Wednesday, November 30, 2016

ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်အမှတ်(၂၁၇/၇)အနီး လမ်းအောက် ရှိ ရေပြွန်အတွင်းမှ ဒေသန္တရလက်လုပ်မိုင်း ၄ လုံး တွေ့ရှိ

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးမှ ကွတ် ခိုင် မြို့နှင့် သိန်းနီမြို့အကြား ကတ္တရာလမ်း အောက်ရှိ ရေပြွန်အတွင်းမှ ယမန်နေ့ နံနက်ပိုင်းတွင် ဒေသန္တရ လက်လုပ်မိုင်း ၄ လုံး တွေ့ရှိသဖြင့် ရှင်းလင်းခဲ့ကြောင်း တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်ရုံးမှ သတင်း ထုတ်ပြန် ထားသည်။ ကွတ်ခိုင်မြို့နှင့် သိန်းနီမြို့အကြား မိုင်တိုင်အမှတ် (၂၁၇/၇)အနီး ကတ္တရာ လမ်းအောက်ရှိ ရေပြွန်အတွင်းမှ အမြင့် ၆ လက်မ၊ အချင်း ၄ လက်မရှိ သံထည်ဖြင့် ပြုလုပ်ထားပြီး ဖြူးစ် ၇ ချောင်းနှင့်တွဲဖက်၍ ၁၂ ဗို့ ဘက်ထရီ ၄ လုံးနှင့် ၀ါယာကြိုး ချိတ်ဆက် ထားသော ဒေသန္တရလက်လုပ်မိုင်း (၄)လုံး အား တပ်မတော်စစ်ကြောင်းက လမ်းလုံခြုံရေး ဆောင်ရွက်စဉ် ယနေ့နံနက် ၁၀ နာရီခန့်က တွေ့ရှိသဖြင့် ရှင်းလင်းခဲ့ ခြင်းဖြစ်သည်။ တပ်မတော် စစ်ကြောင်းသည် လမ်းလုံခြုံရေး တာဝန် ဆက်လက်ဆောင်ရွက် စဉ် နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် မိုင်တိုင်အမှတ်(၂၁၆/၅)၌ TNLA လက်နက် ကိုင်အဖွဲ့ အင်အား ၁၀ ဦးခန့်က မိုင်း၂လုံးခွဲပြီး လက်နက်ငယ်ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ပြန်လည် ပစ်ခတ်မှုကြောင့် ဆုတ်ခွာထွက်ပြေး သွားကြောင်း၊ ဖြစ်စဉ်တွင် စစ်သည်အချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment