Sunday, November 27, 2016

ဒေးဗစ်ထန်း၏ မှော်ဝင်ဂိုးဖြင့် မြန်မာ ထိုက်တန်စွာ အကြိုဗိုလ်လုပွဲတက် မြန်မာတစ်သင်းလုံး အကောင်းဆုံးခြေစွမ်းပြသနိုင်ပြီး ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ် အကြိုဗိုလ်လုပွဲပြန်တက်

ဆူဇူကီးဖလားဘောလုံး ပြိုင်ပွဲအုပ်စု(ခ)နောက်ဆုံးပွဲတွင် မြန်မာအသင်းက မလေးရှားအ သင်းကို ဒေးဗစ်ထန်း၏ နောက် ကျသွင်းဂိုးဖြင့်အနိုင်ယူကာ အကြို ဗိုလ်လုပွဲအဆင့်သို့ ၁၂နှစ်အတွင်း ပထမဆုံးအကြိမ်တက်ရောက် နိုင်ခဲ့သည်။ ၁၉၉၆ က စတင်ကျင်းပခဲ့ သော ဆူဇူကီးဖလား (ယခင် တိုက် ဂါးဖလား) ပြိုင်ပွဲတစ်လျှောက် ၂၀၀၄ တွင် ပထမဆုံးအကြိမ် အကြိုဗိုလ်လုပွဲသို့ တက်ရောက် နိုင်ခဲ့ပြီး ယခု ဒုတိယအကြိမ်အဖြစ် အကြိုဗိုလ်လုပွဲသို့ တက်ရောက် နိုင်ခြင်းဖြစ်သည်။ နိုဝင်ဘာ ၂၆ရက်က ရန် ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် သည့်ပွဲတွင် နောက်ဆုံးငါးကြိမ် ဆက်အသာမရခဲ့သော မလေး ရှားအသင်းကို မြန်မာအသင်းက ကစားကွက်အသာဖြင့် ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန်အများစုကို မြန်မာ အသင်းက စိုးမိုးထားနိုင်ခဲ့ကာဂိုး သွင်းခွင့်အမြောက်အမြားလည်း ရရှိခဲ့သည်။ မြန်မာအသင်းက ကမ္ဘောဒီး ယားအသင်းကို အနိုင်ရရှိသည့် လူစာရင်းအတိုင်း အပြောင်းအလဲမပြုလုပ်ဘဲ မလေးရှားအသင်းကို ရင်ဆိုင်ခဲ့သည်။


ပထမပိုင်းပွဲချိန် ၁၁ မိနစ် တွင် ဂိုးဧရိယာအတွင်း အောင်သူ ကို မလေးရှားနောက်တန်းကဖျက် ထုတ်ပုံကြမ်းခဲ့ခြင်းကြောင့် မြန် မာအသင်း ပင်နယ်တီရရှိခဲ့သည်။ ယင်းပင်နယ်တီကို အောင်သူကန် သွင်းရာ မလေးရှားဂိုးသမားကာ ကွယ်နိုင်ခဲ့ခြင်းကြောင့် မြန်မာအ သင်းစောစောစီးစီးဦးဆောင်ဂိုးရ မည့်အခွင့်အရေးနစ်နာခဲ့ရသည်။
မြန်မာအသင်းသည် အောင် သူနှင့်မောင်မောင်လွင်တို့၏ တွဲ လုံးမှတစ်ဆင့် ပထမပိုင်း ၄၂မိနစ် တွင် ဂိုးဧရိယာအစပ်၌ ပြစ်ဒဏ် ဘောရရှိပြီး အောင်သူ၏ ဖရီးကစ် မှာ လှပစွာဝေ့၀ိုက်၍ လှုပ်ရှားချိန် မရလိုက်သောဂိုးသမား၏ ဘယ် ဘက် ဂိုးဘားတန်းထိကာ ပြန်ထွက်ခဲ့သည်။ ပထမပိုင်းပွဲချိန်အ တွင်း မြန်မာအသင်းက ဂိုးသွင်း ခွင့်အကြိမ်ကြိမ်ရရှိခဲ့သော်လည်း တိုက်စစ်မှူးများအဆုံးသတ်အား နည်းမှုကြောင့် ဂိုးအဖြစ်သို့ပြောင်းလဲနိုင်ခြင်းမရှိပေ။ သို့သော် အသင်းကစားပုံမှာ အုပ်စုအတွင်းသုံးပွဲ၌ အကောင်းဆုံးခြေစွမ်းကို အရေးကြီးပွဲ၌ ပြသနိုင်ခဲ့သည်။
‘‘ဒီနေ့ပွဲမှာ မြန်မာအသင်းက စားပုံတော်တော်ကောင်းပါတယ်။အထူးသဖြင့် ပထမပိုင်းကစား ကွက်ပေါ့။ဒီနေ့ပွဲမှာ ပင်နယ်တီမ ၀င်တာနဲ့ ဂိုးဘားတန်းထိထွက်ခဲ့ တဲ့ ဘောလုံးတွေကြောင့် ဒီနေ့ပွဲ ကို ကံမကောင်းဘူးလို့ ထင်ခဲ့မိ တယ်။ ဒါပေမဲ့နောက်ဆုံးအချိန် မှာ ဒေးဗစ်ထန်းရဲ့ ဂိုးကြောင့်အ တိုင်းမိဝမ်းသာခဲ့ရပါတယ်’’ဟု မြန်မာအသင်းနည်းပြချုပ်ဂတ်ဖ ရိုင်းဒရစ်ကပြောသည်။
ဒုတိယပိုင်းတွင် နှစ်သင်းစ လုံးအပြန်အလှန်ထိုးဖောက်နိုင်ခဲ့ ပြီး မလေးရှားအသင်းက ပိုမိုဖိက စားနိုင်ကာ ဂိုးပေါက်ခြိမ်းခြောက် မှုများပြုလုပ်နိုင်ခဲ့သော်လည်း မြန် မာအသင်းနောက်တန်းနှင့် ဂိုးသ မားတို့ကာကွယ်နိုင်ခဲ့ခြင်းကြောင့် ဦးဆောင်ဂိုး ခွင့်မပြုခဲ့ရခြင်းဖြစ် သည်။မြန်မာအသင်းသည် အဓိက ကစားသမားဖြစ်သည့် မောင် မောင်လွင်နှင့် မျိုးကိုထွန်းတို့ကို ရဲကိုဦးနှင့် ရန်နိုင်ဦးတို့ဖြင့်ပြောင်း လဲကစားခဲ့ခြင်းကြောင့် မြန်မာအသင်းတိုက်စစ်ကစားပုံအနည်း ငယ်အားပျော့ခဲ့ကာ မလေးရှားအ သင်း၏ ဖိအားပေးမှုကို ခံခဲ့ရ သည်။ သရေကျလျှင်ပင် အကြို ဗိုလ်လုပွဲတက်ပြီး ပွဲပြီးခါနီး၌ မ လေးရှား၏ ဖိအားပေးတိုက်စစ် ဆင်မှုကို သုဝဏ္ဏကွင်းရှိ ပရိသတ် ၃၂,၀၀၀ ကျော်က ရင်တထိတ်ထိတ်ဖြင့် အားပေးခဲ့ရသည်။
ပွဲ၏အဆုံးအဖြတ်အခိုက်အ တန့်မှာ ပွဲချိန် ၈၈ မိနစ်တွင် ရဲကို ဦးနှင့် ဒေးဗစ်ထန်းတို့၏ တွဲလုံးမှတစ်ဆင့် ဒေးဗစ်ထန်းက ပင်နယ်တီဧရိယာထိပ်မှ မလေးရှား နောက်ခံလူနှစ်ဦးကို ကျော်ဖြတ် ကာ ဂိုးသမား၏ ဘယ်ဘက် ထောင့်ထဲကို မြေလှိမ့်ဘောသပ် သပ်ရပ်ရပ်ကန်သွင်းပြီး ပွဲစဉ်၏ တစ်လုံးတည်းသော အဖိုးတန်အ နိုင်ဂိုးကို သွင်းယူခဲ့သည်။
မိနစ်ပိုင်းအတွင်းမှာပင် ဒေး ဗစ်ထန်း၏ လှပသောခေါင်းတိုက် ချက်ကို မလေးရှား ဂိုးသမားက လက်စွမ်းပြကာကွယ်နိုင်၍ ဒုတိ ယဂိုးမရရှိခဲ့ခြင်းဖြစ်သည်။လက် ကျန်ပွဲကစားချိန်တွင် မြန်မာအ သင်းက ရရှိထားသည့်ဦးဆောင် ဂိုးကို ထိန်းသိမ်းနိုင်ခဲ့ခြင်းကြောင့် ပွဲအပြီး၌ မလေးရှားအသင်းကိုအ နိုင်ရရှိကာ ၁၂နှစ်ဆက်အုပ်စုအ ဆင့်မကျော်ဖြတ်နိုင်မှုကို ဒေးဗစ် ထန်းက အဆုံးသတ်နိုင်ခဲ့သည်။
‘‘ကျွန်တော် ဒီနေ့ပွဲမှာဂိုးသွင်း နိုင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ အရမ်းပျော်တယ်ဗျာ။ ဒီအဆင့်က ကျော်ဖြတ်နိုင်ဖို့အတွက် ကျွန် တော်တို့အစွမ်းကုန်ကြိုးစားခဲ့ရ တာ’’ဟု အနိုင်ဂိုးသွင်းရှင်ဒေးဗစ် ထန်းက ပွဲအပြီး၌ပြောသည်။
‘‘ဒုတိယပိုင်း ပြီးခါနီးမှာ တော်တော်လေးစိတ်လှုပ်ရှားမိပါ တယ်။ ချေပဂိုးပြန်ပေးလိုက်ရမှာ ကို စိုးရိမ်နေခဲ့တယ်။ ဒီနေ့ပွဲမှာ အားလုံးကြိုးစားခဲ့လို့ လိုချင်တဲ့အ နိုင်ရလဒ်ကို ရရှိခဲ့တာပါ။ ၂၀၁၃ ဆီးဂိမ်းတုန်းကလိုမျိုး အုပ်စုအ ဆင့်က ထွက်ခဲ့ရတာကို အခုထိ မမေ့နိုင်သေးဘူး။ ဒါကြောင့် ဒီနေ့ ပွဲမှာ ရှုံးခဲ့မယ်ဆိုရင်ဆိုတဲ့စိတ်က ဖိအားဝင်နေတယ်။ ဒါကြောင့်အ နိုင်ရဖို့အတွက် ဂိုးအရမ်းလိုချင် တယ်’’ဟု မြန်မာနောက်ခံလူဇော် မင်းထွန်းကပြောသည်။
မြန်မာနှင့်မလေးရှားအသင်း တို့ပွဲစဉ်ကို ပရိသတ် ၃၂,၀၀၀ ကျော်လာရောက်ကြည့်ရှုခဲ့ပြီး ပရိ သတ်များ စည်းကမ်းရှိစွာ အားပေးခဲ့ကြခြင်းအတွက် ၀မ်းသာမိ ကြောင်း၊မြန်မာအသင်းပရိသတ် များယုံကြည်ချက်ရှိစွာဖြင့် အား ပေးခဲ့ခြင်းကြောင့် နိုင်ပွဲကို ဖော် ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းနည်းပြချုပ်ဂတ်ဖရိုင်းဒရစ်ကပြော သည်။တိုက်ဆိုင်စွာပင် မလေးရှား အသင်းနှင့်ပွဲ၌ တစ်လုံးတည်း သော အနိုင်ဂိုးကိုသွင်းယူခဲ့သည့် ဒေးဗစ်ထန်းမှာ နိုဝင်ဘာ ၂၆ရက် ၌ ကျရောက်သည့် ၎င်း၏ ဒုတိယ မြောက်ရင်သွေး၏ တစ်နှစ်ပြည့် မွေးနေ့ဖြစ်၍ သားအတွက်အဖိုး တန်မွေးနေ့လက်ဆောင်ပေးနိုင်ခဲ့ ခြင်းဖြစ်သည်။
အကြိုဗိုလ်လုပွဲ ပထမအ ကျော့တွင်မြန်မာအသင်းက ထိုင်း အသင်းကို အိမ်ကွင်း၌ လက်ခံယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဒီဇင်ဘာ ၄ ရက်တွင် ယှဉ်ပြိုင်ရမည်ဖြစ် သည်။ ဒုတိယ အကျော့ပွဲစဉ်ကို ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၈ ရက်၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ် သည်။
‘‘ဒီနေ့ပွဲမှာ ကစားသမားတွေ အကောင်းဆုံးကစားနိုင်ခဲ့တယ်။ ပွဲကိုအဆုံးသတ်ဖို့တောင် ပထမ ပိုင်းမှာ အခွင့်အရေးတွေအများ ကြီးရခဲ့တယ်။ အထူးသဖြင့် ဒီနေ့ ပွဲမှာ မျိုးကိုထွန်းရဲ့ ကစားအားက တော်တော်လေးသိသာတယ်။ သူ က နည်းစနစ်ကို ပိုပြီးတော့လိုက် နိုင်တယ်။ ကွင်းလယ်အဖျက်မှာ တကယ် ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ပါ’’ ဟု မြန်မာအသင်းနည်းပြချုပ်ကပြော ကြားသည်။
7Day Daily

No comments:

Post a Comment