Wednesday, November 30, 2016

လူနှင့်သူ၏ သူငယ်ချင်းများ

(တစ်) ဆရာနန္ဒာသိန်းဇံနှင့် နီးနီး ကပ်ကပ်နေခဲ့ရစဉ် ရက်များအ တွင်းက တစ်ရက်တွင် ဆရာက ကျွန်တော့်ကို မေးခွန်းတစ်ခုမေးဖူး ပါသည်။ ဆရာက ထုံးစံအတိုင်း တပည့်ပင်ဖြစ်လင့်ကစား ကျွန် တော် ခင်ဗျားနှင့် ပြောခြင်းဖြစ်ပါ သည်။ ခင်ဗျားမှာ သူငယ်ချင်းရှိ လားဗျဆိုသည့် မေးခွန်းပဲ ဖြစ်ပါ ၏။ ထိုရက်များအတွင်းက ဆရာ့ တွင် မည်သည့်စိတ်ခံစားမှုမျိုးဖြစ် နေသလဲဆိုသည်မသိ။ မေးခွန်းက သိပ်ခက်ခက်ခဲခဲကြီးမဟုတ်သည့်တိုင် ကျွန်တော့် အတွက်ြေ ဖဖို့ မလွယ်သည့် မေးခွန်းကြီးဖြစ်၍ နေပါသည်။
သူငယ်ချင်း.. တဲ့။
မွေးဖွားရာ ရွာကလေးတွင် ရှိခဲ့စဉ်တုန်းက ရွာရိုးကိုးပေါက်၊ ချောင်းကြိုချောင်းကြား၊ လယ် ကန်သင်းရိုးများတစ်လျှောက် ရောက်ရာပေါက်ရာ လျှောက်သွား ခဲ့ကြသည့် သူငယ်ချင်းများ။ မြို့ ကိုရောက်သည့်အခါ အခြေခံ ပညာကျောင်းသားဘဝ တွေ့ခဲ့ကြ ရသည့် သူငယ်ချင်းများ။ တက္က သိုလ်တက်စဉ်က ရင်းနှီးကျွမ်းဝင် ခဲ့ကြရသည့် သူငယ်ချင်းများ။ စာ ပေအနုပညာနယ်ပယ်၌ ရေးကြ၊ ဖတ်ကြ၊ ငြင်းကြ၊ ခုံကြနှင့် အတူ စား၊ အတူသွား သူငယ်ချင်းများ။ သို့ဆိုလျှင်ဖြင့် ကျွန်တော့်တွင် သူ ငယ်ချင်းတွေက အများအပြားပင် ဖြစ်ပါသည်။ လွယ်လွယ်ကလေး။



သို့သော် ဆရာ့မေးခွန်းက အပေါ်ယံရှပ်ကြည့်လျှင် လွယ်လွယ် ကလေးဖြစ်သော်လည်း သည် လောက်အထိ မတိမ်လှပါ။

ကျွန်တော်ပြောတာက ရိုးရိုး သူငယ်ချင်းမဟုတ်ဘူးနော်။ ခင် ဗျားဘဝမှာ ရင်ထဲမှာ ရှိတာတွေ ကို အကုန်လုံးထုတ်ပြောပြလို့ရတဲ့သူ၊ ခင်ဗျားဆိုးတာတွေရော၊ ကောင်းတာတွေရော၊ မှားခဲ့တာ တွေရော၊ မှန်ခဲ့တာတွေရောကို တစ်ခုမကျန် ထုတ်ပြောလို့ရပြီး လုံခြုံစိတ်ချရတဲ့ သူငယ်ချင်းမျိုးကို ပြောတာဟု ဆရာက ဖြည့်စွက်ပါ သည်။ ခင်ဗျားရဲ့ လက်တစ်ဖက် ကို ထောင်လိုက်တဲ့။ လက်ငါး ချောင်းကို ထောင်ထားလိုက်တဲ့။ လက်ကလေးတွေကိုချိုးပြီး စိတ် အေးအေးနဲ့ ဖြည်းဖြည်းကလေး ရေတွက်ကြည့်လိုက်တဲ့။ လက်ငါး ချောင်းပြည့်သလားဆိုတာ ခင် ဗျားနောက်တော့မှ ကျွန်တော့်ကို ပြောတဲ့။

ဆရာနန္ဒာသိန်းဇံက ကျွန် တော့်ကို ထိုသို့ပြောခဲ့လေရာ အေးအေးလူလူရှိသောအခါများ၌ တကယ့်ကိုပဲ လက်ကိုချိုး၍ ရေ တွက်ရန် ကြိုးစားပါသည်။ ဘုရား ဘုရား။ လက်ငါးချောင်းပြည့်ဖို့နေ ပါဦး၊ တစ်ချောင်းလောက်ချိုးဖို့က ပင်လျှင် တော်တော့ကို ခက်ခဲလှ ပါကလား။

တကယ်တော့ တကယ့်သူ ငယ်ချင်းဆိုသည်မှာ ကမ္ဘာပေါ်၌ ရှားတောင့်ရှားပါး အရာဝတ္ထုတစ် မျိုးပဲ ဖြစ်ပါလိမ့်မည်။

(နှစ်)


အရပ်ထဲတွင်လည်း သူငယ် ချင်းမရှိ၊ အတန်းထဲတွင်လည်း သူ ငယ်ချင်းမရှိသည့် ကလေးတို့ကို ကျွန်တော်တို့ တွေ့ဖူးကြပါလိမ့် မည်။

တိုက်ခန်းကျဉ်းကျဉ်းကလေး ထဲတွင်လည်း ဖြစ်နိုင်ပါ၏။ ခြံဝင်း ကျယ်ကြီးများနှင့် ဆိတ်ငြိမ်ရပ် ကွက်ထဲတွင်လည်း ဖြစ်နိုင်ပါ၏။ သူတို့က အနီးအနားရှိ လူတွေနှင့် အဆက်အဆံသိပ်လုပ်စရာမလို သည့်အတွက် သူငယ်ချင်းမရှိ။
ကျောင်းသို့ လာသည့်အခါ ကျောင်း ကားမစီး။ ကိုယ့်ကားနှင့်ကိုယ်လာ ကာ စာသင်ခန်းထဲမှာလည်း အား လုံးနှင့် ခပ်ခွာခွာနေတတ်သူများ ဖြစ်သဖြင့် မုန့်စားဆင်းချိန်တွင် သော်မှ ဆင်းကစားလေ့မရှိ။ ကျောင်းတွင်လည်း သူငယ်ချင်းဟူ ၍ မည်မည်ရရမရှိ။

သို့ဖြင့် သူတို့က တစ်ယောက် တည်းကစားနေလေ့ရှိသူများ ဖြစ် သွားတတ်ပါသည်။ အရုပ်ကလေး တစ်ရုပ်ရုပ်ဖြင့်၊ သို့မဟုတ် ဂိမ်း သွင်းထားသည့် လက်ကိုင်ဖုန်းဖြင့်၊သို့မဟုတ် ကွန်ပျူတာပေါက်စ ကလေးဖြင့်။

နိုင်ငံတကာကလေးဆေးရုံ က ကလေးစိတ်ပညာရှင် ဒေါက် တာရှောက်ကီကဖြင့် ထိုသို့ သူငယ်ချင်းမပါဘဲ တစ်ယောက်တည်း ကစားနေသည့် ကလေးတို့ကို မကြိုက်ပါ။ အော်တစ်ဇင် (Au-tism)ဆိုသည့် အထီးကျန် စိတ် ဝေဒနာကို ခံစားရစေသည်ဟု ဆို ပါသည်။ ထိုဝေဒနာက ကလေး တစ်ယောက်၏ ဉာဏ်ရည်ကို ထုံ ထိုင်းဆွံ့အသွားစေသည်ဟု ဆိုပါ သည်။

ငယ်ငယ်က သူငယ်ချင်းမရှိ ဘဲ တစ်ယောက်တည်း ကြီးပြင်း လာကြရသူများကို မကြိုက်သည့် ပညာရှင်တစ်ယောက်ရှိပါသေး သည်။ သူ့အမည်က ဝီလျံဘူကော စကီးဖြစ်ပါသည်။ သူက မွန်ထရီ ရယ်မြို့ရှိ ကွန်ကော် ဒီယာ
တက္က သိုလ်တွင် သုတေသနတာဝန်များ ကို ထမ်းဆောင်နေသူဖြစ်ပါသည်။ သူက ငယ်စဉ်အခါ သူငယ်ချင်း  မရှိဘဲ၊ သူငယ်များနှင့် အဆက်အ ဆံမရှိဘဲ ကြီးပြင်းလာကြသူများ သည် နောင်အခါ စိတ်ကျရောဂါ (Depression)
ဝင်လာတတ်ကြ သည်ဟု ဆိုပါသည်။

လောက၌ သူငယ်ချင်းမရှိ ခြင်း၊ သူငယ်ချင်းမထားခြင်း၊ သူ ငယ်ချင်းကောင်းများနှင့် မတွေ့ ခြင်းတို့သည် လူ့ဘဝ၏ ကြေကွဲ ဖွယ်ရာ ဇာတ်ဝင်ခန်းပင်ဖြစ်ပါ သည်။

(သုံး)


ယခုအခါ လူမှုကွန်ရက် (Social Networking)၌ Face-book ဟူ၍ ရှိပါသည်။ ၂၀၁၄ ခုနှစ်ကတည်းက စခဲ့သည့် ကွန်ရက်ပဲ ဖြစ်ပါ၏။ ထိုကွန်ရက်ထဲ၌ လူတို့ တစ်ဦးနှင့်တစ်ဦး Friend လုပ် သည်ကို အများအသိပင်ဖြစ်ပါ သည်။ သူငယ်ချင်းလုပ်ကြသည် ဟုပဲ ဆိုကြပါစို့။

Facebook Friends တဲ့။ Facebook Friend Request တဲ့။ Facebook Friend Request Block တဲ့။ Facebook Friend Close တဲ့။

Facebook ပေါ်၌ သူငယ် ချင်းအဖြစ် တောင်းဆိုသည်။ သူ ငယ်ချင်းအဖြစ် လက်ခံသည်။ သူ ငယ်ချင်းအဖြစ် ငြင်းဆန်သည်။ သူငယ်ချင်းဖြစ်ပြီးတော့မှ ပိတ်ဆို့ သည်။ Facebook သုံးသူများကြား ၌ သူနဲ့ ငါနဲ့က Friend
ဖြစ်နေပြီ ဟူသည့်အသံ၊ သူက ငါ့ကို လက်မခံ ဘူးဟူသည့်အသံ၊ သူက ငါ့ကို Block လိုက်ပြီဆိုသည့်အသံတို့ ကြားရလေ့ရှိပါသည်။

လူငယ်တစ်ယောက်ကို ကျွန် တော်က Friend လုပ်ဖို့ ကမ်းလှမ်း လာတာနဲ့ သူငယ်ချင်းအဖြစ် လက်ခံလိုက်တာပဲလားဟု မေးဖူးပါ သည်။ သူက ခါးခါးသီးသီးငြင်းပါ သည်။ Profile ကိုကြည့်ရတာပေါ့ ဗျာတဲ့။

  ဓာတ်ပုံကို အကဲခတ်တဲ့။ သူတင်ထားတဲ့ အချက်အလက် တွေကို အကဲခတ်တဲ့။ ပြီးတော့မှ သူငယ်ချင်းလုပ်သင့်၊ မလုပ်သင့် စဉ်းစားရတာပေါ့တဲ့။ သူငယ်ချင်း ဖြစ်ပြီးမှ သိပ်မဟန်ဘူးဆိုရင် လည်း သားက Block ပြန်လုပ်ပစ် လိုက်တာပေါ့တဲ့။ လွယ်လိုက် တာ။

(လေး)


ငယ်ပေါင်းကြီးဖော် သူငယ် ချင်းအရင်းကြီးကပင်လျှင် ကိုယ့် ကို နောက်ကျောဓားနှင့်ထိုးတတ် သော လောက၊ အသက်ပေးခဲ့သူ အချင်းချင်းကပင်လျှင် ကိုယ့်ကို နင်းတက်သွားတတ်သော လော က၊ အတူအိပ်၊ အတူစားသူငယ် ချင်းများကပင်လျှင် ကိုယ့်ကို စွန့် ခွာ ချန်ထားရစ်ခဲ့တတ်ကြသော လောက၌ Facebook ပေါ်၌ ရှာ တွေ့သော သူငယ်ချင်းတို့ကို ကျွန် တော်တို့ မည်မျှအထိယုံ၍ မည်မျှ အထိ ပုံကြရပါ့။ မည်မျှအထိရောကာ မည်မျှအထိ နှော ကြရပါ့။

ဆရာနန္ဒာသိန်းဇံပြောသကဲ့ သို့ တကယ့်သူငယ်ချင်းများထဲ၌ ပင်လျှင် လက်ငါးချောင်းပြည့် အောင်ချိုးဖို့ ခက်နေသည့် သူငယ် ချင်း ရှာပုံတော်လောကကြီးထဲ တွင် ယခုခေတ်လူသားတို့ Face-book ပေါ်တက်ကာ သူငယ်ချင်း ရှာရသည်မှာ ပါးရည်နပ်ရည်ရှိဖို့ တော်တော့ကို လိုပါလိမ့်မည်။

ဩော်.. လူတွေလူတွေ။ သူ ငယ်ချင်းရှာရတာကလည်း သား ကောင်ရှာရသလို အန္တရာယ်များ လိုက်တာ။  မောင်သာချို

No comments:

Post a Comment