်။ မီးပြပြီး အချက်ပြခေါ်ယူပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို လှေနဲ့ ၀င်တိုက်ဖို့ကြိုးစားတယ်။ မြို့ပြနဲ့လည်း အရမ်းနီးနေတော့ လက်နက်တွေ ထုတ်သုံးလို့မရဘူး။ မီးပြအလွန်က ကျွန်တော်တို့ စစ်ရေယာဉ်တစ်စီး နောက်ထပ်ရောက်လာတော့ အဲဒီလှေကအရှိန်နဲ့ ကမ်းဘက်ကို မောင်းသွားပြီး ရွံ့နွံ့ပေါ်ကို ထိုးတက်သွားတယ်။ ပါလာတဲ့လှေသားတွေ အားလုံးလည်း ကမ်းပေါ်တက်ပြေးသွားကြတယ်။ အဲဒီနောက်မှာ ကျွန်တော်တို့နဲ့ ရဲတပ်ဖွဲ့ဝင်တွေ လှေပေါ်တက်ပြီး ရှာဖွေရာမှာ စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့ ဘိန်းစာမှုန့် အနည်းငယ်တွေ့တယ်။ ပီပါတွေကို မသင်္ကာလို့ ခွဲကြည့်လိုက်တာ ICE လို့ခေါ်တဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်”ဟု တနင်္သာရီ ရေတပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ကုန်လှေပေါ်တွင် ဘိန်းစာမှုန့် ၃၀ ဂရမ်၊ စိတ်ကြွးဆေးပြား ၇၇ ပြား ဖမ်းဆီးရမိခဲ့ပြီး တန်ဖိုးကြီး မူးယစ်ဆေးဝါးဖြစ်သည် ICE ၁၄၄ ထုပ်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရ

No comments:

Post a Comment